Chapter(59)

401 50 0
                                    

အသက်ရှူကြိမ်ဆယ်ကြိမ်စာမပြည့်ခင်မှာပဲ အရာအားလုံးကပြီးဆုံးသွားခဲ့သည်။ လီတျန်းမင်မင်မှ ချန်းရောင်အားအနိုင်ယူပြီးချိန်တွင် လင်းရှောင်းရှောင်းနှင့် လီရှုဖန်းတို့၏တိုက်ပွဲမှာစတင်ရုံသာရှိသေးသည်။

တိုက်ပွဲမှာ မြန်ဆန်လွန်းသောကြောင့် လူတိုင်းက လင်းရှောင်းရှောင်း၏တိုက်ပွဲအား စောင့်ကြည့်နေကြဆဲသာရှိသေးသောကြောင့် ချန်းရောင်၏အခြေအနေအားတစ်ချက်ကြည့်ရုံဖြင့်သတိထားမိကြသည်။

"အာ့!" ချန်းရောင်သည် မိုးကြိုးမီးတောက်သံကြိုးမှ သူ့ကိုယ်သူရုန်းထွက်ရန် ပြင်းပြင်းထန်ထန်ရုန်းကန်နေသော်လည်း ထိုသို့ရုန်းကန်လေ ပို၍တင်းကျပ်လာကာနာကျင်မှုအားပိုလာလေပင်ဖြစ်လေ၏။

"ချန်းရောင်..ချန်းရောင်..ကိုယ့်ကိုကိုယ်လည်းပြန်ကြည့်စမ်းပါအုံး။ အခုမင်းကမြေကြီးပေါ်မှာကြိုအချည်ခံထားရပြီး ငါနင်းတာကိုခံနေရတယ်။ ငါကိုပြောစမ်းပါ။ အခုခွေးဖြစ်နေတာဘယ်သူတုန်း။"  လီတျန်းမင်ကချန်းယောင်အား အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ သို့သော် သူ၏စကားသည် ရွှယ်လန်ဆီသို့ ဦးတည်သွားခြင်းပင်။

သူ၏ခြေဖဝါးမှာခွန်အားသည် ချန်းရောင်၏နှာခေါင်းအားကျိုးလုနီးပါးဖြစ်သွားစေကာ ရွှယ်လန်ရှိရာဘက်သို့ကျေနပ်နပ်အားရနေသောအပြုံးဖြင့်ကြည့်လိုက်လေ၏။

လီတျန်းမင်သည် ရွှယ်လန်းအားတစ်ခုသိစေချင်နေခဲ့သည်။ သူမသည် သူမ၏ညီမအစ်မဖြစ်သူအားမကူညီချင်လျှင် လျစ်လျူရှုလိုက်ရုံသာဖြစ်သည်။ နှိမ့်ချနေရန်မလိုအပ်ချေ။ သူမကိုယ်သူမစိတ်ကျေနပ်စေရန် အခြားသူများအားနာကျင်အောင်မလုပ်သင့်ချေ။

“မင်းကရွှေဇွန်းငွေဇွန်းကိုက်ပြီးမွေးလာတယ်ဆိုပေမယ့် နည်းနည်းပါးပါးတော့ ယဥ်ကျေးမှုလေးထားစမ်းပါကွ။ ခွေးရူးတစ်ကောင်လိုလိုက်ဟောင်မနေနဲ့။ ဒီလိုမှမဟုတ်ရင် မြင့်မြတ်မှုရဲ့နောက်ကွယ်မှာ မင်းဘယ်လောက်ဆိုးသွမ်းနေလဲဆိုတာ လူတိုင်းကသိသွားကြမှာ။ မင်းလိုလူတွေက တကယ့ကိုအောက်တန်းကျသူတွေပဲ!”

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now