သားရဲခေတ်၏အရှင်သခင် Chapter(20)

523 63 1
                                    

နောက်ထပ်ပစ်မှတ်ကနတ်သုဒ္ဓါပဲ!

     
" အစ်ကိုကြီး ညီမတို့ ဒီမှာဒီတစ်ခေါက်ပေါ်လာတာက တိုက်ဆိုင်မှုမဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်ရက်က ညီမတို့တွေ့ ပြီးကတည်းက ချင်အာကအစ်ကိုကြီးနောက်ကို နှစ်ရက်လောက်နောက်ယောင်ခံလိုက်ဖို့ ပြောခဲ့တယ်။ အစ်ကိုကြီးနဲ့ ညီမက ဘာလို့ ပြီးပြည့်စုံတဲ့ဝိဉာဥ်စွဲကပ်ခြင်းဖြစ်နေရတာလဲဆိုတာကိုစုံစမ်းဖို့ပေါ့။ အဲ့ဒါကြောင့် လင်အာကို အပြစ်မတင်ပါနဲ့နော် " ဟု ကျန်ဖေးလင်ကစိတ်ရင်းဖြင့်တောင်းပန်လေ၏ယ
    
" ရပါတယ်ကွာ " လီတျန်းမင်ကခေါင်းငြိမ့်ကာပြောလိုက်သည်။
     
လီတျန်းမင်သည် တောက်ပသောအသားအရည်နှင့်မိန်းမပျိုလေးအား တစ်ချက်ကြည့်လိုက်သည်။ သူမသည် ဒဏ္ဍာရီလာ ပုံပြင်များထဲမှနတ်သမီးလေးအတိုင်းပင်။ သူမ၏ရေကဲ့သို့ ကြည်လင်လှသော မျက်လုံးများအားကြည့်မိပြန်သောအခါ လီတျန်းမင်၏စိတ်ထဲ၌အေးမြသွားသကဲ့သို့ ခံစားလိုက်ရသည်။
    
" နောက်ဆုံးထိတောင် ချင်အာက အဖြေကိုရှာမတွေ့ဘူးလေ။ အဲ့ဒါကြောင့် ညီမက ချင်အာကို ကျွန်မတို့ကြားမှာကံကြမ္မာက ဆုံးဖြတ်ထားတဲ့ ချည်နှောင်မှုရှိမယ်လို့ ပြောခဲ့သေးတယ်။တကယ်လို့ လောင်မီးမြို့ကို အစ်ကိုကြီးရောက်လာခဲ့ရင် ညီမဆီအလည်လာဖို့မမေ့နဲ့နော်။ ညီမ စွမ်းရည်အသစ်တွေ ဖွင့်လှစ်နိုင်ခဲ့ရင် အစ်ကိုကြီးနှင့် စမ်းသပ်ကြည့်မလို့လေ " ဟုပြောနေသော ကျန်းဖေးလင်၏ အကြည်များသည် မျှော်လင့်ချက်အပြည့်နှင့်တောက်ပနေသည်။
     
" ဟုတ်ပါ​ပြီကွယ်။ သေချာပေါက်လာခဲ့ရမှာပေါ့ " လီတျန်းမင်က ပြန်ဖြေလိုက်သည်။
    
" နင်က အခုအချိန်မှာလုံလောက်အောင်မထိုက်တန်နေသေးဘူး။ မြို့စောင့်အဆင့်တောင် ရောက်ပါ့မလားပဲ​။ အိမ်မှာပဲလယ်စိုက်နေစမ်းပါဟယ် " ဟု ချင်အာက မျက်လုံးလှန်ကြည့်ရင်းပြောလိုက်သည်။ သူမ၏တိုင်းပြည်အစာရေစာအတွက် လီတျန်းမင်အား လယ်စိုက်၍ အကျိုးပြုစေချင်စိတ်မှာ ခိုင်မာနေပုံရသည်။
    
" ချင်အာ..အစ်ကိုကြီးကို ကျောက်စိမ်းပြားပေးထားလိုက်ပါလား။ အဲ့ဒါဆိုရင် ငါ့ကိုလာရှာရင်ပိုလွယ်တာပေါ့ " သူမတို့ထွက်မသွားခင်မှာပင် ကျန်းဖေးလင်မှာ အကြံရသွားသည်။
    
" ငါမပေးချင်ဘူး " ဟု ချင်အာက ဆိုသည်။
    
" ချင်အာ "
     
" အေးဟယ်..ပေးမယ်..ပေးမယ်။ လင်အာ...နင်ပြောင်းလဲသွားတယ်နော်။ ဒီ ဝက်ငတုံးနဲ့မတွေ့ခင်တုန်းက ဒီလိုမဟုတ်ဘူး " ချင်အာမှာမပေးချင်သော်လည်း သူမ၏အိတ်ထဲမှ ကျောက်စိမ်းပြားအားထုတ်ကာ လီတျန်းမင်ဆီသို့ ပစ်ပေးလိုက်သည်။ " ဟဲ့...ဝက်ငတုံး၊ နင်ငါ့ကျောက်စိမ်းပြားနဲ့ ပေါက်ကရတွေလုပ်မယ်မကြံနဲ့နော်။ လုပ်ရင်တော့ နင့်ရဲ့ကြက်ပေါက်လေးကို အရှင်လက်လက် ကြော်ပစ်လိုက်မယ် "
      
ကြက်ကလေးမှာ ကံမကောင်းပေ။ သူ့အား ကြော်ပစ်ချင်သူ ပေါ်လာပြီဖြစ်သည်။
    
" အစ်ကိုကြီး..နောက်တစ်ခါ ဒီလို အခြေအနေမျိုး ထပ်ကြုံရရင် ကျောက်စိမ်းပြားကိုသာ ထုတ်ပြပြီး မင်းသမီးချင်အာရဲ့ လက်အောက်ငယ်သားလို့သာပြောလိုက်ပါ။ ဘယ်သူကမှ ထိရဲမှာမဟုတ်ဘူး " ဟု လင်အာက သိမ်မွေ့စွာပြောလိုက်သည်။
    
လီတျန်းမင်လည်း ကျောက်စိမ်းပြားအား ညင်သာစွာဖြင့်အိတ်ထဲသို့ထည့်လိုက်သည်။ ယခုသူလိုအပ်နေသည့်မှာ နောက်ခံဖြစ်၍ ကျောက်စိမ်းပြားသည် သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အရာဖြစ်သည်။
   
" အစ်ကိုကြီး ကျေးဇူးတင်လိုက်အုံးလေ " ကျန်းဖေးလင်က မျက်လုံးတစ်ချက်မှိတ်ပြရင်းပြောလိုက်သည်။ 
    
လီတျန်းမင်ကလည်း ချက်ချင်းပင် တုန့်ပြန်လိုက်သည်။ " မင်းသမီးချင်အာကို ကျောက်စိမ်းပြားအတွက် ကျေးဇူးတင်ပါတယ် "
    
" နင့်ကိုငါ ထပ်ပြီးသတိပေးလိုက်မယ် ကျောက်စိမ်းပြားနဲ့မဟုတ်တာတွေလုပ်ပြီး ငါ့ရဲ့သိက္ခာကိုမကျစေနဲ့"
    
" မစိုးရိမ်ပါနဲ့။ ကျွန်တော့်ရဲ့ လယ်သမား ဂုဏ်သိက္ခာနဲ့ရင်းပြီး ကျိန်ရဲပါတယ်။ကျုပ်လယ်လုပ်နေချိန်ဆိုရင်တောင်မှ ဒီ ကျောက်စိမ်းပြားကို ရွံ့မပေစေရပါဘူး " ဟု လီတျန်းမင်ကပြောလိုက်သည်။
   
ချင်မင်းသမီးလည်း ထိုစကားကြောင့် မနေနိုင်ဘဲ ရယ်မိသွားသည်။ သို့သော်လည်း သူမသည် ချက်ချင်းပင် အိန္ဒြေဆယ်ကာ မျက်နှာအား ပြန်တည်လိုက်သည်။
     
" အစ်ကိုကြီး ဒီကိုခဏလာဦး " ကျန်းဖေးလင်သည် သူတို့နှစ်ဦး၏စကားများအား နားထောင်ရင်း ပြုံးနေသည်။ ထို့နောက် သူမသည် လီတျန်းမင်အား လှမ်းခေါ်လိုက်သည်။
    
" အင်း " လီတျန်းမင်လည်း ပြန်ဖြေလိုက်ကာ သူမ၏အနားသို့သွားလိုက်သည်။
    
" အစ်ကိုကြီးကိုလျှို့ဝှက်ချက် တစ်ခုပြောပြမယ် " ဟု ကျန်းဖေးလင်ကပြောလိုက်သည်။
    
" ပြောလေလင်အာရဲ့။ အစ်ကိုနားထောင်နေတယ် " လီတျန်းမင်သည်ခေါင်းငုံကာ လင်အာ၏အနားသို့ကပ်လိုက်သည်။ ထို့သို့ကပ်သွားသောအခါ သူသည်ကျန်းဖေးလင်၏ ရနံ့သင်းသင်းလေးအား ရှူမိလိုက်သည်။ထိုရနံ့သည် ယစ်မူးစေ၏။ လီတျန်းမင်သည် သူ၏ရင်ခုန်သံများကိုပင်ပြန်ကြားနေရသည်။
     
" အစ်ကိုကနတ်သုဒ္ဓါလိုချင်နေတာမလား။ အဲ့တာက ဟိုနေရာမှာရှိတယ် " ကျန်းဖေးလင်သည် လီတျန်းမင်အားတီးတိုးပြောရင်း ညွှန်ပြနေသည်။    
      
လီတျန်းမင် ခေါင်းခြောက်သွားသည်။ သူ နတ်သုဒ္ဓါအား လိုချင်သည်ကို သူမမည်သို့သိသွားသနည်း။ ထို့အပြင် နတ်သုဒ္ဓါရှိသည်နေရာကိုပင်ပြလိုက်သေးသည်။ သူမမည်သို့ သိသွားရပြန်သနည်း။ သူမပြောသည့် အရေးကြီးသည့်အရာမှာ ထိုအရာပင်ဖြစ်ပေလိမ့်မည်။ သားရဲကီပင် မရှိသည့် ထိုမိန်းကလေးမှာ သူ့အား အကြိမ်ကြိမ် အံသြစေခဲ့သည်။ သူမ၌ လျှို့ဝှက်ထားသော စွမ်းရည်မည်မျှ ရှိနေသနည်းဟူသည်ကားတွေးပင်မတွေးတက်တော့ချေ။
     
" လင်အာ..သွားကြစို့ " ချင်အာသည် သူမ၏အနားသို့ရောက်လာသည်။ ဤ တစ်ကြိမ်တွင်တော့ သူမတို့မှာ တကယ်ထွက်ခွာရန် လိုအပ်နေပြီဖြစ်သည်။
   
" အစ်ကို...နောက်တစ်ကြိမ်ကျရင်လောင်မီးမြို့မှာ တွေ့မယ်နော် " လီတျန်းမင်က အံသြ၍ မပြီးသေးခင်မှာပင် သူမတို့ထွက်ခွာသွားသည်။ သူမတို့နှစ်ယောက် ထွက်သွားသော်လည်း လီတျန်းမင်းက ကြောင်အနေဆဲဖြစ်သည်။ သူသည် လင်အာနှင့် ထပ်တွေ့ရသည်မှာ ခနသာရှိသေးကာ ခွဲခွာရသည့်အတွက် စိတ်ပျက်သွားသည်။ ဤသည်မှာလည်း သူမ၏ရုပ်ရည်ကြောင့်မဟုတ်ပဲ သူမနှင့်အတူရှိနေချိန်တွင် ခံစားရသည့်ခံစားချက်ကြောင့်ဖြစ်လေ၏။
     
လီတျန်းမင်သည် သူမနှင့် အတူရှိခဲ့သည့် အချိန်လေးများအား ပြန်တွေးမိလိုက်သည်။ သူမသည်သန့်စင်ကာ အပြစ်ကင်းစင်ပုံပေါက်သော်လည်း တွေးတောတတ်သည်။ သူတွေးနေသည်ကိုပင် သိနေ၏။ သူမသည် သူ၏အသက်အားကယ်နိုင်ရန် မင်းသမီးချင်အာ၏ ကျောက်စိမ်းပြားအား ပေးထားရုံသာမက နတ်သုဒ္ဓါအကြောင်း ပြောနေချိန်တွင်လည်း သူဖြစ်သွားသည့်အမူအရာကို ဖမ်းနိုင်ခဲ့သည်။ ထို့အပြင် နတ်သုဒ္ဓါရှိသည့် နေရာကိုပင်ညွှန်းနိုင်သေးသည်။ သူမတွင် လျှို့ဝှက်ချက်မည်မျှရှိနေမည်နည်း။
     
ကံကြမ္မာသည် သူနှင့်ကျန်းဖေးလင်ကို တွေ့ဆုံစေကာ သူ့ရင်ထဲတွင် ထာဝရကျန်ရစ်နေမည့် အမှတ်အသားအားထားခဲ့သည်။
    
" ကောင်လေးတစ်ယောက်ကတော့မွှန်နေပြီဟေ့" ကြက်ကလေးကမူ လီတျန်းမင်အား လှောင်ပြောင်ရမည့်အခွင့်အရေးအားအဆုံးရှုံးမခံချေ။
    
" ငါ မင်းကိုရွေးခြယ်ခွင့်ပေးမယ်။ အကင်ခံမလား။ကြော်ခံမလား " လီတျန်းမင်သည် ကျန်းဖေးလင် ထွက်သွားသည့်ကိုဘက်အား ကြည့်ရင်းပြောလိုက်လေ၏။
   
" ဟမ့်၊ ငါကမင်းကို အတောင်တစ်ဖက်ထဲနဲ့တောင် အနိုင်တိုက်လိုက်လို့ရတယ်ကွ " ကြက်ကလေးက အားကျမခံ ပြန်ခံပက်လိုက်သည်။
    
"ဒါနဲ့ဆိုရင်ရောကွာ " လီတျန်းမင်က သူ ၏နက်မှောင်နေသော ဘယ်လက်အား ကြက်ကလေး၏အရှေ့သို့ မြှောက်လိုက်သည်။
     
" ဟာ...ညီအစ်ကိုကလဲ " ကြက်ကလေး၏ ပြောဆိုပုံမှာ ချက်ချင်းပင်တစ်ရာ့ရှစ်ဆယ်ဒီဂရီပြောင်းလဲသွားလေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Tahanan ng mga kuwento. Tumuklas ngayon