Chapter(102)

310 32 1
                                    

အသက်သားရဲများ၏ဘုရင်!

အတောင်ပံခြောက်ခုရွှေလင်းယုန်သည် ၎င်း၏ဝိညာဉ်စွမ်းရည်ကိုပင် အသုံးမချနိုင်မီ ကြက်ကလေး၏အနိုင်ယူခြင်းအားခံခဲ့ရသည်။ ဤသည်မှာ ဝေ့လင်းရွှမ်အား စိတ်ဓာတ်ကျစေရန်လုံလောက်သည်ဟုပြောနေစရာပင်မလိုတော့ချေ။ သူမ မည်သည်အရာကိုမျှပြန်၍မလုပ်နိုင်ခင်၌ ကြက်ကလေးမှာ မီးတောက်လျှပ်တစ်ပြက်အရိပ်အားသုံးကာ ပျောက်ကွယ်သွားပြန်လေ၏။

"လင်းရွှမ် သတိထား!"  ဝေ့ဂေါင်ဟောင်နှင့်ကျန်လူများသည်ပင် အေးဆေးမနေနိုင်တော့ချေ။

"သေစမ်း!"  သူမ၏ အသက်သားရဲသည် ရှုံးနိမ့်သွားသောကြောင့် ဒေါသူပုန်ထနေသောအခြေအနေသို့ ဝင်ရောက်လာစဉ် ဝေ့လင်းရွှမ်၏ မျက်လုံးများသည် နီရဲလာခဲ့လေ၏။ သူမ၏မျက်လုံးများအား မယုံကြည်နိုင်ချေ။ လီတျန်းမင်သည် မည်ကဲ့သို့ စွမ်းဆောင်နိုင်သည်အား သူမသိသည်။ ယခင်က လင်မင်းသမီး၏ပူးကပ်ခြင်းကြောင့်သာဝေချင်းရီအားအနိုင်ယူခဲ့ခြင်းပင်။ လင်မင်းသမီးသည် ယခု သူနှင့်ဝိဉာဥ်ပူးကပ်ခြင်းအားမလုပ်ဆောင်သေးသော်လည်း သူမ၏ ရွှေလင်းယုန်အားရိုက်နှက်နိုင်နေလေ၏။ သူမ၏ ရှုံးနိမ့်မှုအား ငြင်းဆိုရန် ပိုကြိုးစားလေ၊ သူမသည် ပို၍ စိတ်ဓာတ်ကျလာလေပင်။ ထို့နောက် သူမ၏လက်ထဲမှရွှေမှုန်ဓားဖြင့် စုစုပေါင်းဓားအလင်းဆယ့်ရှစ်ခုအားထုတ်ဖော်ကာ ကြက်ကလေးဆီသို့ပစ်လွှတ်လိုက်၏။

ဤသားရဲသည် ဧကန်မုချ ယင်းအား ဆန့်ကျင်ရန် နည်းလမ်းမရှိပေ။

ထိုအခါ ရင်ဟောင်သည် ကြယ်တစ်စင်းကဲ့သို့ပျံတက်သွား၍ ၎င်း၏ခြေသည်းများအား ပိုမိုအားကောင်းစေသော အရှိန်အဟုန်ဖြင့်ပြေးထွက်လိုက်၏။ ၎င်း၏ သွက်လက်မှုနှင့် ၎င်း၏ခြေသည်းများထံမှပျက်စီးခြင်းများသည် ဝေ့လင်းရွှမ်၏အဆိုးရွားဆုံးအိပ်မက်ဆိုးဖြစ်လာတော့မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ ဓားအလင်းဆယ့်ရှစ်ခုသည် ကြက်ကလေးအား ထိမှန်သွားပုံရသော်လည်း၊ ၎င်းတို့တစ်ခုစီတိုင်းသည် ပေါ့ပါးသောလေကိုသာ ဖြတ်ကျော်သွားကြသည်။  ဤသည်မှာ ဝေ့ကျန်းကန်ပင် ယခင်က ချီးကျူးခဲ့ဖူးသော သူမ၏ဂုဏ်အယူရဆုံးဓားသိုင်းပင်။ ထို့နောက် ဝေ့လင်းရွှမ်သည် မြေပြင်ပေါ်သို့ အရိုးအကျိုးပျက်သည့်ပုံစံဖြင့်လဲကျသွားကာ သူမ၏အရှေ့တွင်ပေါ်လာသည့် ကြက်ကလေးအား ထိတ်လန့်စွာ ကြည့်နေမိသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Où les histoires vivent. Découvrez maintenant