Chapter(82)

364 49 0
                                    

နှလုံးသားနှစ်ခုဆီမှစည်းချက်များ!

ဝေ့တျန်းကန်သည် ဝေ့အိမ်တော်အတွင်း၌ သူ၏လုပ်ရှားမှုများအားမကန့်သက်ထားသော်လည်း လီတျန်းမင်က ဝေ့အိမ်တော်အတွင်း၌မနေလိုချေ။ ယခုအချိန် ဝေ့အိမ်တော်အတွင်း၌ သွားလာနေခြင်းသည် သူအား မလိုလားအပ်သည် အာရုံများကိုသာရရှိစေမည်ဖြစ်လေ၏။ ထို့အပြင် မုယန်ကဝေ့ကျင်းအားဂရုစိုက်နေသောကြောင့် သူ့အတွက်မည်သည်ကိုမှစိုးရိမ်စရာမရှိတော့ချေ။ 

ထို့ကြောင့် လီတျန်းမင်သည် သူ့အမေအားနူတ်ဆက်ပြီးနောက် မုယန်ပေးထားသည့် သူ၏အိမ်၌ အခြေချလိုက်လေ၏။

"ဒုသခင်က အဲဒီအဘိုးကြီး ငါ့ကိုအကျယ်ချုပ်မထားတော့ဖို့အတွက် တော်တော်ကိုကြိုးစားခဲ့ရလိမ့်မယ်" လီတျန်းမင်သည် ထိုအချိန်က ဝေ့တျန်းကန် မည်သို့ဆုံးဖြက်ခဲ့သည်အား သိထား၏။

ထို့နောက် လီတျန်းမင်သည် ကျန်းဖေးလင် ပေးထားသော စာရွက်လေးအားထုတ်လိုက်သည်။ မုယန်ပေးထားသည့်မြေပုံနှင့်နှိုင်းယှဥ်ကြည့်ပြီးနောက် ရင်ဟောင်အားခေါ်ကာ ကျန်းဖေးလင်နှင့်တွေ့ရန် ထွက်လာခဲ့လေ၏။

“ချင်မင်းသမီးရဲ့ ကောင်းကင်ဆရာက ချင်ရှီလို့ခေါ်တယ်။ ပြီးတော့ သူမဟာ အသန်မာဆုံးအမျိုးသမီးကောင်းကင်ဆရာဖြစ်တယ်ဆိုပဲ" လီတျန်းမင်သည် ဘိုးဘေးခန်းမ၌ ချင်ရှိအားတွေ့ခဲ့ဖူးသည်ကို သတိရမိလိုက်သည်။  သူမအား စိတ်မဝင်စားသော်လည်း လီတျန်းမင်သည် အမျိုးသမီး တပည့်တွေများကိုသာ လက်ခံသောချင်ရှီအား လျူရွှယ်ရောင်ကဲ့သို့အထင်သေးကာ မစော်ကားဝံ့ချေ။

ကောင်းကင်သားရဲတွင်း၌ ကောင်းကင်ဆရာများ၌ ကိုယ်ပိုင်နယ်မြေတစ်ခုစီရှိကြကာ ထိုနယ်မြေအတွင်း၌ ၄င်းတို့၏တပည့်များသည် ကိုယ်ပိုင်ခြံဝန်းဖြင့်နေထိုင်ကြ၏။ ကောင်းကင်ဆရာမရှိသော လီတျန်းမင်အတွက်ကမူ သားရဲတွင်း၏ထောင့်တစ်နေရာ၌ တစ်ယောက်တည်းသာနေရလေသည်။

လီတျန်းမင်၏ ဦးတည်ရာမှာ ကြယ်စုစံအိမ်ဖြစ်ကာ ကောင်းကင်ဆရာချင်ရှီ၏နယ်မြေဖြစ်လေ၏။ မနက်စောစောဖြစ်သောကြောင့် လမ်းတစ်လျှောက် မည်သူ့ကိုမျှမတွေ့ရချေ။ စာရွက်၌ပါသည့်အတိုင်းရှာဖွေလိုက်ပြီးနောက် လီတျန်းမင်သည် ကြယ်စုစံအိမ်၏အနောက်ဘက်ခြမ်းအနီး၌ ချင်မင်းသမီးနှင့် ကျန်းဖေးလင်တို့နေထိုင်သည့်  ချင်လွမ်၏အိမ် ဟူသောဆိုင်းဘုတ်ချိတ်ထားသည့် အိမ်တစ်လုံးအားရှာဖွေတွေ့ရှိခဲ့၏။

သားရဲခေတ်၏အရှင်သခင် Vol.1Onde histórias criam vida. Descubra agora