သားရဲခေတ်၏အရှင်သခင် Chapter(29) B

484 54 0
                                    

" ငါအရှုံးပေးတယ် " ကျန်းယိလင်အနေဖြင့် သူမနှင့်အဆင့်တူပြိုင်ဘက်နှစ်ယောက်ပြီးလျှင် သူမအလှည့်ရောက်လာမည်အား ပါးနပ်စွာသိနေသည်။ ထို့ကြောင့် သူမသည်မျက်နှာအပျက်ခံကာအရှုံးပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူမသည် ခေါင်းမိုးပေါ်သို့​ဆင်းကာ ဖြူလျော့နေသည့်မျက်နှာနှင့်သူမ၏ဖခင်လက်အတွင်း၌ပွေ့ခံထားရင်း တုန်ယီသွားသည်။
    
သုံးထပ်ဆောင်တွင် မိခင်များ၏ လက်ထဲမှညဥ်းညူနေသော ပါရမီရှင်များမှလွဲ၍ အကုန်လုံးကတိတ်ဆိတ်သွားသည်။
   
လီဇီဖန်းနှင့်လီရွှယ်ကျောင်းတို့ကမူ ချောင်တစ်ခုတွင်ကပ်နေရင်း ကြောင်အနေသည်။ လီရွှယ်ကျောင်းသည် သူမ၏ နှုတ်ခမ်းဖြင့်စုပ်သောက်ရန် လက်ဘက်ရည်ခွက်အား တုန်တုန်ရီရီယူနေစဥ်မျက်နှာကြက်မှ အုပ်ကြွပ်တစ်ချက်က သူမ၏ခေါင်းပေါ်ပြုတ်ကျလာသည်။  
    
" ရှက်စရာပဲ " လီဇီဖန်းက လှောင်ရယ်သည်။
    
" နင်ကပိုကောင်းနေလို့လား။ မှန်ထဲပြန်ကြည့်စမ်း။ နင့်ရဲ့သောက်ခွက်က ဘယ်လောက်တောင် ဖြူဖပ်ဖြူလျော်ဖြစ်နေလဲဆိုတာ " 
    
" သူဒီလောက်သန်မာမယ်လို့ ငါဘယ်ထင်မလဲ။ အဖေပြောတဲ့ သားရဲသွေးကြောအဆင့်မှာ သူတစ်သက်လုံးနေရမယ်ဆိုတာမှန်မယ်ထင်လား " လီတျန်းမင်၏ စွမ်းဆောင်မှုအားမြင်သောအခါ ထိုစကားများအား သံသယဝင်နေပြီဖြစ်သည်။
    
လျှပ်စီးအိမ်တော်မှပုဂ္ဂိုလ်များ၏ မျက်နှာမှာ ဖြူဖတ််ဖြူလျော်ဖြစ်သွားကြသည်။ သူတို့သည် လီတျန်းမင်ထံမှ နတ်သုဒ္ဒါအားလုယူရသည်မှာ ကလေးလက်မှ သကြားလုံးလုရသလောက်ဟုသာတွက်ထားပြီး အဓိကပွဲစဥ်ကမူ အချင်းချင်းတိုက်ပွဲများဟုသာ ထင်ခဲ့ကြသည်။
   
လက်တွေ့ကမူ သူတို့၏မျက်နှာများ ဖြတ်ရိုက်ခံရသလိုဖြစ်စေခဲ့သည်။ လီတျန်းမင်က တစ်ကိုယ်ထဲခုနှစ်ယောက်အား တိုက်ခိုက်ခဲ့သည်။ ထိုအထဲမှ လေးယောက်မှာ အပြတ်အသတ်ရှုံးနိမ့်ခဲ့၍ နှစ်ယောက်က အရှုံးပေးခဲ့ကာ လျူချင်းယန်တစ်ယောက်သာ ကျန်ခဲ့သည်။
    
" အကိုဖန်း...ဘာတွေဖြစ်သွားတာလဲ " လျူချင်းသည်ဇေဝဇဝါဖြစ်သွားသည်။ သူမသည် မီးတောက်ကောင်းကင်မြို့၌အောင်မြင်မည်ဟုယူဆသော အစီအစဥ်တစ်ခုနှင့်ရောက်လာခဲ့သော်လည်း ဘာမဟုတ်သည့်ဟာလေးက သူမ၏ အစီအစဥ်များအား တစ်ခါပြီးတစ်ခါ ဖျက်ဆီးခဲ့သည်။ ယခုတော့ သူမသည်လျူချင်းယန်အတွက် စိုးရိမ်နေရပြီဖြစ်သည်။ 
     
" စိတ်အေးအေးထားစမ်းပါ။ လီတျန်းမင်ကအသက်ပိုကြီးပြီး ဝိညာဥ်အရင်းအမြစ်အဆင့်ကိုရောက်ခဲ့တယ်လေ။ သူက တိုက်ပွဲအတွေ့အကြုံပိုများသလို တိုက်ခိုက်ရေးနည်းစနစ်လည်း နည်းနည်းရှိတယ်။ ဒီတော့ နောက်ဆုံးအချိန်ထိ ရပ်နေနိုင်တာမဆန်းပါဘူး။ ဒါပေမယ့် လျူချင်းယန်ကို ယုံစမ်းပါ။ သူကအစစ်အမှန်သားရဲသွေးကြောအဆင့်ကိုးလေ။ လီတျန်းမင်ကတော့ ဘယ်တော့မှ ပြန်ရလာမှာမဟုတ်တဲ့ သူ့ရဲ့ခွန်အားအချို့ကိုသုံးနေတဲ့ဟာကို " ဟု လီရန်ဖန်းက တည်ငြိမ်စွာပြောလိုက်သည်။
    
" စိတ်အေးစမ်းပါကွာ။ ချင်းယန်လည်း ကြိုးစားနေတာပဲ။ ဒီတိုက်ပွဲက သူ့ရဲ့ရေရှည်ကြီးထွားမှုအတွက်လည်းအရေးပါတယ်။ ဒီလိုအခက်အခဲကိုဖြတ်ကျော်ပြီး နတ်သုဒ္ဒါကိုရတာက သူ့ရဲ့အလားအလာကို အကန့်အသတ်မဲ့စေလိမ့်မယ် " လီရန်ဖန်းကဆက်ပြောလိုက်သည်။ သို့သော်လည်း သူသည် လျူချင်းစိတ်ပူနေသည်အမတားဆီးနိုင်​ချေ။
   
ခေါင်းမိုးပေါ်တွင်တော့ လူထောင်ချီ၏ အကြည့်အောက်၌ လီတျန်းမင်က လျူချင်းယန်အားရင်ဆိုင်နေသည်။ ဤတိုက်ပွဲသည်သူလိုချင်သည့်တိုက်ပွဲဖြစ်သည်။ သူသည်ယခု၌ မီးတောက်ကောင်းကင်မြို့တစ်ဝက်၏ပါးစပ်ဖျားတွင် ရေပန်းစားနေပြီဖြစ်သည်။ လျူချင်းယန်အား တစ်လချိန်းဆိုလိုက်ချင်းက မျက်နှာရရန်မဟုတ်ကြောင်းပြသလိုက်ပြီဖြစ်သည်။ သူ၏ လုပ်ရပ်ကအားလုံးကို ပါးစပ်ပိတ်သွားစေလိမ့်မည်ဖြစ်သည်။
   
သို့သော်လည်း လီတျန်းမင်၏ ကိစ္စများက မပြီးပြတ်သေးပေ။ လျှပ်စီးအိမ်တော်မှ ပါရမီရှင်ခုနှစ်ဦးအား အနိုင်ယူခြင်းမှာ သွေးပူလေ့ကျင့်ခန်းလုပ်ရုံလောက်သာရှိသေးသည်။
    
လျူချင်းယန်ကမူ အသက်များစွာကသူ၏လက်ထဲတွင်ပိုင်စိုးထားသကဲ့သို့ လျှပ်စီးကျားသစ်အားစီးရင်း ယုံကြည်ချက်အပြည့်ရှိနေသည်။ သူသည် လီတျန်းမင်အား အထင်သေးစွာကြည့်ရင်းပြောလိုက်သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora