Chapter(171)

311 34 2
                                    

ချီလင်မု၊ သစ္စာရှိသောတပည့်

ဒုတိယနေ့၏ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပေပြီ။  မုယန်သည် သူ၏အသက်သားရဲ၊ ဓားတစ်လက်တို့နှင့်အတူ လျှပ်စီးအိမ်တော်၏ညီအစ်ကိုသုံးယောက်အား ရင်ဆိုင်နေလေ၏။ သူတို့၏ မျိုးဆက်အတွင်း မုန်တိုင်းတပ်ဖွဲ့၏ဗိုလ်ချုပ် လင်းတျန်းကျန်းသည်  သည် နိုင်ငံတွင်း၌ အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်ပြီး ၎င်း၏ ညီအကိုနှစ်ယောက်ဖြစ်သော လင်းရှောင်ဖန်းနှင့် လင်းတျန်းရွှမ်တို့သည်လည်း လင်းတျန်းကျန်းနှင့် ကွာခြားလှသည်တော့မဟုတ်ချေ။ ထို့နောက် ထိုညီအစ်ကိုသုံးယောက်သည် မုယန်အားတိုက်ခိုက်ရန် ကွင်းထဲသို့ဝင်လာကြလေ၏။

ပရိသက်များကမူ လီယန်ဖန်းနှင့် ပညာရှိချန်းတို့၏အကြောင်းအား စိတ်မဝင်စားကြတော့ချေ။ သူတို့၏စိတ်ထဲ၌ ဟင်္သါပြဒါးနိုင်ငံ၏အထွတ်အထိပ်ကျွမ်းကျင်သူသုံးယောက်အား တစ်ဦးတည်းခွန်အားဖြင့်ဆန့်ကျင်သည့် မုယန်ကသာ တစ်ကယ့်သူရဲကောင်းဖြစ်လေ၏။ 

မုယန်သည် ဤနေရာ၌ အသက်ရှင်ကျန်ရစ်မည်လော မကျန်ရစ်မည်လောအား မည်သူကမျှမသိသော်ငြား မုယန်၏ဂုဏ်သတင်းမှာ ကြီးမားလာပေမည်။  မုယန်သည် ထိုလူသုံးယောက်အားအဘယ်ကြောင့် တစ်ပြိုင်နက်စိန်ခေါ်ရသည်အားမည်သူကမျှနားမလည်ကြချေ။ မုယန်အတွက်မူ ပညာရှိချန်းထားရစ်ပေးခဲ့သည့် အခွင့်အရေးအား မဖြုန်းတီးနိုင်ချေ။ မုယန်လုပ်နေသည်များအားဝေ့မျိုးနွယ်စုကသာ သေချာသိပေ၏။

ကွင်းအတွင်း၌ သားရဲသခင်များသည် ၎င်းတို့၏တိုက်ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်သည်။ လင်းညီအစ်ကိုများသည် ၎င်းတို့ဝင်ရောက်လာစဉ်တွင် ၎င်းတို့၏အသက်သားရဲများအား ဆင့်ခေါ်ခဲ့ပြီး ၎င်းတို့အားလုံးသည် သက်ဖြက်လိုသည့်စိတ်ဆန္ဒများပြည့်နှက်နေကြလေ၏။

ညီအစ်ကိုသုံးယောက်သည် စုစုပေါင်း သားရဲလေးကောင်ကို အမိန့်ပေးကြသည်။  ပထမဆုံးအသက်သားရဲမှာ ယမန်နေ့က မြင်တွေ့ခဲ့ရသည့် တိမ်လျှပ်စီးခြင်၏အရွယ်အစားခန့်ရှိသော နကျယ်ကောင်တစ်ကောင်ဖြစ်လေ၏။ ၎င်းမှာ တတိယညီဖြစ်သူ လင်းတျန်းရွှမ်၏ အဆင့်မြင့်ကြယ်ခုနှစ်ပွင့်သားရဲဖြစ်ပြီး မိုးကြိုးသစ်သားနကျယ်ကောင်ဖြစ်ပေသည်။ ၎င်းသည် သစ်သားနှင့် လျှပ်စီးဒြပ်စင်နှစ်မျိုးအားအသုံးပြုနိုင်သည့် အင်းဆက်အမျိုးအစားသားရဲဖြစ်၏။

သားရဲခေတ်၏အရှင်သခင် Vol.1Wo Geschichten leben. Entdecke jetzt