သားရဲခေတ်၏အရှင်သခင် Chapter(57)

395 46 0
                                    

သူ့ခြေထောက်ကိုချိုးပစ်!

"နည်းပြချုပ်....ကျေးဇူးပြုပြီး ရှင်းနဲ့ချန်းကုန်သည်အစည်းအရုံးဆီကို ကျွန်တော့်ရဲ့စိန်ခေါ်စာကိုပို့ပေးပါဦး။ ပြီးတော့ သခင်မရွှယ်လန်ကိုလည်းပြောလိုက်ပါ။ သူ့ရဲသားချန်းရောင်သာသတ္တိရှိရင် စိန်ခေါ်တာကိုလက်ခံပါလို့"

“ဒါက စည်းမျဥ်းစည်းကမ်းတွေနဲ့ ဆန့်ကျင်နေတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ နင့်ကို ငါကူညီမယ်။  ဒါပေမယ့် ငါ့အမြင်အရတော့ နင်ဟာတော်တော်အရိုက်ခံချင်နေတဲ့ကောင်ပဲ။ သူကတစ်ကယ့်ပါရမီရှင်နော်"

ထိုစကားအားကြားသောအခါ လီတျန်းမင်ကပြုံးရုံသာပြုံးလိုက်၏။ သူ၏မျတ်လုံးများတွင်မူ စိတ်အားထက်သန်မှုများနှင့်ပြည့်နှက်နေလေ၏။ သူ့ဘက်ကကြွားလုံးလိုက်ထုတ်နေဖို့မလိုချေ။ ချန်းရောင်သာလာရဲလျှင် ထိုအကောင်အားရိုက်နှက်လိုက်ရုံသာ။ 

ထို့နောက် မုဝမ်သည် ရှင်းနှင့်ချန်ကုန်သည်အစည်းအရုံး၏သီးသန့်အခန်းဆီသို့ စိန်ခေါ်စာပေးပို့ခဲ့သည်။

တစ်ချိန်တည်းမှာပင် လီတျန်းမင်သည် စင်မြင့်ပေါ်သို့ခုန်တက်ကာ စိန်ခေါ်စာပေးပို့ခဲ့သည့်နေရာအား ကြည့်ရှုလိုက်သည်။ 

"ချန်းရောင်...သတ္တိရှိရင်ဆင်းလာခဲ့စမ်း" 

မီးတောက်ဝါလေ့ကျင့်ကွင်း၌ ထိုအသံကရုတ်တရက်ပျံ့လွင့်သွားကာ လူတိုင်း၏ အာရုံအားဆွဲဆောင်သွားခဲ့သည်။

လျူချင်းယန်က လီတျန်းမင်အား လူတိုင်းမှမှတ်မိသွားစေရန် အောင်မြင်စွာပြုလုပ်ပေးခဲ့သည်။ ထို့ကြောင့်ပင် လူတိုင်းသည် လီတျန်းမင်အားသင်ခန်းစားပေးစေချင်နေကြသည်။ ယခု၌မူလီတျန်းမင်သည် မဆင်ခြင်ပဲ ပို၍ရိုင်းစိုင်းစွာပင်ပြုလုပ်နေသေးလေ၏။ 

သူ၏အဆင့်လောက်ဖြင့် ချန်းရောင်အားစိန်ခေါ်နေသည်လော။

"ဒီကောင်ကတော့ကွာ....နောက်ဟာသအလုပ်ခံချင်နေပြန်ပြီဟေ့" လီတျန်းမင်၏စိန်ခေါ်မှုအား လူအများက ချက်ချင်းပင်ရယ်မောလိုက်ကြသည်။

ယခုအချိန်မှာ ဒုတိယနေရာနှင့်ပထမနေရာအားဝင်ပြိုင်ရမည့်အချိန်ပင်။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora