သားရဲခေတ်၏အရှင်သခင် Chapter(46) B

418 50 0
                                    

လင်းရှောင်းရှောင်းသည် အသက်ဆယ့်ငါးနှစ်အရွယ်၌ သူမ၏ကိုယ်ပိုင်ဘဝအားစတင်ရန် လျှပ်စီးအိမ်တော်မှစတင်ထွက်ခွာခဲ့သည်။ သို့သော် သူမ၏မိသားစုသည် သူမအတွက် သက်တော်စောင့်တစ်ယောက်စီစဥ်လိုက်ပြီဆိုသည်အား သူမ မသိခဲ့ချေ။

ဝင်ခွင့်စာမေးပွဲဖြေဆိုမှု ပြီးဆုံးသွားသောအခါ သူမသည် ကျောင်းတော်၏တရားဝင်ကျောင်းသူတစ်ဦးဖြစ်လာခဲ့ကာ ကျောင်းတော်ကလည်းသူမအားအကန့်အသက်မရှိသောအခွင့်အရေးများကိုပေးခဲ့သည်။ သို့သော် ဆံရှည်သားရဲခန်းမ၌ သူမသည် ယာယီသာနေရမည်ဖြစ်သည်အား လူတိုင်းကသိကြသည်။ သူမသည် မကြာခင်၌ ကောင်းကင်သားရဲတွင်း၏အဖွဲ့ဝင်အသစ်ဖြစ်လာတော့မည်မဟုတ်လော။

လင်းရှောင်းရှောင်းအတွက် ကျောင်းတော်အတွင်းသို့ဝင်လာသည်မှာ ဤသည်ကပထမဦးဆုံးအကြိမ်မဟုတ်ချေ။ သူမသည် ကောင်းကင်သားရဲတွင်း၌ အချိန်အတိုင်းအတာတစ်ခုအထိပင်နေထိုင်ဖူးခဲ့သည်။ ယခုအချိန်၌ သူမသည် ကောင်းကင်သားရဲတွင်း၏ဝင်ပေါက်သို့ရောက်လာသောကြောင့် ဂိတ်စောင့်နည်းပြသည် သူမအားချိုသာစွာပြုံးပြကာ ဝင်ခွင့်ပေးလိုက်လေသည်။

"ရှောင်းရှောင်း....အဆင့်စစ်ဆေးမှုကိုကျာ်ဖြက်ပြီး ကောင်းကင်သားရဲတွင်းဆီဝင်ရတာ မင်းအတွက်ဘာမှမခက်ခဲဘူးမလားကွ" ဆရာက မေးလိုက်၏။

"ကျွန်မ အကောင်းဆုံးကြိုးစားမှာပါ။" လင်းရှောင်းရှောင်းသည် အလွန်နှစ်သက်ဖွယ်ကောင်းသော မိန်းကလေးဖြစ်သည်။  လျှပ်စီးအိမ်တော်မှသူမ၏ရွယ်တူအများစုနှင့်မတူပဲ သူမ၏အမူအရာသည် အလွန်ချစ်စရာကောင်းလှသည်။

ကောင်းကင်သားရဲတွင်းသည် တပည့်အများစုနှင့်မရင်းနှီးသည့်နေရာဖြစ်သော်လည်း လင်းရှောင်းရှောင်းအတွက်မူ ထိုသို့မဟုတ်ချေ။ သူမသည်ခြံဝင်းတစ်ခု၏အရှေ့သို့ရောက်သွားကာ ခြံတံခါးအားတွန်းဖွင်လိုက်သောအခါ မွေးပျံ့နေသည့်ပန်းရနံ့များနှင့်ပန်းပင်လယ်ကြီးသည် သူမအားစောင့်ကြိုနေလေ၏။ ထိုပန်းခင်း၏အနီးအနားရှိသစ်ပင်ပေါ်၌ ငှက်နှစ်ကောင်ကတေးသီနေကြကာ ထိုသစ်ပင်အောက်ရှိရေကန်ဘေး၌ သာယာလှပသောကျောက်တုံးဥယျာဥ်လေးတစ်ခုရှိနေသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Onde histórias criam vida. Descubra agora