Chapter(146)

292 39 0
                                    

ဒီနေ့ဒီအချိန်ကစပြီး ငါဟာမူလပျတ်စီးခြင်းသက်ရှိတွေနဲ့ပြန်လည်ဝင်စားခြင်းအားလုံးတို့ရဲ့အရှင်သခင်ပဲဖြစ်တယ်!

နောက်ဆုံး၌ ဝေ့ဇီခွန်းနှင့် ဝေ့တျန်းရှုန်တို့သာကျန်တော့၏။ သို့သော်လည်း မကြာခင်မှာပင် သူတို့လည်းထွက်သွားကြ၏။

“တကယ်တော့ မင်းကိုလည်း ငါပြောဖူးပါ။တယ်။ ဆရာကအပြောပဲရှိတာ။ သူဒေါသထွက်နေတာအနှစ်နှစ်ဆယ်တောင်ရှိပြီလေ။ ဒါပေမယ့် သူက ကျင်းအာအပေါ်သိပ်ချစ်ရှာတာ" မုယန်က ခေါင်းခါလိုက်သည်။

လီတျန်းမင်ကလည်းမငြင်းချေ။ အဘိုးကြီးသည် လျှာစောင်းထက်နေသော်လည်း သူ့အားအမြဲအခွင့်အရေးများပေးနေခဲ့သည်။ ထို့ကြောင့် ဝေ့တျန်းကန်သည် ကိုယ့်ကိုကိုယ်ဝန်ခံရန်သာလိုတော့သည်။

"သွားကြရအောင်!"  နှစ်ယောက်သားသည် မိုးရေစံအိမ်ဆီသို့ ဦးတည်သွားခဲ့ကြကာ ကြက်ကလေးသည်လည်း လေထဲ၌ အားတက်သရော ပျံဝဲလာသည်။

"ဟားဟား အ​မေ့ကိုကယ်နိုင်တော့မယ်။ မြှောင်မြှောင်...အစ်ကိုကြီးက ငါတို့ကိုအမေ့ကိုတွေ့ဖို့ခေါ်သွားတော့မှာကွ" ​

“အစ်ကိုကြီးကြက်....ကျွန်တော့်ကို မနှောက်ယှက်ပါနဲ့။ ကျွန်တော်အိပ်ချင်နေပြီ...မြှောင်"

မိုးရေစံအိမ်သို့ရောက်သွားကြသောအခါ လီတျန်းမင်မှာအနည်းငယ်တုန်လှုပ်သွားသည်။ ဝေ့ကျင်းသည် လွန်ခဲ့သည့်နှစ်များက လီယန်ဖန်းအား အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်းဟူသော အသေးစိတ်အချက်အလက်များအား သူနားမလည်သေးပေ။  အချစ်ကြောင့်ပေလော  ဒါမှမဟုတ် တခြားတစ်ခုခုပေလော။  သူမသာသိပေမည်။

သို့သော်လည်း လီတျန်းမင်ကား ထိုရွေးချယ်မှုအားမကျေနပ်နေချေ။ သူ၏စိတ်ထဲ၌ မုယန်နှင့် ပညာရှိချန်းတို့သည် သန်မာ၍အရည်အချင်းရှိကာ ချောမောပြေပြစ်ကြသည်။ ထိုအပြင် ပင်ကိုယ်စရိုက်မှာ လိမ္မာပါးနပ်ကြကာ ဟာသဆန်၍ သတ္တိရှိကြသည်။

သို့သော် အတိတ်က ကိစ္စများသည် ယခုအချိန်၌ အရေးမကြီးတော့ချေ။ အမှန်တကယ် အရေးကြီးသည်မှာ သူမသည် ဆယ်စုနှစ်များစွာခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများမှ လွတ်မြောက်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Onde histórias criam vida. Descubra agora