သားရဲခေတ်၏အရှင်သခင် Chapter(45) B

428 53 0
                                    

အစွမ်းထက်ဆုံးသားရဲများသာလျှင် သူတော်စင်သားရဲများအဖြစ် သရဖူဆောင်းနိုင်ခဲ့ကာ ထိုကဲ့သို့သော သတ္တဝါများသည် ဟင်္သါပြဒါးနိုင်ငံ၏ ဒဏ္ဍာရီများထဲတွင်သာ ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် ထိုသားရဲများ၏သားရဲစိတ်ဝိညာဉ်သည် မည်မျှပင်ထိတ်လန့်ဖွယ်ကောင်းမည်အား စိတ်ကူးကြည့်နိုင်သည်။  မည်သည့်သူတော်စင်သားရဲစစ်ဝိဉာဉ်မဆို  ယေဘူယျသားရဲဝိညာဉ်များနှင့် အနည်းငယ်ကွဲပြားလိမ့်မည်ဖြစ်သည်။  ၎င်းတို့သည် သူတော်စင်သားရဲများအားသတ်၍ သန့်စင်ထားခြင်းမဟုတ်ပဲ သူတော်စင်သားရဲသေဆုံးပြီးနောက် ၎င်း၏သားရဲဝိညာဉ်သည် ရာစုနှစ်များကြာအောင် အသွင်ပြောင်းလာခြင်းဖြစ်သည်။ သာမန်သားရဲဝိညာဉ်များကဲ့သို့ပင် သူတော်စင်သားရဲစစ်ဝိဉာဉ်အားဝိညာဉ်ရင်းမြစ်များထံသို့ ပို့ဆောင်နိုင်ကာ သားရဲသည် အချိန်ကြာမြင့်စွာအသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သောကြောင့် များစွာနာကြည်းစရာမရှိပေ။

သူတော်စင်သားရဲ၏ စိတ်ဝိညာဉ်အား သန့်စင်ခြင်းပြီးသည်နှင့် ၎င်းမှ ပေးအပ်သည့် ဝိညာဉ်အရင်းအမြစ်စွမ်းရည်သည် ရိုးရိုးရှင်းရှင်းမဟုတ်ပဲ အံ့မခန်းဖြစ်သွားလိမ့်မည်။ သို့သော် ၎င်းသည်အတော်လေးပင်မတည်မငြိမ်ဖြစ်နေလိမ့်မည်သာ။ လင်းရှောင်တင်းသည် လီတျန်းမင်ထံမှ သူတော်စင်သားရဲစစ်ဝိဉာဉ်အားလုယူနိုင်ရခြင်းအကြောင်းအရင်းမှာ ထိုမငြိမ်မသက်ဖြစ်မှုကြောင့်ပင်ဖြစ်လေ၏။ 

သာမာန်အားဖြင့်ပြောရလျှင် အသက်သားရဲများမှသန့်စင်ထားပြီးဖြစ်သည့် ဝိညာဉ်အရင်းအမြစ်စွမ်းရည်အား လုယူ၍မရေခ်။ သို့သော် လီတျန်းမင်၏ဖြစ်ရပ်၌ မိုက်ဒက်စ်သည် သူတော်စင်သားရဲစစ်ဝိဉာဉ်အား အနည်းငယ်သာသန့်စင်ရသေးသည်။ မူချင်းချင်း၏သစ္စာဖာက်ခြင်းအားခံရသောအခါ သူတော်စင်သားရဲစစ်ဝိဉာဉ်သည် မိုက်ဒက်စ်၏အမွေးများပေါ်ရှိ ဝိညာဉ်အရင်းအမြစ်များထဲသို့သန့်စင်ထားသောကြောင့် လင်းရှောင်တင်းသည် မိုက်ဒက်စ်၏အမွှေးများအား ရက်စက်စွာဖြင့်နူတ်ယူရခြင်းပင်ဖြစ်ပေသည်။

"သူတော်စင်သားရဲစစ်ဝိဉာဉ်ရဲမတည်မငြိမ်ဖြစ်တာတွေကြောင့် လင်းရှောင်တင်းဟာ သုံးနှစ်အတွင်း ဘယ်လိုမှအပြည့်အဝသန့်စင်ပြီးသုံးနိုင်အုံးမှာမဟုတ်ဘူး။ သူက သားရဲစစ်ဝိဉာဉ်နဲ့ မိုက်ဒက်စ်ကို ငါ့ဆီကနေယူသွားခဲ့တယ်။ တစ်နေ့ကျရင် ငါခံစားရခဲ့သမျှနာကျင်မှုတွေကို အဲ့ဒီခွေးသားကပြန်ပေးဆပ်ရမယ်။" လီတျန်းမင်သည် သူ့ကိုယ်သူတွေးနေမိသည်။ 

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin