သားရဲခေတ်၏အရှင်သခင် Chapter(34)

480 60 0
                                    

အမေ့ကိုဘယ်သူမှနာကျင်အောင်မလုပ်စေရဘူး!

"ဒါဆို ကျွန်တော်တို့နေဖို့အဲ့ဒီမိန်းမမစီစဉ်ပေးမချင်း သူတို့ရဲ့ချန်းရောင်တည်းခိုခန်းမှာစောင့်နေရမှာပေါ့" လီတျန်းမင်သည် လောင်မီးမြို့တော်၏ လမ်းမများတစ်လျှောက် မြင်းလှည်းအား မောင်းနှင်လာခဲ့သည်။  ချန်းရောင်တည်းခိုခန်းသည် လောင်မီးမြို့၏ အကောင်းဆုံးတည်းခိုခန်းများထဲမှတစ်ခုဖြစ်ပြီး ၎င်းတို့ပိုင်ဆိုင်သည့်ငွေဖြင့် ထိုနေရာ၌ တစ်ညပင်တည်းခိုနိုင်မည်မဟုတ်ချေ။

"ချန်းရောင်တည်းခိုခန်းဆီမသွားနဲ့တော့" ဝေ့ကျင်းက လှည်းအတွင်းမှ ပြောလိုက်သည်။

လီတျန်းမင်ကလည်းနုံအသူမဟုတ်ချေ။ သူတို့၏အရှေ့၌ ရွှယ်လန်သည် ဟန်ဆောင်မှုအားဖုံးကွယ်မထားသောကြောင့် သူမသည် သူတို့၏နောက်ကွယ်၌ မည်သည့်အရာများအားလုပ်မည်ကိုခန့်မှန်းနိုင်ပေသည်။

"အမေရယ် အားလုံးကို မေ့လိုက်ပါဗျာ။  အခုအချိန်မှာ သူတို့က တခြားသူတွေရဲ့ ကံဆိုးမှုကို အခွင့်ကောင်းယူဖို့ မစောင့်နိုင်တော့တဲ့ပုံဖြစ်နေပြီ။ အနှစ်နှစ်ဆယ်အတွင်းမှာ အများကြီး ပြောင်းလဲသွားနိုင်တယ်။" လီတျန်းမင်က ခေါင်းယမ်းလိုက်သည်။

"သူမက တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး" ဝေ့ကျင်း၏ အသံသည် အနည်းငယ်တုန်ယင်သွားသည်။

"အမေ...သားအတွက် တခြားသူတွေကို ဦးမညွှတ်စေချင်ဘူး။ ပြီးတော့ အဲဒါအတွက်နဲ့ အမေ့ကိုဘယ်သူကမှ နာကျင်အောင်လုပ်ဖို့လည်းခွင့်မပြုနိုင်ဘူး" လီတျန်းမင်သည်   ယနေ့အဖြစ်အပျက်များကြောင့် သူ၏အမေသည် စိတ်မကောင်းဖြစ်ခဲ့ရကြောင်းနှင့် အရာအားလုံးထက် ပို၍ဒေါသထွက်စေခဲ့ရကြောင်းသိနေ၏။ သူမသည် အရူးလုပ်ခံခဲ့ရကာ သူမ လေးနက်စွာ ယုံကြည်ရတဲ့သူတစ်ယောက်၏ လှည့်စားခြင်းအား ခံခဲ့ရသည်။  ဝေ့ကျင်းသည် ရွှယ်လန်အား သူမ၏ညီမအရင်းတစ်ယောက်ဟုမသက်မှတ်ထားပါက ထိုကဲ့သို့သွား၍အကူအညီတောင်းမည်မဟုတ်ချေ။ သို့သော် နောက်ဆုံးတွင် မအောင်မြင်ခဲ့ရုံမကအရှက်ပါကွဲလာသေးလေသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Nơi câu chuyện tồn tại. Hãy khám phá bây giờ