သားရဲခေတ်၏အရှင်သခင်
Chapter(44)
တောက်ပနေသောကြယ်အကြည့်!"ကြိုက်တယ်ဟေ့"
လီတျန်းမင်သည် ယခင်ကဓားမြှောင်များအား နှစ်သက်သည်။ သူသည်ယခင်က ဓားများ၊ လှံများ၊ ဓားများနှင့် လှံပုဆိန်များအား စမ်းဖူးသော်လည်း ၎င်းတို့သည် သူ့အကြိုက်မဟုတ်ချေ။
မိုးကြိုးမီးတောက်ချိန်းကြိုးအား ရရှိပြီးနောက်တွင် သူ၏စစ်မှန်သောလက်နက်အားတွေ့ရှိခဲ့သည်။ သူ၏အကျင့်စရိုက်နှင့် ဤလက်နက်သည် လိုက်လျောညီထွေရှိလှသည်။ ထို့အပြင် ပျံသန်းခြင်းလျှပ်စီးကိုးခုနှင့် မိုးကြိုးမီးတောက်ချိန်းကြိုးသည် အလွန်ပင်လိုက်ဖက်ညီနေလေ၏။
ချန်းဒင်သည် စွမ်းအားအပြည့်တိုက်ခိုက်နေသော်လည်း လီတျန်းမင်၏အနားသို့ မချဉ်းကပ်နိုင်ပေ။
လီတျန်းမင်၏ မိုးကြိုးမီးတောက်ချိန်းကြိုးသည် အကွာအဝေးလက်နတ်တစ်ခုဖြစ်သောကြောင့် ချန်းဒင်သည် လီတျန်းမင်နှင့် လေးမီတာအကွာကနေသာတိုက်ခိုက်နေရလေသည်။ ထို့အပြင် ပျံသန်းခြင်းလျှပ်စီးကိုးခု၏ပထမအကွက်အားအသုံးပြုကာ တစ်ဖက်သတ်အရိုက်ခံရခြင်းကြောင့် အားကိုးရာမဲ့ဖြစ်နေသော ချန်းဒင်သည် အံကြိတ်ကာအော်ဟစ်လိုက်လေ၏။
"လီတျန်းမင်း...ငါ-ိုး...."
"ဖောင်း"
ချန်းဒင်မှာဒေါသတကြီးအော်ဟစ်လိုက်စဥ် လီတျန်းမင်သည် ဟာကွက်တစ်ခုအားတွေ့လိုက်ရသည်။ ထို့နောက်ချန်းဒင်စကားမဆုံးခင် ချိန်းကြိုးသည် ချန်းဒင်၏ပါးပြင်နှင့်မိတ်ဆက်သွားလေသည်။
ထိုရိုက်ချက်ကြောင့်ချန်းဒင်၏သွားသုံးချောင်းသည် ပါးစပ်အတွင်းမှပျံထွက်လာကာ လောကကြီး၏လက်ဆက်သောလေများ၏ပွေ့ဖက်ခြင်းအားခံယူလိုက်ကြသည်။ တကယ်တမ်း၌ ဤတိုက်ပွဲသည် ချန်းဒင်၏ ထူးချွန်ပြောင်မြောက်သော စွမ်းရည်အားပြသရမည့်ပွဲဖြစ်ပေသည်။
"မင်းကပြောထားသလောက်လည်းမကြမ်းပါလားကွ..ချန်းဒင်ရ" လီတျန်းမင်က ရယ်မောလိုက်သည်။
"လီတျန်းမင်....မင်း..."
သွားများအားဆုံးရှုံးပြီးနောက် ချန်းဒင်၏စကားများသည်ဗလုံးဗထွေး ဖြစ်နေသည်။ သူ၏မျက်နှာမှာ ဖောင်းလာကာ ဝက်နှင်ပင်တူနေလေ၏။
ESTÁS LEYENDO
သားရဲခေတ်၏အရှင်သခင် Vol.1
Fantasíaလီတျန်းမင်ဟာမီးတောက်ဝါမျိုးဆက်ကျောင်းတော်ကြီးရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ဘဝရဲ့အချိုးကွေ့အပြောင်းအလဲတွေကြောင့် ချစ်သူရဲ့အကောက်ကြံခြင်းကိုခံခဲ့ရပြီးနောက် ဒုက္ခိတဖြစ်သွားပြီးတော့ ကျောင်းကနေနှင်ထုတ်ခံရပြီး နာမည်ပျက်လည်းပျက်ခဲ့ရပါတယ်။ လီတျန်းမင်ရဲ့ကံဆ...