သားရဲခေတ်၏အရှင်သခင် Chapter(12)

584 67 0
                                    

ခင်ဗျားကအဆင့်မမှီဘူး!

" သူက ဒုက္ခိတ ဖြစ်နေတာမဟုတ်ဘူးလား "
  
"လီဇီဖန်းကမှ ဒုက္ခိတဖြစ်နေတဲ့သူနဲ့ ပိုတူနေသေးတယ် "
   
"ဘယ်လိုတောင် ဆိုးဆိုးရွားရွား ရှုံးသွားတာပါလိမ့်။ငိုတောင်ငိုနေပြီဟ။တော်တော်နာသွားတာဖြစ်မှာ။ "
    
" ရိုးရိုးသားသားပြောရရင် သခင်လေးဇီဖန်းက အမြဲတမ်း သူများတွေကို အနိုင်ကျင့်နေတာ။ဒီလိုအရိုက်ခံရတာ မျှတတယ်လို့ ပြောလို့ရတယ် "
     
တီးတိုးဆွေးနွေးသံများ စတင်ထွက်ပေါ်လာပြီဖြစ်သည်။လီဇီဖန်း၏ ဂုဏ်သတင်းမှာလည်းကြေမွသွားခဲ့ပြီဖြစ်၏။ အချို့လူများသည် ကျယ်ကျယ်လောင်လောင် မပြောရဲခဲ့ကြသော်လည်း ယခုအချိန်တွင်တော့ ပြောဆိုလာကြပြီဖြစ်လေ၏။လီဇီဖန်း၏ သုံးနှစ်အတွင်းလုပ်ခဲ့သည့်အပြုအမူများမှာ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
     
အားလုံးသည် လီရန်ဖန်း၏ အပြုအမူအား စောင့်ကြည့်နေကြသည်။
     
လီဇီဖန်းကမူ ခြောက်ချက်အလှီးခံရပြီးနောက် သူ၏အဖေမှလာရောက်ကယ်တင်ရန် မျှော်လင့်နေသည်။

      
"သခင်ကြီး၊ဇီဖန်းကို မြန်မြန်လေး ကယ်ပေးပါ။ပြီးတော့ အဲ့ဒီသစ္စာဖောက်ကိုလည်း ကွပ်မျက်လိုက်ပါ " မဒမ်ဟွမ်သည် ဆွဲဆွဲငင်ငင်အော်ငိုရင်းပြောလိုက်သည်။သူမသည် ရှေ့သို့လှမ်းထွက်ကာပြောလိုက်ချင်သော်လည်း ထိုသို့မလုပ်ရဲခဲ့ပေ။လူတိုင်းကမူ လီဇီဖန်းကိုသာကြည့်နေသည်။ယခုအချိန်မှာ ပျော်ရွှင်ဖွယ် အခါသမယဖြစ်ရမည်ဖြစ်သော်လည်း လီရန်ဖန်း၏မျက်နှာမှာဖြတ်အရိုက်ခံရ၍ ဂုဏ်သိက္ခာမှာလည်းထိခိုက်သွားပြီဖြစ်သည်။
    
ထို့ပြင် သိမ်မွေ့လေညှင်းအဆောက်အအုံ၌ ဂုဏ်သရေရှိပုဂ္ဂိုလ်များစွာရှိနေသည်။၎င်းတို့အနေဖြင့် လီရန်ဖန်း၏အရှေ့၌ ဘာမျှမဆိုကြသော်လည်း သူ့၏ကွယ်ရာတွင် လှောင်ပြောင်ကြမည်ကား အသေအချာပင်ဖြစ်သည်။
    
ထိုစဥ်လီတျန်မင်းသည် သူ့အား ထိုးဖောက်ကြည့်နေသည့် အကြည့်တစ်ခုအား ခံစားလိုက်ရ၍ လီဇီဖန်းအား လွှတ်ချလိုက်သည်။လီဇီဖန်းလည်း သူ၏ ခြေရင်းတွင် ပုံကနဲကျသွားသည်။
     
" အဖေ၊ အမေ သားကိုကယ်ပါဦးဗျာ " လီဇီဖန်းသည် သူ၏ ခရမ်းရောင်မျတ်လုံးငှက်ကိုပင်ဂရုမစိုက်နိုင်တော့ပဲ စင်မြင့်ပေါ်မှ တွားသွားရင်း ဆင်းပြေးလိုက်သည်။
      
