သားရဲခေတ်၏အရှင်သခင် Chapter(32) A

468 59 0
                                    

ရှင်းနှင့်ချန်းကုန်သည်အစည်းအရုံး

ကျောင်းတော်၏စာမေးပွဲသည် လီတျန်းမင်အတွက်ပထမဦးဆုံးကြုံတွေ့ရခြင်းမဟုတ်ချေ။ လောင်မီးမြို့တော်၌ မြို့နံရံများကပင်ပူနွေးနေကာ အတော်ပင်ပူပြင်းသောမြို့တော်ဖြစ်သည်။ အဝေးမှကြည့်လိုက်လျှင် ပူပြင်းသောနေရောင်ကြောင့်နီရဲနေကာ သွားလာလှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသောကြောင့် ဧရာမမီးဖိုကြီးပမာဖြစ်နေသည်။

လောင်မီးမြို့သည် လီတျန်းမင်မြင်ဖူးသမျှမြို့များထဲ၌ အခမ်းအနားဆုံးမြို့တော်ကြီးဖြစ်လေ၏။ မြို့တော်သည် မျိုးနွယ်စုများနှင့်မိသားစုများ၊ နိုင်ငံ၏ ကြွယ်ဝမှုများ၊ အရည်အချင်းများ၊ ကျွမ်းကျင်သူများနှင့် အရင်းအမြစ်များအတွက် အချက်အချာကျသော နေရာဖြစ်လေရာ လောင်မီးမြို့တော်သည် ဟသ်ာငှက်နိုင်ငံအတွင်းရှိ လူငယ်တိုင်းအတွက် အဆုံးစွန်သော အိပ်မက်ဖြစ်လာခဲ့သည်။

လွန်ခဲ့သည့် လေးနှစ်က လီတျန်းမင်သည်လည်း ​​တခြားလူငယ်တွေကဲ့သို့ပင်။  သူသည် ကြီးမားသောရည်မှန်းချက်များဖြင့် လောင်မီးမြို့တော်သို့ သို့ရောက်ရှိလာကာ မီးတောက်ဝါမျိုးဆက်ကျောင်းတော်၌ကျင့်ကြံခဲ့သည်။ ထိုအချိန်တုန်းက အရာအားလုံးမှာအဆင်ပြေနေခဲ့၏။ 

သို့သော် လေးနှစ်ကြာသွားသည်နှင့် ဤနေရာ၌ သူ၏စိတ်များကပြောင်းလဲသွားရုံသာမက သူ၏ဘဝသည်လည်း လုံးဝခြားနားသော အဓိပ္ပါယ်တစ်ခုဖြစ်သွားခဲ့လေသည်။ 

ထိုအချိန်၌ ဝေ့ကျင်းသည် မြင်းလှည်းအတွင်းမှ ကုလားကာများအား လိပ်လိုက်သည်။  သူမ၏အကြည့်များသည် ရေကဲ့သို့ ငြိမ်သက်နေကာ လီတျန်းမင်၏ပုံစံနှင့်လုံးဝခြားနားနေပေ၏။ သူမသည် ယခင်လောင်မီးမြို့တော်၌ရှိစဥ်က အဖြစ်အပျက်များအား မပြောခဲ့ဖူးသော်လည်း လီတျန်းမင်က သူ၏အမေသည်လက်မထပ်မီက လောင်မီးမြို့သူဖြစ်ကြောင်းသိနေသည်။ ထို့ကြောင့် ဝေ့ကျင်း၏ငယ်ဘဝသည် ဤမြို့၌ရှိနေလေ၏။

ဝေ့ကျင်းသည် ခပ်ဖျော့ဖျော့ အပြုံးအားပြုံးထားခဲ့သော်လည်း သူမ၏မျက်လုံးများကမူ ထိုင်းမှိုင်းနေပုံရသည်။  အနှစ်နှစ်ဆယ်ကြာပြီးနောက် သူမ၏မွေးရပ်မြေဆီသို့ ပြန်ရောက်လာခဲ့သည်။ သူမ၏စိတ်ထဲ၌ မည်သည့်အရာများဖြစ်နေမည်နည်း။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora