Chapter(85)

344 44 0
                                    

ကောင်းကင်ဝိဉာဥ်ရိုက်ချက် သုံးဆယ့်ခြောက်ချက်!

လင်အာ၏တောင်းဆိုမှုနှင့် နှိုင်းယှဉ်ပါက အဆင့် သို့မဟုတ် အရည်အချင်း ကွာခြားချက်များသည် လီတျန်းမင်အတွက် ဘာမှမဟုတ်တော့ချေ။ လီတျန်းမင်သည်ဝေ့ချင်းရီအား စိုက်ကြည့်နေကာ သူ၏မျတ်လုံးများ၌ တိုက်ခိုက်လိုစိတ်များကလောင်ကျွမ်းနေလေ၏။  "မင်းရဲ့စိန်ခေါ်မှုကို ငါလက်ခံတယ်၊ ဒါကြောင့် ဆော်ပလော်တီးခံရဖို့သာပြင်ထား"

မှန်ပေ၏။ ထိုစကားများသည် လူအုပ်ကြီးအား တသောသောညံအောင် ရယ်မောသွားစေခဲ့၏။

"အစ်ကိုကြီး၊ လင်အာကအစ်ကိုကြီးကိုကူညီမယ်" ကျန်းဖေးလင်သည် လီတျန်းမင်၏အနားတွင် ခိုင်မာစွာဖြင့်ရပ်တည်နေကာ သူမကလည်း ဝေ့ချင်းရီအား စူးစူးဝါးဝါးစိုက်ကြည့်နေလေ၏။

ကျန်းဖေးလင်၏ အကူအညီသာပါလျှင် လီတျန်းမင်ကဝေ့ချင်းရီအား အနိုင်ရရန် ယုံကြည်မှုရှိလေ၏။ သို့သော်လည်း တစ်ယောက်ချင်းစီတိုက်ခိုက်လျှင်လည်း သူမည်မျှအထိခံနိုင်ရည်ရှိမည်အား မြင်ချင်လိုသေး၏။ ကျန်းဖေးလင်၏ လက်ဆယ်ချောင်း၌ မတူညီသည် ချိပ်တံဆိပ်ဆယ်ခုရှိကာ ဝိဉာဥ်ပူးကပ်ခြင်းသည် ထိုချိပ်တံဆိပ်ဆယ်ခု၏စွမ်းရည်များထဲမှတစ်ခုသာဖြစ်လေ၏။

"စောက်ရမ်းတွေသတ္တိရှိပြနေတယ်ပေါ့ဟုတ်လား" ဝေ့ချင်းရီသည် သူစိန်ခေါ်လိုက်သည့်အတွက် လီတျန်းမင်က ကြောက်ရွံ့စွာဖြင့်ထွက်ပြေးသွားမည်ဟုမျှော်လင့်ထားခဲ့သည်။ သို့သော် လီတျန်းမင်က ထိုစိန်ခေါ်မှုအား လက်ခံလိုက်သည့်အတွက် သူ၏ရယ်မောနေခြင်းအားရပ်တန့်လိုက်ရလေ၏။ ထို့ကြောင့်၊ ၎င်းတို့၏ တိုက်ပွဲသည် ယခုအခါ တရားဝင် ပြိုင်ဆိုင်မှု ဖြစ်လာကာ နောက်ဆက်တွဲ ဖြစ်ပျက်လာသမျှအတွက် သူ တာဝန်ယူနေစရာ မလိုတော့ပေ။

“နင့်အတွက်အခွင့်အရေးရလာပြီ။ ငါက လင်မင်းသမီးကိုရင်ဆိုင်ပေးထားမယ်။ သူကဒီစောက်ရူးရဲ့အရူးလုပ်တာကိုခံနေရတာ။ နင်က အဲ့ဒီကောင်ကို နင့်ခြေထောက်အောက်မှာတောင်းပန်လာအောင်လုပ်ထားလိုက်"

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora