သားရဲခေတ်၏အရှင်သခင် Chapter(40)

431 58 0
                                    

မျတ်စိကျိန်းအောင်တောက်ပသည့်အလင်း!

လီတျန်းမင်သည် နည်းပြချုပ်မုဝမ်အနားသို့ရောက်ရှိလာသောအခါ လူအနည်းအငယ်ကသာ သူ့အား အာရုံစိုက်ခဲ့ကြသည်။ ဥပမာအားဖြင့်၊ သီးသန့်ခန်းတစ်ခု၌ ချန်းစံအိမ်မှအမျိုးသမီးများသည် ချန်းရောင်၏အောင်မြင်မှုအားကြွားဝါ၍ကောင်းဆဲဖြစ်လေ၏။ ထိုအဖွဲ့အား ဦးဆောင်သူမှာ သူတော်စင်ချန်၏ဇနီးဖြစ်သူရွှယ်လန်မှလွဲ၍အခြာမည်သူဖြစ်နိုင်မည်နည်း။ သူတို့၏ခင်ပွန်းများအားလုံးသည် ရှင်းနှင့်ချန်းကုန်သည်အစည်းအရုံးမှ ရာထူးကြီးဖြစ်ကြကာ လောင်မီးမြို့၏အချမ်းသာဆုံးအမျိုးသမီးများဖြစ်ကြလေ၏။

“ညီမလန်ရဲ့ကလေးကအရမ်းတော်တာပဲ။ ညီမရဲ့သားနှစ်ယောက်လုံးက ပါရမီရှိပြီးအရမ်းကိုတော်ကြတာ။ ငါ့သားကတော့ သူတို့ခြေဖျားကိုတောင်မမှီပါဘူးလေ။"

"ချန်းဟောင်နဲ့ ချန်းရောင်တို့ဟာ လောင်မီးမြို့မှာရှိသမျှမိန်းကလေးတွေရဲ့အသဲစွဲဖြစ်လာလိမ့်မယ်"

ခါတိုင်းလိုပင် ရွှယ်လန်သည် သူမအပေါ် မြောက်ပင့်နေသမျှအားနှစ်သက်နေကာ ဘဝင်မြင့်နေလေသည်။

"ရှင်တို့အားလုံး ကျွန်မကိုမနာလိုသဖြစ်နေကြတာ သားတွေနဲ့အလုပ်များတဲ့ယောက်ျားကိုပြုစုရတာ ဘယ်လောက်လက်ခဲလည်းဆိုတာကိုမသိပါဘူးလေ"  ဟု ရွှယ်လန်က ပြုံးပြုံးလေးပြောလိုက်သည်။

"ဒါပေါ့..ဒါပေါ့။ အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့အနောက်မှာ ရပ်နေတဲ့ အမျိုးသမီးကောင်းတစ်ယောက်ကအမြဲရှိနေတယ်လေ။"

"ရောင်အာကအကောင်းဆုံးကြိုးစားပြီး  စံချိန်စံညွှန်းနဲ့အညီ လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းမိတယ်။ အဲ့သလိုသာလုပ်နိုင်ရင် ကောင်းကင်သားရဲတွင်းကိုဝင်ပြီး သူ့အစ်ကိုဟောင်အာနဲ့အတူတူကျင့်ကြံနိုင်မယ်လေ" ရွှယ်လန်သည် သူမ၏မျက်လုံးများသည် သူမ၏ကလေးများ အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

"ညီမလန်ကလည်း စိတ်ပူစရာမရှိပါဘူး၊ ရောင်အာရဲ့ အရည်အချင်းနဲ့သာဆို ပထမနေရာကို သေချာပေါက်ရနိုင်တယ်"  အမျိုးသမီးများ၏ ချီးကျူးစကားများသည် သူမ၏ဘဝင်စိတ်အားပိုမိုမြင့်တက်စေခဲ့လေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Tahanan ng mga kuwento. Tumuklas ngayon