Chapter(103)

314 40 1
                                    

နက်နဲတောင်တန်းကိုးခုဓားသိုင်း!

မုယန်က ဝေ့ဂေါင်ဟောင်သည် ဝေ့တျန်းကန်၏စံနှုန်းများနှင့် မကိုက်ညီသော်လည်း လီတျန်းမင်သည် အတော်ပင်ကြိုးစားရအုံးမည်ဖြစ်ကြောင်းပြောခဲ့ဖူး၏။

ပူပြင်းသောနေရောင်အောက်တွင် ဝေ့ဂေါင်ဟောင်၏ကိုယ်ခန္ဓာသည် ရွှေရောင်တောက်ပနေ၍ ကြမ်းကြုတ်သောအော်ရာနှင့်ကြွက်သားများက သားရဲတစ်ကောင်အလားထွက်ပေါ်လာခဲ့သည်။ ထို့အပြင် တောင်ပင်ရှစ်ခုရွှေလင်းယုန်၏ ထူးခြား၍ ဓားများနှင့်တူသော အမွှေးများသည် ကြည့်ရှုနေသူများအား ကြက်သီးထစေလေ၏။

ထိုကဲ့သို့ ပြင်းထန်သောပေါင်းစပ်မှုဖြင့် ဝေ့ဂေါင်ဟောင်သည် အမှန်တကယ်ပင် ကောင်းကင်ကလေးငယ်များထဲမှတစ်ယောက်အဖြစ်သက်မှတ်ခံရထိုက်ပေသည်။

ဝေ့ဂေါင်ဟောင်၏ ရွှေရောင်မျက်လုံးများက လီတျန်းမင်ကိုသာကြည့်နေ၏။ ကျောက်တံတားကြီး တုန်ခါသွားသောအခါတွင် သူသည် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၍ သူ၏သားရဲကီအားလုံးသည် သူ၏လက်သီးများ၌စုစည်းကာ လီတျန်းမင်အားထိုးချလိုက်သည်။

၎င်းသည် အဆင့်မြင့်အရင်းအမြစ်အဆင့် တိုက်ပွဲဝင်ကျင့်စဥ်ဖြစ်သော ဗာဂျရာလက်သီးပင်။ ဝေ့ဂေါင်ဟောင်၏ ကြယ်ခုနစ်ပွင့်အသက်သားရဲသည် သူ့အားဝိညာဉ်အရင်းအမြစ်ခုနစ်ခုအားဖြစ်ပေါ်စေ၍ ဗာဂျရာသားရဲကီနှင့်ပေါင်းစပ်ကာ လေအားခွင်းရန် လုံလောက်သော စွမ်းအားကိုပေးခဲ့သည်။ သူ၏လက်သီးများသည် မြန်ဆန်လွန်းကာ လီတျန်းမင်အား တုံ့ပြန်ရန်အခွင့်အရေးမပေးခဲ့ချေ။ ထို့ကြောင့် လီတျန်းမင်က သူ၏ညာလက်ဖြင့် ကျန်းဖေးလင်၏ခါးအားကိုင်ထားကာ ဘယ်လက်ဖြင့်လက်သီးအားခုခံရန်ပြင်လိုက်၏။ ခဏအကြာတွင် သတ္တုချင်းတိုက်မိသံနှစ်ခုထွက်ပေါ်လာလေ၏။

"ကျိုးသွားပြီ!"  ဝေ့ဂေါင်ဟောင်မှာ လီတျန်းမင်သည် သူ၏လက်သီးအားပိတ်ဆို့ရန် သတ္တိရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။  ဤသို့ဖြင့် လီတျန်းမင်၏လက်မှာကျိုးသွားမည်ဖြစ်လေ၏။   သို့သော် သိသာထင်ရှားသော တစ်ခုတည်းသောအရာမှာ လီတျန်းမင်၏လက်နှစ်ဖက်၌ အလှလေးအားကိုင်ထားကာ လေထဲတွင် လှည့်ပတ်နေခြင်းဖြစ်သည်။  ခဏအကြာ၌ သူသည် ထိုထိုးနှက်မှုနောက်ကွယ်မှ စွမ်းအားအများစုကို ဖယ်ထုတ်ကာ တည်ငြိမ်စွာဖြင့် ဆင်းသက်လာ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now