Chapter(69)

375 54 0
                                    

အမေ့ဘဝရဲ့ရတနာသိုက်!

"ဟမ့်၊သိပ်စိတ်ဝင်စားနေတယ်ပေါ့" မုဝမ်သည် ကြက်ကလေး၏မေးခွန်းအား ရက်စက်သော အပြုံးဖြင့်ပြန်ဖြေလိုက်သည်။ ထိုအခါရင်ဟောင်သည် ထိတ်လန့်စွာဖြင့် လီတျန်းမင်၏ပေါင်ပေါ်သို့ခုန်ဆင်းသွားလေ၏။

"ကောင်းကင်ဆရာတွေအကြောင်း နင်ဘာသိလဲ။ နင်ဘယ်သူ့ကိုရွေးမယ်လို့စဥ်းစားလဲ" မုဝမ်ကလီတျန်းမင်အားမေးလိုက်သည်။ 

“လောလောဆယ်တော့မသိသေးဘူး။ ကျွန်တော်ကတစ်ယောက်ကိုမှမသိဘူးလေ"

ထိုအခါမုဝမ်က မျတ်စောင်းထိုးကာ "ဒါဆိုဒီညငါ့အခန်းထဲလာခဲ့။ အကုန်ပြောပြမယ်" 

"နည်းပြချုပ် ကျွနော်တို့နှစ်ယောက်တည်း ညဘက်ကြီးလားဗျာ။ မသင့်တော်ဘူးထင်တယ်နော်" လီတျန်းမင်က သတိကြီးစွာဖြင့်ပြောလိုက်၏။

“မဆိုင်ပါဘူး။ အဲဒါသင့်လျော်ပါတယ်။ ဒါ့အပြင် လင်မင်းသမီးကိုတောင်ဖက်ထားနိုင်တဲ့ နင့်ဆီမှာ ဘာတွေများထူးခြားနေလဲဆိုတာကို ငါက သိချင်သေးတာ" မုဝမ်က ခေါင်းညိတ်လိုက်သည်။ လီတျန်းမင်သည် ထိုအရာမှာကောင်းသောလက္ခဏာမဟုတ်ကြောင်းသိသည်။

"စိတ်မပူပါနဲ့ ငါနင့်ကိုမစားပါဘူး" မုဝမ်ကပြုံးကာပြောလိုက်၏။

“နည်းပြချုပ်...အခုတော့ ကျွန်တော်အမေကိုအိမ်ပြန်ပို့ပြီး သူ့ကိုအချိန်ပေးလိုက်အုံးမယ်။ ညကျမှကျွန်တော်နည်းပြချုပ်ကိုလာရှာမယ်လေ။ ရတယ်မလား" လီတျန်းမင်ကရှက်ရွံ့စွာဖြင့် မေးလိုက်သည်။ သူသည် မုဝမ်၏လက်ထဲမှလွတ်မြောက်နိုင်မည်မဟုတ်ချေ။

"ဒါပေါ့ နင်နဲ့ငါနဲ့တွေ့ဖို့ကအချိန်ယူလို့ရပါတယ်" မုဝမ်ကသူ့အားဆက်လက်၍နောက်ပြောင်နေလေ၏။

ထိုသို့ပြောနေသော်လည်း လီတျန်းမင်သည် မုဝမ်၏ထောင်ချောက်ထဲသိုကျဆင်းသွားခြင်းမရှိခဲ့ချေ။ ကြီးကြပ်ရေးမှူးကပင် ဖီးနစ်ခန်းမ၏နတ်သမီးဟုတင်စားရသည့်မုဝမ်အားကြိုက်နှစ်သက်နေသော်လည်း မုဝမ်ကစိတ်ဝင်စားခြင်းမရှိချေ။ မုဝမ်ပြောနေသည်အားယုံ၍ လိုက်လုပ်မိလျှင် သူသည် မုဝမ်၏အထုအထောင်းကိုသာခံရမည်ဖြစ်လေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora