Chapter(65)

386 48 0
                                    

လျှပ်စီးအမွှာပစ်ခက်ခြင်း!

လင်းရှောင်းရှောင်း၏ လျှပ်စီးအမွှာပစ်ခက်ခြင်းသည်အလယ်အလတ်ရင်းမြစ်အဆင့် တိုက်ပွဲဝင်ကျင့်စဥ်တစ်ခုဖြစ်သည်။ ၎င်း၏ စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းကာ မိုးခြိမ်းသံလေးနှင့် တောက်ပလျှပ်စီးမြှားတို့ဖြင့်တွဲဖက်အသုံးပြုပါက စွမ်းအားမှာပိုမိုမြင့်မားလာမည်ဖြစ်လေ၏။ လင်းရှောင်းရှောင်းသည် ဤလူသက်တိုက်ကွက်ကြောင့်နာမည်ကျော်လာခြင်းဖြစ်လေ၏။

လင်းရှောင်းရှောင်းမှာ အလွန်ဉာဏ်ကောင်းသူဖြစ်လေ၏။ သူ့တွင် ရန်သူအားထိပ်တိုက်ရင်ဆိုင်ရန် ဗာဂျရာမျောက်ဝံရှိကာ သုံးရောင်ခြယ်မိုးကြိုးမျောက်ဝံမှာ ရန်သူအားအဝေးမှနေ၍ အာရုံပြောင်းပေနိုင်လေ၏။ ထို့ကြောင့် သူမသည် အဝေးမှနေ၍ ရန်သူအားအန္တရာယ်ကင်းစွာကိုင်တွယ်ရန် လေးကဲ့သို့သောလက်နက်များကိုအသုံးပြုလေ၏။ မြှားဆိုသည်မှာသေစေနိုင်သောလက်နက်ဖြစ်သည်။ သူမသည် လီတျန်းမင်ကဲ့သို့လူမျိုးများအား ရွံရှာသောကြောင့်သာမဟုတ်ပါက ရင်ဘက်သို့ချိန်၍ပစ်ခက်လိုက်မည်မဟုတ်ချေ။

လူသက်ခရမ်းရောင်အလင်းတန်းသည် လျှပ်စီးလက်သကဲ့သို့ လီတျန်းမင်၏ အရှေ့သို့ရောက်ရှိလာခဲ့သည်။ တောက်ပလျှပ်စီးမြှား၏ အမြန်နူန်းအားကြည့်၍ ကြည့်ရှုသူများကချီးကျူးမိကြသည်။ လင်းရှောင်းရှောင်းသည် လီရှုဖန်းနှင့် ချန်းရောင်တို့ထက် များစွာပို၍အားကောင်းနေကာ သူမသည် ဝိဉာဥ်အရင်းအမြစ်အဆင့်လေးမှပြိုင်ဘက်များကိုအနိုင်ယူနိုင်သည်မှာ ထင်ရှားသည်။ ဤကဲ့သို့ကြောက်စရာကောင်းသည့်ပြိုင်ဘက်အားရင်ဆိုင်ရသောကြောင့် လီတျန်းမင်ချက်ချင်းရှုံးနိမ့်သွားခဲ့လျှင်ပင် မည်သူကမျှအံသြမည်မဟုတ်ချေ။

ထိုစဥ်စူးရှသော အသံတစ်ခုသည် လေ့ကျင့်ကွင်းအတွင်းပျံ့နှံ့သွားကာ လီတျန်းမင်သည်လည်း လွင့်စင်သွားခဲ့လေ၏။

"သူသေပြီလား" မြှားသည် လီတျန်းမင်၏နှလုံးသားအားအပေါက်ဖောက်သွားခဲ့ကာတစ်ချက်တည်းဖြင့် သေဆုံးသွားသည်ကို စိတ်ကူးကြည့်ရန်မှာ ခက်ခဲသည်မဟုတ်ချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora