Chapter(172)

614 48 11
                                    

နတ်ဘုရားပြစ်ဒဏ်

အဝိုင်းခံထားရသည့်အချိန်၌ပင် မုယန်သည် သူ၏မှင်ချီလင်၏ဝိဉာဥ်စွမ်းရည်အားအသုံးပြု၍ သားရဲတစ်ကောင်အား သတ်နိုင်ခဲ့သည်။  ဤသည်မှာအလွန်ပင် စွဲမက်ဖွယ်ကောင်းသောမြင်ကွင်းတစ်ခုပင်။ ကွင်းတွင်းရှိ လူအများအပြားမှာလည်း အံ့အားသင့်စွာဖြင့် မက်တပ်ထရပ်ကြကုန်၏။ သို့သော်ဤသည်မှာ အစသာရှိသေးကြောင်းအား ဤလူများမသိကြပါချေ။

“ငါ့ဘဝတစ်လျှောက်လုံးမှာ ငါဟာအပြစ်မဲ့တဲ့သူတွေအပေါ်တစ်ခုမှမနာကျင်စေခဲ့ဖူးဘူး။ ဒါပေမယ့် လူတွေဟာ ငါချစ်တဲ့အရာတွေ ငါ့အတွက်အရမ်းအရေးကြီးတဲ့အရာတွေအပေါ်ကိုထိပါးလာပြီဆိုရင်တော့ အဲ့ဒီလူတွေအကုန်လုံးဟာ သွေးနဲ့ပေးဆပ်ရလိမ့်မယ်။ ငါ့ဆရာကြောင့်ပဲ ဟောဒီမုယန်ဆိုတဲ့ငါဖြစ်လာတာ။ သူက သူသိသမျှအကုန်လုံးကို ငါ့ကိုသင်ပေးခဲ့ပြီးတော့ သားရဲတွင်းသခင်နေရာကိုတောင်မှ သူ့သားကိုကျော်ပြီးငါ့ကိုပေးခဲ့တယ်။  ဒါကြောင့် လျှပ်စီးအိမ်တော်က ဝေ့မျိုးနွယ်ကို ချေမှုန်းပစ်ဖို့ ဆန္ဒရှိနေမယ်ဆိုရင် ငါမုယန်က မင်းတို့မျိုးနွယ်က နောက်ဆုံးဝိညာဉ်တွေအထိ သတ်ပစ်မယ်"

မုယန်၏အသံမှာ ကျယ်လောင်လှ၍ နတ်ဆိုးဆန်နေ၏။ မှင်ချီလင်၏ ဝိညာဉ်စွမ်းရည်များ ထည့်သွင်းထားသော သူ၏ စကားသံများသည် လေ့ကျင့်ကွင်းတစ်ခုလုံးကိုပင်တုန်ခါသွားစေလေ၏။

"သေစမ်း!" မုယန်၏ဟိန်းဟောက်သံသည် ကောင်းကင်ဘုံမှ ထွက်ပေါ်လာကာ လင်းညီအစ်ကိုများ၏ ကံကြမ္မာအား ဖုံးကွယ်ထားလိုက်ပုံပင်။ ထိုအချိန်၌ မုယန်နှင့် သူ၏အသက်သားရဲတို့သည် သေမျိုးဘုံသို့ ဆင်းသက်လာသော နတ်ဘုရားများကဲ့သို့ဖြစ်နေကြလေ၏။

လူသားပျက်သုဥ်းခြင်းဓားချက်၊ ဝိညာဉ်ဖျက်ဆီးခြင်း.....၎င်းသည် ဓားသိုင်းသာမက လှုပ်ရှားမှုသိုင်းကျင့်စဥ်ကိုပါထည့်သွင်းထားသည်။ ထို့နောက် မုယန်သည် ခြေတစ်လှမ်းသာလှမ်းကာ သူ၏မူလနေရာမှမီတာသုံးရာအကွာသို့ရောက်သွားလေ၏။

လင်တျန်းရွှမ်သည် သူ၏လေးကိုင်းအားဆွဲနေသည့်အချိန်၌ အနက်ရောင် အရိပ်တစ်ခုသည် သူ၏ဘေးမှဖြက်သွားလေ၏။ ထို့နောက် သူ၏ခေါင်းမှပြုတ်ကျသွား၍ မိုကြိုးသစ်သားနကျယ်ကောင်၏ဦးခေါင်းမှာလည်းမရှိတော့ချေ။ 

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Dec 15, 2022 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

သားရဲခေတ်၏အရှင်သခင် Vol.1Hikayelerin yaşadığı yer. Şimdi keşfedin