Chapter(150)

285 34 2
                                    

လီတျန်းမင်၏အသက်ဓာတ်ကုန်ဆုံးခြင်း!

ထိုစဥ်အမျိုးသမီးတစ်ဦးသည် ဖွင့်ထားသော တံခါးများမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

လီတျန်းမင်အတွက်၊ ဤသည်မှာ နှစ်ပေါင်းများစွာ အမှောင်ကျပြီးနောက် နေရောင်အားပြန်မြင်ရသလိုပင် အသက်ရှုကြပ်လာကာ သူမအား စိုက်ကြည့်နေမိသည်။ သူမသည် ရေတံခွန်ကဲ့သို့ ပြိုကျနေသော မီးခိုးရောင်တောက်ပနေသည့် ဆံပင်ဖြူများဖြင့် လူအများအားဖမ်းစားထားသည်။

ထိုမီးခိုးရောင်ဆံပင်ဖျော့ဖျော့က လီတျန်းမင်အားအတွေးများသွားစေသည်။ ဝေ့တျန်းကန် ကျရှုံးခဲ့သည်လော။

သို့သော် သူမကျရှုံးခဲ့သည်မှာ ထင်ရှားသည်။  ၎င်းသည်မီးခိုးရောင်ဖျော့ဖျော့ဖြစ်နေသော်လည်း တောက်ပပြီး အသက်ဓာတ်များဖြင့်ပြည့်နေသေးသည်။ လီတျန်းမင်သေချာကြည့်လိုက်သောအခါ မီးခိုးရောင်ဆံပင်များနှင့်အမျိုးသမီးသည် အသက်လေးဆယ်အရွယ်မဟုတ်ပဲ အသက်နှစ်ဆယ်အရွယ်ရုပ်ရည်ရှိနေလေ၏။

အသက်သုံးဆယ်ကျော်သာရှိသေးသော မုဝမ်သည်ပင်လျှင် သူမထက် အသက်ပိုကြီးနေပုံပင်။

သူမ၌တောက်ပသော မျက်လုံးတစ်စုံနှင့် ဖြူဖွေးသောသွားများရှိကာ သူမ၏ မျက်နှာပေါ်၌ မိန်းကလေးတစ်ဦး၏ အပြုံးတစ်ခုရှိနေ၏။ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားသွားလာရင်း ပျော်ရွှင်နေပုံပင်။

လီတျန်းမင်မှာ သူအမြင်မှားနေသည်ဟုပင်တွေးလိုက်မိသည်။ ဤမိန်းကလေးသည် ကျန်းဖေးလင်နှင့် ကျန်းချင်လွမ်တို့နှင့်ပင် မတိမ်းမယိမ်းဖြစ်နေပေသည်။

"အ...အမေလား"  လီတျန်းမင်သည် သူ၏အမေအား အသက်ရှစ်ဆယ်အရွယ်မှ ရွှယ်လန်ကဲ့သို့ အသက်လေးဆယ်အရွယ်လောက်အထိပြောင်းလဲသွားမည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် သူမသည် ဆယ့်ရှစ်နှစ်အရွယ်အားပြန်ရောက်သွားလေ၏။ သူမ၏မီးခိုးရောင်ဆံပင်ကိုသာဆိုးဆေးသုံးလိုက်လျှင် အလွန်နုပျိုသွားမည်ဖြစ်လေ၏။

ထို့ကြောင့် လီတျန်းမင်သည် ဤမနက်၌ ဒုတိယအကြိမ် ခေါင်းကိုက်လာလေတော့၏။ ထိုသို့သော အသွင်အပြင်ဖြင့် သူမအား အမေ၊ အစ်မကြီး... သို့မဟုတ် ညီမလေးဟု ခေါ်ရတော့မည်လော။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora