သားရဲခေတ်၏အရှင်သခင် Chapter(2) B

853 85 2
                                    


လီတျန်းမင်သည် ဤကြက်ပေါက်စနလေးမှာသာမာန်အသက်သားရဲမဟုတ်ကြောင်းအခြားသူများထက်ပို၍သိသည်။ထို့အပြင်အခြားဥကိုးလုံးသည်လည်း အလားတူဖြစ်နိုင်ဖွယ်ရှိလေ၏။

သူယခုမြင်ခဲ့ရသည်များမှာ ထူးထူးခြားခြားဖြစ်နေသည်။နေလုံးကြီးကိုပင်ဝါးမြိုနိုင်သည့်သားရဲ၊စကြာဝဌာကြီးတစ်ခုလုံးကိုပင်ဖမ်းဆုပ်ထားနိုင်သည့်လက်ကြီးနှင့်အဆုံးမဲ့ကြယ်အစုအဝေးကြီးတို့အားလုံးသည် မည်သို့မျှမေ့ဖျောက်၍ရနိုင်မည်မဟုတ်သည့်အရာများပင်။ 

ထို့အပြင်အလွန်တရာမှစွမ်းအားကြီးမားသော ထာဝရဖီးနစ်ငှက်ဟူသည့်သားရဲကြီးသည် သူ၏အသက်သားရဲဖစ်နေသည်။လီတျန်းမင်သည် ဤသည်အားတွေးရင်းစိတ်အားထက်သန်လာကာ သွေးများလည်းဆူပွက်လာလေတော့၏။

"မင်းက ငါနဲ့ချိတ်ဆက်ပြီးကျင့်ကြံမှာလား"ကြက်ပေါက်စနလေးအားမေးလိုက်၏။

"ဒါပေါ့ကွ။မင်းလိုကြက်ပေါက်စနလေးနဲ့ကျင့်ကြံရတာကအလွယ်လေးပဲ"ကြက်ပေါက်စနလေးသည် မာနကြီးစွာဖြင့်ပြန်ဖြေလိုက်လေ၏။

"လပြွတ်မို့လို့ ငါကကြက်ပေါက်စနလေးဖြစ်ရမှာလား။မင်းကသာကြက်ပေါက်စန"

"ကံကောင်းလိုက်တာနော်...ကြက်ပေါက်စနနှစ်ကောင်ကအတူတူကျင့်ကြံရတော့မယ်"ကြက်ပေါက်စနလေးသည်လီတျန်းမင်၏စကားအားအဖက်ပင်မလုပ်ပဲအော်ဟစ်လိုက်လေ၏။

“...!”  ထိုကြက်ပေါက်စနလေးသည် အခြားသူများနှင့်မတူချေ။

ကြက်ပေါက်စနလေးသည် သူ၏ဦးခေါင်းပေါ်သို့နေရာရွှေ့လိုက်သောအခါ လီတျန်းမင်သည် သူ့ကိုယ်သူရှေးဦးဆိုးသွမ်းသားရဲတစ်ကောင်းအားအသက်သားရဲအဖြစ်ရရှိထားသူဟူ၍ကျေနပ်ပီတိဂွမ်းဆီထိနေလေ၏။

ရှေးယခင်က ဘိုးဘေးဘီဘင်များသည် သားရဲများနှင့်ချိတ်ဆက်ကျင့်ကြံခြင်းအားတီထွင်ခဲ့ကြသည်။ထိုအခါ လူနှင့်သားရဲများအကြားကျင့်ကြံခြင်းလမ်းကြောင်းတစ်ခုဖြစ်ပေါ်လာကာ သားရဲသခင်များစွာပေါ်ထွန်းလာလေ၏။သားရဲများနှင့်သားရဲသခင်များသည် သွေးကြေားများနှင့်ဉာဏ်ပညာများအားမျှဝေခဲ့ကြကာ စွမ်းအားကြီးမားသည့်အတွဲများဖြစ်လာကြလေ၏။ 

သားရဲခေတ်၏အရှင်သခင် Vol.1Место, где живут истории. Откройте их для себя