သားရဲခေတ်၏အရှင်သခင် Chapter(42) A

417 55 0
                                    

လင်းရှောင်ရှောင်း!

မုဝမ်၏အသံသည် လေ့ကျင့်ကွင်းအတွင်း၌ ပဲ့တင်ထပ်သွားကာ လီတျန်းမင်အားပြောနေသော အတင်းအဖျင်းများနှင့် ဆဲရေးတိုင်းထွာခြင်းတို့မှာငြိမ်သက်သွားခဲ့သည်။ ထို့နောက် စာမေးပွဲသည် ပုံမှန်အတိုင်းတစ်ယောက်ချင်းစီဆက်၍စမ်းသပ်နေကာ ချန်းဒင်သည် လီတျန်းမင်၏အနောက်၌တန်းစီနေသောကြောင့် သူ၏အလှည့်ရောက်လာသည်။

မုဝမ်၏အော်သံကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်မှုများမှာ အနည်းနှင့်အများအဆုံးသက်သွားခဲ့သည်။ ထို့အပြင် လီတျန်းမင်သည် သူ၏ပက်ဝန်းကျင်၌ လူများနည်းပါးသွားကြောင်းကိုလည်းသတိပြုမိလိုက်သည်။ နောက်ဆုံး၌ ချို့ယွင်းချက်ရှိသောသူနှင့် မည်သူကမှအပေါင်းအသင်းလုပ်ချင်ပုံမရချေ။ လီတျန်းမင်သည် ဝင်ခွင့်စာမေးပွဲ၏ ဒုတိယအပိုင်း စတင်မည့်အချိန်အား ထောင့်တစ်နေရာ၌ အထီးကျန်စွာစောင့်ဆိုင်းရင်း မည်သူကမျှအာရုံလာမနောက်သောကြောင့်ပျော်ပင်ပျော်နေသေး၏။ ဖီးနစ်ခန်းမတွင်  သူနှင့်နည်းတူတန်းစီစောင့်ဆိုင်းနေသူများက အများအပြားရှိနေကာ အချိန်အနည်းငယ်ကြာနိုင်လေ၏။

ခဏအကြာ၌ စမ်းသပ်မှုမှာ ပြီးသွားခဲ့သည်။  ဖီးနစ်ခန်းမသည် တစ်ခါတည်းလူခြောက်ရာကျော်အား ဖယ်ရှားခဲ့သည်။

စမ်းသပ်မှုတစ်လျှောက်လုံး၌ လီတျန်းမင်သည် ကြယ်ခြောက်ပွင့်အသက်သားရဲများစွာအားတွေ့ခဲ့ရသည်။ စာမေးပွဲသည် ယခုနှစ်၌ ပြိုင်ဆိုင်မှုပြင်းထန်ကာ ယခုနှစ်၌ ကြယ်ညို့ခြင်္သေ့နှင့်ပင် ယှဉ်နိုင်သည့် အဆင့်မြင့်ကြယ်ခြောက်ပွင့်အသက်သားရဲအားပိုင်ဆိုင်သည့် သားရဲသခင်ရှစ်ယောက်ပါလာခဲ့သည်။ ၎င်းတို့သည် ဟင်္သါငှက်ကလန်၊ လျှို့ဝှတ်စာကြည့်တိုက်အဖွဲ့အစည်းနှင့် အခြားသောအဖွဲ့အစည်းများမှလူငယ်မျိုးဆက်များဖြစ်ကြလေ၏။

"ဟင်း...လွန်ခဲ့တဲ့လေးနှစ်က လင်းရှောင်တင်းရဲ့အသက်သားရဲတွေမှာအဆင့်မြင့်ကြယ်ခြောက်ပွင့်သားရဲပါတယ်။ ဒီတစ်ခေါက်စာမေးပွဲမှာ လျှပ်စီးအိမ်တော်ကကောင်တွေမှာ အဆင့်မြင့်ကြယ်ခြောက်ပွင့်အသက်သားရဲမပါကြဘူးလားမသိ" လီတျန်းမင်ကလေ့ကျင့်ကွင်းအားလှည့်ပက်ကြည့်လိုက်သည်။ ယခုအချိန်အထိ လျှပ်စီးအိမ်တော်မှ အကောင်းဆုံးအသက်သားရဲမှာ အလယ်အလက်အဆင့်ကြယ်ခြောက်ပွင့်အသက်သားရဲဖြစ်နေသောကြောင့် လီတျန်းမင်စိတ်ရှုပ်ထွေးနေမိသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora