Chapter(90)

332 38 0
                                    

အဆုံးအစွန်အထိစိန်ခေါ်ခြင်း!

ဤနေရာရှိတပည့်များအားလုံးမှာ တိုင်းပြည်၏အနာဂါတ်နှင့် နောက်ကွယ်မှ စွမ်းအားကြီးမားသူများဖြစ်ကြ၏။ ၄င်းတို့သည် ၄င်းတို့မျိုးနွယ်စု၏ တိုက်ရိုက်မျိုးနွယ်ဝင်များဖြစ်ကြကာ ကြီးမားသည့်ဂုဏ်သတင်းများစွာရှိကြလေ၏။

ထို့ကြောင့် ဤအခြေအနေအားဖြေရှင်းရန်ထွက်သွားခွင့်ပြုသည်မှာ လီတျန်းမင်အားလုံလောက်သည့်မျတ်နှာသာပေးခြင်းဟု ယူဆနိုင်လေ၏။

သို့သော် လီတျန်းမင်၏ ထိုသို့မထီမဲ့မြင်ပြုသောအပြုံးမှာ မည်သည့်အရာအားဆိုလိုသနည်း။

ဝေ့လင်းရွှမ်အား သူတို့ကကာကွယ်နေသည်ကို လှောင်ပြောင်နေသည်လော။ ဤလောက၌ ဤမျှအထိ မိုက်မဲသည့်သူ ရှိနေသေးသည်လော။ ဝေ့လင်းရွှမ်သည် ဝေ့မိသားစု၏ ပင်တိုင်စံမင်းသမီးလေးဖြစ်ကာ ဤနေရာ၌ ရောက်ရှိနေသူများထက်ပင်အဆင့်အတန်းမြင့်မားကြောင်းအား လီတျန်းမင်မသိသလော။

"မင်းက ဘာရယ်တာလဲ"  ဝေ့ချင်းရီသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

"ငါကရယ်ရမှာပေါ့ကွ။ မီးတောက်ဝါမျိုးဆက်ကျောင်းတော်သခင်ရဲ့သမီးတစ်ဖြစ်လဲ ဝေ့မျိုးနွယ်စုရဲ့မင်းသမီးလေးက သူ့ရဲကတိကို လူအများရှေ့မှာ လူသိရှင်ကြားဖျက်လိုက်တာလေ။ ဝေ့လင်းရွှမ် မင်းကဝေ့မျိုးနွယ်စုဝင်ဖြစ်ဖို့မထိုက်တန်ဘူးလို့ ငါကပြောရင် မင်းလက်ခံမလား" လီတျန်းမင်၏ စကားများသည် ကျယ်လောင်၍ ပြတ်သားနေသည်။

ထို့နောက် သူ၏ တောက်လောင်နေသော အကြည့်များသည် ဝေ့လင်းရွှမ်ဆီသို့ ကျရောက်သွားသည် ။  စွမ်းအားနှင့် ခံယူချက်အပြည့်ရှိသော သူ၏စကားများသည် လူတိုင်းကိုအားထိတ်လန့်သွားစေရန်လုံလောက်ပေသည်။ လီတျန်းမင်သည် ဤနေရာရှိ မည်သူကိုမျှမကြောက်ဟုလည်းဆိုလိုခြင်းပင်။

"လီတျန်းမင်..."  ဝေ့လင်းရွှမ်က အံကြိတ်လိုက်ကာ သူမ၏မျက်လုံးများနီရဲလာခဲ့သည်။

"ဘာကိုလာပြီး အခုမှကြောက်သလိုလို့ရွံ့သလိုလိုလုပ်ပြနေတာတုန်း။ မင်းဘက်ကအရင်စပြီးလောင်းကြေးထပ်တာနော်။ အခုမင်းဘက်ကပဲလောင်းကြေးကိုဖျက်ပြန်ပြီ။ အဲ့ဒါကြောင့် မင်းရဲ့နောက်ခံက မင်းနဲ့မထိုက်တန်ဘူးလို့ပြောတာ ငါမှားလို့လား။ ငါ့အထင်တော့ မင်းကြောင့် ကောင်းကင်သားရဲတွင်းနဲ့ ဝေ့အိမ်တော်က လုံးဝသောက်ရှက်ကဲွဲပြီပဲ"

သားရဲခေတ်၏အရှင်သခင် Vol.1Dove le storie prendono vita. Scoprilo ora