Chapter(142)

281 34 0
                                    

ပျင်းတယ်!

လက်ထောက်စစ်ဆေးရေးမှူးများသည် လျှပ်စီးအိမ်တော်မှလူများနှင့် ရွယ်လင်မျိုးနွယ်စုတို့အားခေါ်ဆောင်သွားသောအခါ တင်းမာမှုများနှင့် ပြည့်နှက်နေသော လေထုသည် ပြေလျော့သွားခဲ့သည်။  တစ်ချိန်တည်းမှာပင် ရှေးဟောင်းစစ်မြေပြင်၌ ပါဝင်ခဲ့သည့် လူငယ်များအားလုံးသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာမိသားစုများထံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ကျန်းဖေးလင်ကမူ လီတျန်းမင်၏ခန္ဓာကိုယ်အတွင်း၌ အချိန်အတော်ကြာနေခဲ့ရသောကြောင့်မွန်းကြပ်နေကာ စစ်ဆေးရေးမှူးများထွက်သွားသည်နှင့် လီတျန်းမင်၏ခန္ဓာကိုယ်ထဲမှထွက်လာလေ၏။

ထိုကဲ့သို့ ပြီးပြည့်စုံသောမိန်းကလေးသည် လီတျန်းမင်၏အရှေ့၌ ထွက်ပေါ်လာသောအခါ လီတျန်းမင်သည် သူမ၏ ချစ်စဖွယ် ချစ်စရာကောင်းသော အသွင်အပြင်အားငေးကြည့်နေမိ၏။ သူမအားမတွေ့ရသည်မှာ ရက်အတော်ကြာပြီဖြစ်သော်လည်း သူမ၏တက်ကြွနေသည့်ပုံစံမှာမပျောက်သေးချေ။

ထို့နောက် လီတျန်းမင်၏ အကြည့်သည် အောက်ဘက်သို့ရွေ့သွားကာ သူမ၏ ကောင်းကင်ပုံစံအစီအရင်များသည် အနည်းငယ် ကြီးထွားလာပုံပေါ်သည်အား သတိပြုမိသွားခဲ့သည်။

"နင်ကဘယ်ကိုကြည့်နေတာလဲ...တောသားရဲ့" တစ်စုံတစ်ယောက်သည် နှာဘူးထနေလေသောကြောင့် ကျန်းချင်လွမ်သည် လီတျန်းမင်၏နားရွက်အား ကိုက်လိုက်လေ၏။

"နင်ဘာကိုပြောနေတာလဲ။ အပြစ်မရှိတဲ့သူကိုမစွပ်စွဲရဘူးလေ။ ငါပြောတာကိုနားထောင်။ နင်ကဒဏ်ရာရနေတာ။ အဲ့ဒီဒဏ်ရာကို ကုသဖို့ အိမ်ပြန်သင့်တယ်ကွ"  ဟု လီတျန်းမင်က လေးနက်စွာပြောလိုက်၏။

သူတို့စကားပြောနေစဉ်တွင် ဟင်္သါပြဒါးဘုရင်သည် လမ်းလျှောက်လာကာ သူ၏မျက်နှာမှာလည်းရှုံ့မဲ့နေလေ၏။ သို့သော်လည်း ဤသည်မှာ လီတျန်းမင်ကြောင့်မဟုတ်ချေ။ စစ်ဆေးရေးမှူးများသည် သူ၏ဖိတ်ကြားချက်အား လျစ်လျူရှုသွားကာ သူ၏လက်အောက်မှလူ၏အိမ်သို့သာသွားလေ၏။ ဤသတင်းသာ ပျံ့နှံ့သွားလျှင် သူ၏ဂုဏ်သိက္ခာမှာ အကြီးအကျယ်ထိခိုက်ပေမည်။

သားရဲခေတ်၏အရှင်သခင် Vol.1حيث تعيش القصص. اكتشف الآن