Chapter(113)

297 39 0
                                    

လျှပ်စီးများနှင့်ကောင်းကင်၊ ကပ်ဘေးနေလုံး!

လီတျန်းမင်သည် ​အောက်ခြေမရှိသောတွင်းနက်ကြီးဆီသို့ရောက်ရှိလာသည်မှာပထမဆုံးအကြိမ်ဖြစ်လေ၏။ ရှေးဟောင်းတိုက်ပွဲအတွက် ပြင်ဆင်မှုများကြောင့် အောက်ခြေမရှိသောတွင်းနက်ကြီးအား ပိတ်ထားခဲ့သည်။ မုယန်သည် သူတို့အားဦးဆောင်လာသောကြောင့် တင်းကြပ်သောလုံခြုံရေးများအားဖြက်သန်းလာနိုင်ကြသည်။ သူတို့သည် ခဏအကြာ၌ အချင်းဆယ်မီတာရှိသောတွင်းတစ်ခုရှိရာ တောင်ထိပ်သို့ ရောက်လာကြသည်။  အကယ်၍တစ်စုံတစ်ယောက်သည် ဤနေရာ၌ ကျောက်စရစ်ခဲတစ်လုံးအား ပစ်ချလိုက်ပါက ကျောက်စရစ်ခဲသည် ရှေးဟောင်စစ်မြေပြင်သို့ရောက်သွားမည်ဖြစ်လေ၏။

သူတို့ရောက်သွားသောအခါ မုယန်သည် လီတျန်းမင်နှင့် ကျန်းဖေးလင်အားကြည့်လိုက်၏။  “ဝိညာဉ်ပူးကပ်ခြင်း"

မုယန်မှာတည်ငြိမ်နေသောကြောင့် လင်းရှောင်တင်းနှင့်ပြသနာအား မေ့လျော့သွားသည်မှာ ထင်ရှားသည်။  သို့သော် နှစ်ပေါင်းများစွာ သင်ကြားပို့ချပေးခဲ့သော တပည့်တစ်ဦးမှာ ထိုကဲ့သို့ ဆက်ဆံခဲ့မည်ဆိုလျှင် မည်သူမဆို စိတ်ဓာတ်ကျနေမည်ပင်။

“ဟုတ်ကဲ့ ဒုသခင်" ကျန်းဖေးလင်သည် လီတျန်းမင်၏ခန္ဓာကိုယ်နှင့်ပေါင်းစည်းမည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ဝင်ပြီးရင် ပြန်ထွက်လာလို့မရဘူးနော်။ မှတ်ထား” မုယန်က နောက်ဆုံးအကြိမ် တိုက်တွန်းလိုက်သည်။

“စိတ်မပူပါနဲ့။”  လီတျန်းမင်က ပြောလိုက်သည်။ သူလုပ်ရမည်မှာ ကျန်းဖေးလင်၏ဖြစ်တည်မှုအားဖုံးကွယ်ရန်ပင်။ ထို့နောက် ဝိညာဉ်ခန္ဓာသည် လီတျန်းမင်၏ ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား ဝင်ရောက်သွားခဲ့သည်။  ထိုနည်းအားဖြင့် လီတိုင်မင်သည် သိသာနေမည်မဟုတ်ပေ။ မုယန်ပင် လီတျန်းမင်၏ခန္ဓာကိုယ်အတွင်း၌ တစ်စုံတစ်ယောက်ရှိနေမှန်းသတိမထားမိချေ။

"ကဲ..ရှေးဟောင်းစစ်မြေပြင်ဆီဝင်ကြတော့"  မုယန်သည် ပထမဦးဆုံး ခုန်ဝင်သွားသူဖြစ်သည်။ သူသည် အသူရာနယ်မြေ၌ တွင် ၎င်းတို့အား ဝင်ရောက်စောင့်ဆိုင်းနိုင်သည့် တစ်ဦးတည်း​ေသာသူဖြစ်သည်။ ထို့နောက် မုယန်ကအသံမထွက်ဘဲ ပျောက်ကွယ်သွားသည်။  ကျန်​သူ​များသည်လည်း မည်သည့်စကား​မှ​မ​ပြော​တော့ပဲ မုယန်အနောက်မှလိုက်သွားကြ၏။ လီတျန်းမင်သည် ယခင်ကဤနေရာသို့မရောက်ဖူးသောကြောင့်အတွေ့အကြုံအနည်းဆုံးသူပင်။ သူမဆင်းခင်၌ လီတျန်းမင်သည် မူချင်းချင်းအား တောက်ပစွာ ပြုံးပြလိုက်၏။ ထို့နောက်တွင်းထဲသို့ ခုန်ချသွားသောကြောင့် မူချင်းချင်း၏မျတ်လုံးထဲမှအေးစက်မှုများအားမတွေ့သွားချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Où les histoires vivent. Découvrez maintenant