သားရဲခေတ်၏အရှင်သခင် Chapter(4)

661 77 0
                                    


ဝတ်အားသစ်ပင်ပေါ်သို့တင်ပေးလိုက်သောမီးတောက်လက်ဝါး!

လီရန်ဖန်း၏သမီးလီရွှယ်ကျောင်းသည်အသက်ဆယ်ငါးနှစ်အရွယ်ဖြင့် သားရဲသွေးကြောအဆင့်ငါးသို့ရောက်ကာ ကြီးမားသည့်တိုးတက်မှုအားပြသခဲ့သည်။သူမ၏အသက်သားရဲဖြစ်သော မီးတောက်သီမ်းငှက်သည်မီးအမျိုးအစားငှက်တစ်ကောင်ဖြစ်၏။ 

လီရွှယ်ကျောင်းသည် လီကျန်းမင်၏မခံချင်အောင်ပြောဆိုနေသည့်စကားများမဆုံးခင် သူမ၏အသက်နယ်မြေမှ မီးတောက်သိမ်းငှက်အားခေါ်ထုတ်လိုက်လေ၏။ 

မီးတောက်သိမ်းငှက်ကြီးသည် လီရွှယ်ကျောင်း၏အထက်၌ပျံဝဲနေလေသည်။လီရွှယ်ကျောင်း၏အနားတစ်ဝိုက်အားစူးစမ်းနေစဥ် ၄င်း၏အမွှေးအတောင်များမှမီးတောက်များကထွက်ပေါ်နေ၏။အထင်ရှားဆုံးမှာအဆိပ်လူးထားသောဓားမြောင်များဖြင့်တူသည့်လက်သည်းများဖြစ်လေ၏။

"အစ်ကိုကြီးတျန်းမင်ရေ..အစ်ကိုကြီးရဲ့အသက်သားရဲမရှိတော့ဘူးဆိုမှတော့ ဟောင်လင်းရဲ့မီးတောက်တွေနဲ့လာအကင်ခံလိုက်ပါဦးလား"လီရွှယ်ကျောင်းသည်ရယ်မောကာပြောလိုက်သည်။

“ငါ့မှာ အသက်သားရဲမရှိဘူးလို့ ဘယ်သူပြောလဲ”လီတျန်းမင်သည်အိပ်ပျော်နေဆဲဖြစ်သော ကြက်ပေါက်စနလေးရှိရာသူ့အခန်းဆီသို့ လျှောက်သွားသည်။

"အစ်ကိုကြီးက လိမ်ဖို့ကြိုးစားနေတာပဲ။အစ်ကိုကြီးရဲ့အသက်သားရဲမိုက်ဒက်စ်ကအမွှေးတွေအကုန်အနူတ်ခံရပြီး စုတ်ပြက်သွားအောင်အလုပ်ခံရပြီးမှသေသွားတာလူတိုင်းသိတယ်"

လီတျန်မင်းသည် အခန်ထဲသို့ရောက်သည်နှင့်လီရွှယ်ကျောင်းအားလျစ်လျူရှုကာ အိပ်ပျော်နေဆဲဖြစ်သည့် ကြက်ကလေးအား ဆွဲကိုင်လိုက်သည်။ထို့နောက် ၎င်းအားနှိုးလာစေရန်ခြေထောက်မှ ဆွဲကိုင်လိုက်သည်။

"ဟေ့ကောင်...ငါ့ဟာငါမောင်းမသုံးထောင်နဲ့ပျော်ရွှင်နေတာကိုဘာလို့နှောက်ယှက်တာလဲကွ " ထာဝရငရဲဖီးနစ်သည် သူ၏ခြေထောက်အား ဆွဲကိုင်နှောက်ယှက်ခြင်းခံလိုက်ရသဖြင့်ပျော်ရွှင်ပုံမရချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now