Chapter(107)

320 34 1
                                    

ကံကြမ္မာကဆုံးဖြက်ပေးမည့်ဘဝ!

“အဖေ…” ဝေ့တျန်းရှုန်မှာ ကိုယ်စားပြုနေရာအား လီတျန်းမင်ဆီသို့ပေးလိုက်ခြင်းဖြင့် ဝေ့မျိုးနွယ်မှာယိုင်နဲ့နေကြောင်ဝန်ခံရာရောက်သွားမည်အားသိနေသည်။ ထို သတင်းသာအပြင်၌ ပျံ့နှံ့သွားခဲ့လျှင် ဝေ့မျိုးနွယ်စုသည် လူရယ်စရာဖြစ်လာမည်မှာ သေချာပေသည်။ သို့သော် ဝေ့တျန်းကန်က  သူ၏လက်အားဝှေ့ယမ်းကာ စကားရပ်ရန်အချက်ပြလိုက်၏။

“ကောင်းပါပြီ သားရဲတွင်းသခင်။ သဘောတူညီမှုကဘာလဲ" လီတျန်မင်သည် ဤနေရာတွင် အခြားသူများထက် ဤကိစ္စအား ပို၍ စိတ်အားထက်သန်နေခဲ့သည်။

“အဲဒါကိုမပြောခင် လိုအပ်ချက်တစ်ခုရှိတယ်” ဟု ဝေ့တျန်းကန်ကပြောလိုက်သည်။

"ဘယ်ဟာလဲ"

“အခုချိန်ကစပြီး မင်းက ဝေ့အိမ်တော်နဲ့ မင်းရဲ့ဆက်ဆံရေးကို မပြောရဘူး။ ဝေ့မျိုးရိုးနဲ့ပက်သက်တာဘာမှကိုမပြောရဘူး။  မင်းကိုဘယ်သူမှလည်းယုံမှာမဟုတ်ဘူး။ ဝေ့မျိုးနွယ်ရဲ့နာမည်ကိုလည်း မင်းမှာသုံးပိုင်ခွင့်မရှိဘူး။  မင်းက ကိုယ့်ကိုကိုယ်ပဲကိုယ်စားပြုမယ်၊ မင်းကိုယ်တိုင်ကိုပဲ ကိုယ်စားပြုတယ်။"  ဝေ့တျန်းကန်က ပြောသည်။

“ကိစ္စမရှိပါဘူး သားရဲတွင်းသခင်။  အပေးအယူကိုပြောပါ”  လီတျန်းမင်သည် ဝေ့မျိုးနွယ်၏ဂုဏ်သိက္ခာအားစိတ်မဝင်စားသောကြောင့် သဘောတူခဲ့သည်။

“မင်းကို ငါပေးမယ့် အခွင့်အရေးက သိပ်တော့လွယ်မှာမဟုတ်ဘူး။ ငါမင်းကိုရှေးဟောင်းတိုက်ပွဲမှာပါဝင်ခွင့်ပေးမယ်။ ဒါပေမယ့် မင်းနိုင်ရမယ်။ အဲ့ဒီခါကျ မင်းအမေကိုငါအသက်ရှင်ခွင့်ပေးမယ်။"

ဤစကားမှာ လီတျန်းမင်အားဝမ်းသာသွားစေရန်လုံလောက်ပေသည်။ နှစ်များစွာကြာသွားသော်လည်း ယခု၌မူ သူ၏အမေအသက်ရှင်မည့်နည်းလမ်းအားတွေ့ခဲ့ပြီမဟုတ်လော။ ဝေ့တျန်းကန်သည် သူ့အားယခုကဲ့သို့အခွင့်အရေးမျိုးပေးလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးချေ။ ကောင်းကင်သုခဘုံမှပေးသော ထိုဆုအားရရှိရန် မည်မျှခက်ခဲသည်ကို လူတိုင်းသိသည်။ ရှေးဟောင်းတိုက်ပွဲပင်မပြောနှင့် ရှေးဟောင်းစစ်မြေပြင်ကပင်အန္တရာယ်များနေချေပြီ။ ထိုအပြင်ရှေးဟောင်းတိုက်ပွဲအား ရှေးဟောင်းစစ်မြေ၌တစ်ခါမှမစီစဥ်ခဲ့ဖူးချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin