သားရဲခေတ်၏အရှင်သခင် Chapter(50)

489 54 0
                                    

လီတျန်းမင်၏ပြောင်းပြန်အကြေးခွံ!

“တပည့်လီတျန်းမင်က ခန်းမကြီးကြပ်ရေးမှူးကို နှုတ်ဆက်ပါတယ်။" လီတျန်းမင်သည် ထိုလူအားမှတ်မိသွားသောကြောင့်အလျင်အမြန် ဦးညွတ်လိုက်သည်။ ဤလူသည် ခန်းမကြီးငါးခု၏ကြီးကြပ်ရေးမှူးများထဲမှ ဖီးနစ်ခန်းမ၏ကြီးရေးမှူး ဝေ့ဇီခွန်းပင်ဖြစ်လေ၏။

ကျောင်းတော်၌ ကောင်းကင်သားရဲတွင်းမှအကြီးအကဲများနှင့်ပုဂ္ဂိုလ်အများကသာ ခန်းမကြီးကြပ်သူငါးဦးထက် ရာထူးပိုမြင့်ကြသည်။ ဖီးနစ်ခန်းမအား အမိန့်ပေးနိုင်ရန်အတွက် ဝေ့ဇီခွန်းသည် ငယ်ရွယ်၍ အလားအလာရှိရမည်ဖြစ်လေ၏။ ဝေ့ဇီခွန်းသည် လီရန်ဖန်းထက် အနည်းငယ်ငယ်သော်လည်း ဟင်္သါပြဒါးနိုင်ငံ၌ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

လီတျန်းမင်သည် လွန်ခဲ့သည့်နှစ်များက ကျောင်းတော်၌ ပညာသင်ကြားခဲ့ဖူးသော်လည်း ဤကြီးကြပ်ရေးမှူးအားမမြင်ဖူးခဲ့ချေ။ ယနေ့၌ အဘယ်ကြောင့် ဤနေရာသို့ရောက်လာရသနည်း။

ထုံးစံအတိုင်းပင် ထိုသို့ရောက်လာသည်မှာ သူ့အတွက်မဟုတ်ချေ။ ကြီးကြပ်ရေးမှူးက လီတျန်းမင်အားစိုက်ကြည့်နေကာ"မုဝမ်.. ဒါက မင်းရဲ့တပည့်သစ်လား"

“ဟုတ်ပါတယ် ခန်းမကြီးကြပ်ရေးမှူး"  မုဝမ်၏ စကားများသည် လေးစားသမူရှိ၍ လေးနက်နေမှာ သူမ၏သာမာန် ပင်ကိုယ်စရိုက်နှင့်ဝေးကွာလှသည်။

“အဆင့်တိုက်ပွဲတွေက သုံးရက်အတွင်းစလိမ့်မယ်။ မင်းက အသက်ကြီးနေပေမယ့် မင်းရဲ့ခွန်အားကမဆိုးဘူး။ အဆင့်တိုက်ပွဲမှာ အဆင့်ကောင်းကောင်းကိုယူပြီး ဖီးနစ်ခန်းမရဲ့ဂုဏ်ကျတ်သရေကိုဆောင်လိုက်ပါ။ အဲ့သလိုသာဆို သူတို့ကမင်းအသက်ကြီးနေလည်းဂရုစိုက်မှာမဟုတ်ဘူး"

ဝင်ခွင့်စာမေးပွဲသည် ပါဝင်သူ၏ အသက်အား ထည့်သွင်းစဉ်းစား၍ သင့်လျော်သော အမှတ်များကို နုတ်ယူမည်ဖြစ်သည်။

သို့သော် အဆင့်တန်းတိုက်ပွဲသည် စံပြုစနစ်တစ်ခုပင်ဖြစ်လေသည်။ ထို့အပြင် အလုပ်သင်သင်တန်း၌ အသက်အရွယ်ကွာခြားချက်များစွာရှိသောကြောင့် အသက်အရွယ်အား ထည့်သွင်းစဉ်းစားခြင်းမပြုချေ။ ထို့ကြောင့် လီတျန်းမင်၏အသက်အရွယ်သည် အားသာချက်ဖြစ်၍ အားနည်းချက်မဟုတ်ချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Nơi câu chuyện tồn tại. Hãy khám phá bây giờ