"အမေ ဒါကအမေ့အတွက်ပါ " လီတျန်းမင် ယခုပြုလုပ်နေသည်ကား သူ၏အမေအတွက်ဖြစ်သကဲ့သို့ သူ့အတွက်လဲဖြစ်သည်။လီတျန်းမင်းသည် သူဆုံးရှုံးခဲ့ရသည့် ဂုဏ်သိက္ခာများအတွက် မျှတမှုပြန်ရရန်ထိုက်တန်ပေသည်။
    
ဝေ့ကျင်း၏သိက္ခာမှာ ကွာရှင်းစာချုပ်တစ်စောင်ဖြင့် ရိုက်ချိုးခြင်းခံရသကဲ့သို့ လီတျန်မင်းမှာလည်း သုံးနှစ်လုံးလုံးများစွာဆုံးရှုံးခဲ့ရသည်။
     
ထို့ကြောင် သူ၏အရှေ့၌ ပိတ်ပင်လာသည့်အရာမှန်သမျှအား  ချေမွပစ်ရန် လီတျန်းမင်ဆုံးဖြတ်ထားသည်။
     
ယနေ့ သူသောင်းကြမ်းခဲ့ခြင်းသည် သူ၏စိတ်ထဲ၌ ရှိသည့်အတိုင်းလုပ်လိုက်ခြင်းသာဖြစ်လေ၏။ထို့အပြင် သူ၏ ကြီးမြတ်မှုအား ပြသခြင်း၏အစလည်းဖြစ်သည်။သူထွက်သွားပြီးနောက် မီးတောက်ကောင်းကင်မြို့၌ ဤအဖြစ်အပျက်သည် သမိုင်းတွင်၍ကျန်ခဲ့မည်ဖြစ်သည်။
     
လီတျန်းမင်သည် သူ၏အဖေနှင့်အကြည်ချင်းဆုံသွားသည်။ထိုအကြည့်မှ တင်းမာမှုများအားခံစားနေရကာ လက်သီးကိုကျစ်ကျစ်ဆုပ်ထား၍ လီရန်ဖန်းသည်သူ၏ ခံစားချက်များအားထိန်းချုပ်နေရဟန်ရှိသည်။လီတျန်းမင်သည် သူ့အား မခန့်မလေးစားပြုလုပ်ခဲ့သော်လည်း မြို့တစ်မြို့အား အုပ်ချုပ်သူတစ်ဦးအနေဖြင့် ထိန်းသိမ်းရမည့် သိက္ခာများကရှိနေသေးသည်မဟုတ်ပါလော။
      
"တော်တော်ကောင်းတဲ့ စွမ်းဆောင်မှုပဲ လီတျန်းမင်။မင်းသုံးနှစ်လုံးလုံး ကြိုးစားခဲ့တာတွေက ငါ့ကိုစိတိကျေနပ်စေတာပဲ " လီရန်ဖန်းကပြောလိုက်သည်။
    
" ဟုတ်ကဲ့ ကျေးဇူးပါ "အပြင်ပန်းက ကြည့်လျှင် သားအဖနှစ်ဦး၏ ဆက်ဆံရေးမှာ ကောင်းမွန်နေသည်ဟုထင်ရသော်လည်း အမှန်တော့ တင်းမာမှုအပြည့်ဖြစ်ပေသည်။
     
အမှန်တိုင်းဆိုရလျှင် လီတျန်းမင်သည် လီရန်ဖန်းအား သူလောင်မီးမြို့မှ အဘယ်ကြောင့်ပြန်လာခဲ့ရသည်အား ပြောပြခဲ့သည်။သို့သော်လည်း သူပြန်ရခဲ့သည်ကား လျှပ်စီးအိမ်တော်ကို မထိရဲသည့် သူ့ဖခင်၏ ဆိတ်ဆိတ်နေမှုသာဖြစ်လေ၏။ထိုအချိန်မှစ၍ လီတျန်းမင်သည် အတော်လေးကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။
    
