သားရဲခေတ်၏အရှင်သခင် Chapter(9)

588 67 0
                                    

ကိုယ့်အနာကိုယ်ဓားနှင့်ထိုးခြင်း


" အဖေ " လီဇီဖန်း ဘယ်တုန်းကမှ ဤကဲ့သို့ စိတ်မလှုပ်ရှားဘူးချေ"

"ကောင်းတယ်ငါ့သား " လီရန်ဖန်းသည် သူ့သားအားချီးကျူးလိုက်သည်။
    
အချိန်ကျလာပြီဖြစ်သဖြင့် လီရန်ဖန်းမှာ မီးညတောက်ကောင်းကင်မြို့သူမြို့သားများဘက်လှည့်ကာ ကြေငြာလိုသည်။
     
" ဒီနေ့ကစပြီး လီဇီဖန်းက မီးတောက်ကောင်းကင်မြို့ရဲ့ ဆက်ခံသူဖြစ်လာမယ် "

" မင်းဒီနေ့ ကောင်းကောင်းလုပ်ခဲ့တယ်။ ဒါပေမယ့် သိပ်ပြီးလဲ ဘဝင်မမြင့်နဲ့ဦး မင်းအတွက်ရှေ့မှာ တောက်ပတဲ့ လမ်းရှိနေတယ်ဆိုပေမယ့် ခြေလှမ်းတိုင်းကို ဂရုစိုဝမက်လျှောက်ရမယ် " ရှားရှားပါးပါး လီရန်ဖန်း၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားဟန်များထင်းနေသည်။
     
" ဂုဏ်ယူပါတယ် မြို့စားမင်း၊ ဂုဏ်ယူပါတယ်သခင်လေး။ဘယ်လိုတောင်ပျော်စရာကောင်းတဲ့နေ့လေးလဲဗျာ။ဒီနေ့ မြို့စားမင်းကလက်ထပ်သလို သခင်လေးကလဲ မြို့ရဲ့ ဆက်ခံသူဖြစ်လာတယ်။ပြီးတော့ သခင်လေးက မီးတောက်ဝါမျိုးဆက်ကျောင်းကို ဆသွားရမယ်။ " တော်ဝင်ကိုယ်ရံတော်တပ်မှူးကျောင်းထင်ကပျော်ရွှင်စွာ အောင်ပွဲခံလိုက်ကာ မြို့သူမြို့သားများကလဲအောင်ပွဲခံကြသည်။
      
အားလုံးက လီဇီဖန်းအား ကြည့်နေကြစဥ်မှာပင် ခပ်နွမ်းနွမ်းအဝတ်အစားများအား ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးသည် သိမ်မွေ့လေညင်းရင်ပြင်ဆီသို့လျှောက်လာနေသည်။
     
" လီတျန်းမင်လား "
      
" သူကဘာလာလုပ်တာလဲဟ "
      
ရောက်လာသည့် ပုံရိပ်အား အားလုံးကမှတ်မိသွားကာ ထိုသူရောက်လာခြင်းကြောင့်ရှော့ရသွားကြသည်။ဤနေရာသည် မီးတောက်ကောင်းကင်မြို့၏အရှက်ရစရာကောင်ရောက်လာရမည်နေရမဟုတ်ပေ။ အထူးသဖြင့် သူ့၏နေရာအားပယ်ဖြတ်ကာ သူ့ညီအားပေးရမည့်အချိန်တွင်ဖြစ်သည်။
      
"သူကဘာလာလုပ်တာလဲ၊ သူက အရူးလား "
      
"သူ့လိုလူဆီက မင်းတို့ဘာတွေမျှော်လင့်နေတာလဲ "
      
"သူ့ကိုတစ်ယောက်ယောက် မောင်းထုတ်လိုက်စမ်းကွာ "
      
" မြို့စားတော့ ဒေါသထွက်မှာသေချာတယ်။ ဒီနေ့က သူ့လက်ထပ်ပွဲလေ "
      
" ကံကောင်းတာက နေမကောင်းတဲ့ သူ့အမေပါမလာတာပဲ "      
     
လူအုပ်ကြီး၏အမြင်အရ လီတျန်းမင်သည် သူ၏နေရာအားဆုံးရှုံးရ၍ စိတ်လွတ်ကာရောက်လာခဲ့ခြင်းဖြစ်သည်။ တကယ်တော့ သူတို့သည် လီတျန်းမင်အား အထင်သေးနေခြင်းဖြစ်သည်။လီတျန်းမင်ကမူ မီးတောက်ကောင်းကင်မြို့၏ မြို့စားနေရာလေးအား စိတ်မဝင်စားချေ။
      
လီတျန်းမင် စင်ပေါ်သို့ကြည့်လိုက်သောအခါ သူ့အားမျက်မှောင်ကျုံ့ကာကြည့်နေသည့် လီရန်ဖန်းအားမြင်လိုက်ရသည်။ခနအကြာ၌ လီရန်ဖန်းထံမှ ဖိအားတစ်ခုထွက်လာကာ သူ့အပေါ်သို့သက်ရောက်လာသည်။လီရန်ဖန်းမှာနေအထိသို့တိုင်ရောက်သည့် ဧရာမရုပ်ထုကြီးဖြစ်နေကာ သူ့အား အမြင့်တစ်နေရာမှကြည့်နေသည်ဟု လီတျန်းမင်ခံစားလိုက်ရသည်။
      
လွန်ခဲ့သည့် ဆယ်ရက်တုန်းကလီတျန်းမင်သာဆိုပါက ဖိအားဒဏ်ကြောင့် ပြားပြားဝပ်သွားမည်ဖြစ်သည်။ယခုတော့မူ မတူညီတော့ပေ။သူသည် ရှေးဦးဆိုးသွမ်းသားရဲ၏သားရဲသခင်ဖြစ်နေပြီမဟုတ်လော။ပြိုင်ဘက်သည်မည်မျှပင် သန်မာနေပါစေ သူ၏သွေးထဲရှိ ဂုဏ်ကျက်သရေများက သူ့အားရှုံးနိမ့်ရန် ခွင့်မပြုချေ။သူ၏ လျှောက်လှမ်းနေသည့် ခြေလှမ်းတိုင်း၌ သူ၏အင်အားအကုန်သုံးနေရသော်လည်း ရပ်တည်နေနိုင်ဆဲဖြစ်သည်။
      
" လီတျန်းမင်၊မင်းရူးနေတာလား။ တစ်ယောက်ယောက်လာပြီး ဒီသူတောင်းစားကို မောင်းထုတ်လိုက်ကြစမ်း " လီဇီဖန်းသည် သူ၏ မနှစ်မြို့နေမှုအား ဖုံးကွယ်မထားပေ။မထင်မှတ်ဘဲ ပေါ်လာသည်သာမဟုတ်လျှင် သူ၏အစ်ကိုကြီးအား မေ့နေပြီဖြစ်သည်။
       
အစောင့်အချို့မှာ သူတို့သခင်လေး၏ စကားအတိုင်းမောင်းထုတ်ရန် လီတျန်းမင်အား ဝိုင်းလာကြသည်။သို့သော်လည်း လီရန်ဖန်းက လက်ဝှေ့ယမ်းကာတားလိုက်သည်။
       
" တျန်းမင် ဒီနေရာမှာ မင်းအတွက်ဘာမှမရှိဘူး။အိမ်မှာ အနားယူဖို့ပဲအာရုံစိုက်သင့်တယ်။အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဇီဖန်းရဲ့ဆုံးဖြက်ချက်ကို မင်းကထောက်ပံ့သင့်တယ်လေ "
       
"ဇီဖန်းက တော်တော်ကိုကြိုးစားခဲ့ပါတယ်။ ကျုပ်ထက်တောင်ပါရမီရှိသေးတယ်။ ဒါပေမယ့် အမိန့်ကိုရဖို့ဆိုရင်တော့ သူကကျုပ်ကို စိန်ခေါ်ရအုံးမယ်လေ " လီတျန်းမင်သည် တည်ငြိမ်နေကာ အားလုံးကထင်ထားသကဲ့သို့ စိတ်ခြောက်ခြားနေခြင်းမရှိချေ။
     
အဖေနှင့်သားတို့သည် အချင်းချင်းမုန်းတီးနေမှုများအား ဖုံးကွယ်ရင်း အေးဆေးစွာစကားပြောနေကြသည်။သူတို့သည် နိုင်ငံအဝှမ်း လူသိများသူများဖြစ်ကြသဖြင့် ကိုယ့်ကိုကိုယ် အရှက်ရအောင်မလုပ်ချင်ကြပေ။
       
"လီတျန်းမင်း ရူးနေပြီလား။မင််းလိုအမှိုက်က ငါ့ကိုစိန်ခေါ်နိုင်မှာမို့လို့လား" လီဇီဖန်းကပြောသည်။
       
"မင်္ဂလာရှိတဲ့နေ့မှာ ကြမ်းကြမ်းတမ်းတမ်းမပြောရဘူးလေကွာ။မင်းကကြောက်တယ်ဆိုရင်လည်း ကျော်သွားလို့ရပါတယ် "
       
"အရူးလုပ်နေတာကိုတော်လိုက်တော့။အိမ်ပြန်အနားယူတော့ " လီရန်ဖန်းက တည်ငြိမ်စွာပြောလိုက်သည်။သို့သော်လည်း သူ၏ ဒေါသထွက်နေသည့်မျက်လုံးများကမူတည်ငြိမ်နေခြင်းမရှိချေ။
      
"ကျုပ်ကဟာသလုပ်နေတာမဟုတ်ဘူး။ ကျုပ်ရဲ့အသက်ကနှစ်ဆယ်မကျော်သေးတာကြောင့် ရွေးချယ်ပွဲမှာပါလို့ရသေးတယ်။ပြီးတော့ လွန်ခဲ့တဲ့လေးနှစ်တုန်းကအမိန့်ရထားလို့ထပ်မပြိုင်ရဘူးဆိုတဲ့ စည်းမျဥ်းလည်းမရှိဘူး။ "
       
"ဒီကောင်လေးက သူ့မှာရှိသမျှ အကုန်ဆုံးရှုံးသွားလို့ရူးသွားတာနေမယ် " ကျောင်းထင်တွေးလိုက်သည်။
        
"သူကအသက်မရှင်ချင်တော့တာနေမယ်။ သူမသေခင်လေးမှာ မြို့စားရဲ့ ဂုဏ်သတင်းကိုပျက်စီးအောင်လုပ်ချင်နေတာဖြစ်မှာ "
      
" ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ကောင်လဲ။သူ့ကို ဒီအရွယ်ထိကျွေးမွေးပြုစုခဲ့တာကိုမှမထောက်ကွာ။ကျောင်းတော်က အထုတ်ခံရတယ်ဆိုတာကလည်း သူ့အပြစ်နဲ့သူပဲဥစ္စာ။သူ့ကိုယ်သူပဲ အပြစ်တင်သင့်တယ် "
       
လူများကပြောဆိုနေကြကာ အများစုကမူ လီတျန်းမင်သည်မြို့စားအား သိက္ခာကျအောင်လုပ်နေသည်ဟုထင်နေကြသည်။ သူတို့သည် လီရန်ဖန်းမှာ ဂုဏ်သိက္ခာအား ဘယ်လောက်အထိဂရုစိုက်မှန်း သိကြသည်မဟုတ်ပါလော။
        
ထိုအချိန်အားလုံးနှင့် မတူညီစွာတုန့်ပြန့်သူက လီဇီဖန်းဖြစ်သည်။ " အစ်ကိုကြီးက သာမာန်လူဖြစ်နေတာတောင်စိန်ခေါ်ချင်သေးတာလား။ကျွန်တော်က ဂုဏ်သိက္ခာရှိရှိနဲ့အစ်ကိုကြီးကိုပေးသေမယ့်လူလို့မျှော်လင့်နေတာလား "
      
" မင်းကငါ့ရဲ့ စိန်ခေါ်မှုကို လက်ခံတယ်ပေါ့ " လီတျန်းမင် ပြန်မေးလိုက်သည်။
      
"ကဲပါလေ။အစ်ကိုကြီးသာရှုံးသွားရင်ဘနောက်တစ်ခါ သိမ်မွေ့လေညင်းရင်ပြင်မှာရူးနှမ်းတဲ့ကိစ္စတွေလာထပ်မလုပ်ပါနဲ့"လီဇီဖန်းသည်ပြောလိုက်ရင် လီရန်ဖန်းဘက်သို့လှည့်လိုက်သည်။

"အဖေ..စိတ်ချပါ..ကျွန်တော်သူ့ကို မသတ်ပါဘူး။ မောင်းပဲထုတ်မှာ။
     
"လွန်လွန်ကျွံကျွံမဖြစ်စေနဲ့"
လီရန်ဖန်းသည် တည်ငြိမ်စွာပြောလိုက်သည်။သားရဲကီမရှိသောသူက သားရဲသွေးကြောအဆင့်ခုနှစ်အား မည်ကဲ့သို့ အနိုင်ယူနိုင်မည်နည်း။
    
ထိုသို့ပြောပြီးသည်နှင့် လီရန်ဖန်းသည် လီတျန်းမင်အား လှည့်ပင်မကြည့်တော့ပဲ သိမ်မွေ့လေညင်းအဆောက်အအုံဆီသို့ ပြန်ခုန်တက်လိုက်သည်။ထို့နောက် သူသည် ဧည့်သည်များအား ရှင်းပြလိုက်သည်။
     
"အားလုံးပဲတောင်းပန်ပါတယ်။ ကျွန်တော်ရဲ့မိုက်မဲတဲ့သားက လာပြီးစိတ်အနှောက်အယှက်ပေးနေလို့ပါ။သူ့အကြောင်းကို အရင်ကကြားဖူးကြမှာပေါ့။သူ့​ရဲ့အရှက်ရစရာလုပ်ရပ်တွေကိုပြန်ပြောရမှာကို ကျုပ်တကယ်ရှက်မိတယ် "
     
"ရပါတယ်..မြို့စားလီ။မိသားစုတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ကိစ္စတွေရှိကြတာပါပဲ။ဒီကောင်လေးက သူ့အတွက် ခင်ဗျားလုပ်ပေးတာတွေကိုမှ မထောက်...ကျုပ်တို့ကို ပြဿနာရှာရဲတယ်။မြို့စားလီအနေနဲ့ မိဘတစ်ယောက်လို ဘယ်လိုလုပ်ဆက်လုပ်ပေးနိုင်တော့မလဲ "လောင်မီးမြို့မှ လူတစ်ယောက်ကဆိုသည်။
      
"ကျေးဇူးပါဘဲ။ကျွန်မရဲ့သား လီဇီဖန်းက မိသားစုဂုဏ်တက်အောင်လုပ်ပေးမှာပါ။ သူကလီတျန်းမင်ကို သင်ခန်းစားပေးလိမ့်မယ် " ဟုလီရန်ဖန်း၏ ဒုတိယဇနီး မဒမ်မိုကဆိုသည်။
     
" လျူချင်း " လီရန်ဖန်းက စပ်စုစွာဖြင့် စင်ဘက်သို့ ကြည့်နေသောလျူချင်းအား ခေါ်လိုက်သည်။
      
"အသက်သားရဲကိုဆုံးရှုံးပြီးတာတောင် ရှင့်ရဲ့သားကြီးက တည်ငြိမ်နေတုန်းပဲနော်။ သူကထင်သလောက် မဆိုးဝါးနေဘူးပဲ " လျူချင်းက စိတ်ဝင်စားစွာပြောသည်။
       
"သူကဟန်ဆောင်နေတာပါကွာ။ကျုပ်ကသူအကြောင်းကို ကောင်းကောင်းသိတယ် " လီရန်ဖန်နားလည်ပေးနိုင်တယ်းက မျက်မှောင်ကြုံ့ရင်းဖြေသည်။
      
" စိတ်ထဲအရမ်းထားမနေပါနဲ့။ပြပွဲတစ်ခုလို့သာ သဘောထားလိုက်။အဲ့ဒီကောင်လေး အရင်ကဘာတွေလုပ်ခဲ့တယ်ဆိုတာကိုလူတိုင်းသိတာပဲမလား။ရှင့်ကို ဘယ်သူကမှ အပြစ်တင်မှာမဟုတ်ပါဘူး " လျူချင်းက လီယန်ဖန်းအယး နှစ်သိမ့်လိုက်သည်။
     
"ငါ့မိန်းမကပဲ ငါ့ကို အကောင်းဆုံး  " လီရန်ဖန်းသည် တိုက်ပွဲစင်ဆီသို့ အာရုံစိုက်လိုက်သည်။ညီအစ်ကိုနှစ်ဦးသည်တစ်ဦးနှင့်တစ်ဦးတိုက်ခိုက်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။
      
"လီတျန်းမင်..မင်းက အရင်လေးနှစ်တုန်းက အဆင့်ကိုတောင် ပြန်မရောက်သေးဘူး။မင်းကကိုယ့်အနာကိုယ်ဓားနဲ့မွှန်းနေတာပဲကွ"လီဇီဖန်းသည် ထိုသို့ပြောရင်း လီတျန်းမင်ဆီ ပြေးဝင်သွားသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora