သားရဲခေတ်၏အရှင်သခင် Chapter(47)

410 55 1
                                    

ဆယ်နှစ်အထိမစောင့်နိုင်ဘူး!

မီးတောက်ဝါမျိုးဆက်ကျောင်းတော်သည် မြေနေရာအများအပြားအားပိုင်ဆိုင်ထားသော်လည်း ထိုမြေနေရာများမှအများစုမှာဖီးနစ်ခန်းမမှသိမ်းပိုက်ထားခဲ့သည်။ ဖီးနစ်တောင်ပက်ပက်လည်၌ ထောင်နှင့်ချီသောအဆောက်အုံများနှင့် မျှော်စင်များအားတည်ဆောက်ထားလေသည်။

ဖီးနစ်ခန်းမ၌ အတန်းသုံးတန်းရှိသည်။  အထက်တန်းစားအတန်းသည် ထိပ်ဆုံးနေရာ၌တည်ရှိကာ ခရီးသွားသူအတန်းကမူ အလယ်နေရာ၌တည်ရှိသည်။ အလုပ်သင်အတန်းသည် အောက်ခြေ၌သာရှိလေ၏။ ထို့အပြင် အထက်တန်းစားအတန်း၏နေရာသည် ကောင်ကင်နှင့်မြေကြီး၏ဝိဉာဥ်စွမ်းအင်များအားသိပ်သည်းစွာရရှိနိုင်သည့်အကောင်းဆုံးနေရာဖြစ်ပေသည်။

တပည့်များစွာသည်အလုပ်သင်အဆင့်မှ အထက်တန်းစားအဆင့်သို့ တက်ရန်ထွက်ခွာသွားကြသည်။ ထိုအဖြစ်သည် အဆင့်မတက်နိုင်သောကျောင်းသားအချို့အတွက်တွန်းအားတစ်ချို့အားပေးစွမ်းလေသည်။ သို့သော် အဆင့်မတက်နိုင်ခဲ့လျှင်မူ ကျောင်းတော်မှနူတ်ထွက်ကြရသည်။ ထို့ကြောင့် ကျောင်းသားအများစုအတွက်ရိုးရိုးဘွဲ့တစ်ခုရခြင်းကပင် ဂုဏ်ယူစရာတစ်ခုဖြစ်နေခဲ့သည်။

မုဝမ်၏အတန်းသည် ယခင်နေရာဟောင်းဖြစ်သည့် လွှင့်မျှောဝိဉာဥ်ရေကန်ဘေး၌ရှိနေဆဲပင်။ ထိုနေရာ၌ အဆောက်အအုံပေါင်းတစ်ရာကျော်ရှိကာ မုဝမ်အတန်း၏တပည့်ပေါင်းငါးဆယ်ကျော်တို့သည် ထိုအဆောက်အအုံများ၌ကျင့်ကြံခြင်းဖြင့်အချိန်ဖြုန်းကြသည်။ သူမ၏ယခင်အတန်းသားများအတန်းတက်သွားသွားပြီရော ရေကန်၏အနီးအနားပက်ဝန်းကျင်အားရှင်းလင်းထားခဲ့ပြီးဖြစ်လေ၏။

လီတျန်းမင်သည် ယခုမျိုးဆက်၏စာမေးပွဲအားအောင်မြင်ခဲ့သောအခါ သတင်းကောင်းအားပြောရန် သူ၏အမေထံသို့ဦးစွာသွားရောက်ခဲ့သည်။

ထို့နောက် သူပြန်လာသောအခါ လွင့်မျှောဝိညာဉ်ရေကန်သည် လှုပ်ရှားမှုများဖြင့် စည်ကားနေပြီဖြစ်သည်။  တပည့်အသစ်များသည် စိတ်လှုပ်ရှားစွာဖြင့်  လှည့်ပတ်ကြည့်ရှုနေခဲ့ကြသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Tempat cerita menjadi hidup. Temukan sekarang