လီရန်ဖန်းသည် မီးတောက်ကောင်းကင်မြို့တွင် မြင့်မားသောအာဏာရှိသော်လည်း သူသည်လျှပ်စီးအိမ်တော်အားကြောက်လန့်ခဲ့သဖြင့် လီတျန်းမင်အားလက်လျှော့ရန် ဆုံးဖြတ်ခဲ့သည်။သူ၏အဆိုးရွားဆုံး လှုပ်ရပ်မှာ သူ၏မိခင်အ ကွာရှင်းခဲ့ခြင်းဖြစ်သည်။လီတျန်မင်းအနေဖြင့် ကွာရှင်းစာချုပ်ထဲရှိ စာလုံးတစ်လုံးချင်းစီအား စွဲစွဲမြဲမြဲမှတ်မိနေခဲ့သည်။လင်နှင့်မယားဆိုသည်မှာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်လေးစားမှုရှိရမည်ဖြစ်သော်လည်း အဘယ့်ကြောင့်တစ်ဦးနှင့်တစ်ဦးနောက်ကျောမှဓားဖြင့်ထိုးရန် စောင့်ဆိုင်းနေရသနည်း။
     
သားအဖနှစ်ဦးသည် သွေးချင်းဆက်နွယ်မှုရှိသော်လည်း လီတျန်းမင်သည် လီရန်ဖန်းနှင့်ဆက်လက်၍ ပတ်သတ်လိုစိတ်မရှိတော့ချေ။
     
"ဇီဖန်းကိုအနိုင်ယူရတဲ့ မင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ" လီရန်ဖန်းသည် နူးညံ့သောလေသံဖြင့်မေးလိုက်သည်။ သို့သော်လည်း လူတိုင်းသည် လီရန်ဖန်းမှာ သူ၏သားအား ဒုက္ခိတဖြစ်စေခဲ့သည့် လျှပ်စီးအိမ်တော်မှ လူနှင့်ပင် လက်ထပ်ခဲ့သည်အားသိကြသည်။လီရန်ဖန်းသည် အမှန်တော့ သူ့သားအားသူ့လက်နှင့်သတ်သည်ဟု ဂုဏ်သိက္ခာကျဆင်းမည်ကိုကြောက်နေခဲ့ခြင်းသာဖြစ်လေ၏။
      
"မီးတောက်ဝါအမိန့်ကို လွန်ခဲ့တဲ့လေးနှစ်ကပေးသလို ကျုပ်ကိုပြန်ပေးပါ။ အဲ့တာကိုပဲ နောက်တစ်ကြိမ်ထပ်လုပ်ပေး။ အဲ့တာဆိုရင် ကျုပ်မီးတောက်ကောင်းကင်မြို့ကထွက်သွားပြီး ဘယ်တော့မှပြန်မလာတော့ဘူး" လီတျန်းမင်၏ စကားများကရှင်းလင်းပြတ်သားသည်။သူ၏ ရည်ရွယ်ချက်သည် သူ၏ဂုဏ်သိက္ခာအတွက်ဖြစ်ကာ သူ့အမေကကွာရှင်းခံရသဖြင့် နေစရာမဲ့နေသော ခွေးလေခွေးလွင့်များကဲ့သို့ ထွက်သွားမည်မဟုတ်ချေ။
     
သူ၏စကားသည် လူတိုင်းအားတုန်လှုပ်သွားစေသည်။
      
"သူ၏ကျင့်ကြံမှု ပျက်စီးသွားပြီးကတည်းက မီးတောက်ဝါမျိုးဆက်သစ်ကျောင်းတော်က ထွက်လာခဲ့ရတာမဟုတ်ဘူးလား။သူက ပြန်သွားချင်နေတာလား "
       
"သူကဘာလို့ ပြန်သွားချင်နေတာလဲ။အဲ့နေရာမှာ ဟာသအဖြစ်ခံချင်နေတာလား။ လင်းရှောင်တင်နဲ့မူချင်းချင်းတို့က ကောင်းကင်သားရဲတွင်းရဲ့ ပါရမီရှင်တွေဖြစ်နေပြီလေ။သူ့ထက် အများကြီးသန်မာနေတဲ့တာကို။ပြန်ပြီး အရှက်ခွဲတာကို သူကခံချင်နေတာလား "
    
" ဒါပေမယ့် သူက မြို့စားနဲ့ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ စိတ်ကူးမရှိတာက အထင်းသားပဲလေ "
      
"မြို့စားကိုယ်တိုင် သူ့ကိုပို့ပေးတာက သူ့ဟာသူထွက်သွားရတာထက်စာရင်ပိုပြီး ဂုဏ်သိက္ခာရှိတယ်လေ။ဒါက သူ့အတွက် အဓိပ္ပာယ်အများကြီးရှိတယ်"
     
အားလုံးသည် လီရန်ဖန်း၏ အဆုံးအဖြတ်အား စောင့်စားနေကြသည်။လီရန်ဖန်းကမူ အံသြမိသွားသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora