သားရဲခေတ်၏အရှင်သခင် Chapter(49)

417 53 0
                                    

မြင့်မြတ်လေဓားများ!

"ဖန်းလင်...လုပ်တော့" ဖန်ဇောင်သည် သူ၏အခြေခံအရင်းအမြစ်အဆင့်ကျင့်စဥ်တစ်ခုဖြစ်သည့် လေခြေလှမ်းအားအသုံးပြုနေစဥ် လေ့ဆင့်ခေါ်ဓားရှည်အားကိုးထားသည်။ ထို့နောက်စက္ကန့်ပိုင်းလေးအတွင်းမှာပင် သည် လီတျန်းမင်၏အရှေ့သို့ရောက်သွားခဲ့ကာ လီတျန်းမင်၏နဖူးအားဓားရှည်ဖြင့်ညွှန်ပြလိုက်လေ၏။

"လီတျန်းမင်...လွန်ခဲ့တဲ့သုံးနှစ်အတွင်း ငါအောင်မြင်ခဲ့တာတွေကို မင်းကိုပြမယ်!"  ဖန်ဇောင်သည် လီတျန်းမင်အား လုံးလုံးလျားလျား ဖုံးအုပ်သွားစေမည့်ဓားကီအားထုတ်ဖော်ကာ ဓားသိုင်းအားပုံသွင်းလိုက်သည်။ သူက ကြက်ကလေးကိုမူလုံးဝလစ်လျူရှုထားလေ၏။

"ကောင်းကင်မုန်တိုင်ဓား" ထိုလှုပ်ရှားမှုသည် အလယ်အလတ်အရင်းအမြစ်အဆင့်ရှိသော တိုက်ပွဲဝင်ကျင့်စဥ်ဖြစ်ကာ ခရီးသွားသူအတန်းရှိ တပည့်များကိုသာ သင်ကြားပေးခြင်းဖြစ်သည်။  ထိုသို့သော တိုက်ပွဲကျင့်စဥ်များအား သင်ယူနိုင်ခဲ့ခြင်းအတွက် ဖန်ဇောင်သည် များစွာဂုဏ်ယူနေမိလေ၏။ အကယ်၍ ဖန်ဇောင်သည် သူ၏မွေးရပ်မြေသို့ ပြန်ရမည်ဆိုလျှင် မြို့စားပင်လျှင် သူ၏အာဏာအား လေးစားရပေမည်။

ဖန်ဇောင်သည် လီတျန်းမင်၏ လှုပ်ရှားမှုများအား သူ၏ဓားရှည်နှင့်ချိပ်ပိတ်လိုက်သောအခါ လေပွကြိုးကြာသည် ကောင်းကင်ပေါ်သို့ပျံတက်သွားကာ သူ၏ကြီးမားလှသောအတောင်ပံများဖြင့် လေပွေများအားဆင့်ခေါ်လိုက်လေ၏။ ကြိုးကြာငှက်သည် ၎င်း၏သခင်နဲ့နည်းတူခြိမ်းခြောက်မှုပေးနိုင်ကာ ၎င်း၏ နှုတ်သီးနှင့်ခြေသည်းများက ဓားရှည်းနှင့်နည်းတူအန္တရာယ်များလေ၏။

သားရဲသခင်နှင့်အသက်သားရဲတို့နှစ်ယောက်၏ တိုက်ခိုက်မှုပုံစံသည် ၎င်းတို့၏ ကျင့်ကြံအဆင့် တိုးတက်လာသည်နှင့်အမျှ တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။  သားရဲသွေးကြောအဆင့်တွင် သိုင်းကျင့်စဥ်နှင့် သားရဲကျင့်စဥ်တို့အား အာရုံစိုက်ထားသင့်သော်လည်း ဝိဉာဥ်အရင်းအမြစ်အဆင့်တွင် အသက်သားရဲသည်ဝိညာဉ်အရင်းအမြစ်စွမ်းရည်များအား ဖွံ့ဖြိုးစေ၍ တိုက်ပွဲ၏အဓိကအာရုံစိုက်ရာဖြစ်လာမည်ဖြစ်သည်။ ညီညွတ်ရေးအဆင့်သို့ ရောက်သည်နှင့်၎င်းတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိလာကာ ၎င်းတို့၏ စည်းလုံးမှုနယ်ပယ်အားအသုံးပြုလိုက်သောအခါ သားရဲသခင်နှင့်အသက်သားရဲတို့သည် တစ်သားတည်းအဆင့်သို့ရောက်ရှိသွားမည်ဖြစ်ပေသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin