Chapter(130)

273 27 0
                                    

ရေနဂါးကျောက်တိုင်!

ရှေးဟောင်းတိုက်ပွဲ၌ ပါဝင်သူတိုင်းသည် လူ့အဖွဲ့အစည်း၏ မြင့်မားသောအဆင့်တွင်ရှိကြ၏။ ထို့ကြောင့်၊ နဂါးအစစ်ဟု သတ်မှတ်ခံရသည့် နှင်းမုန်တိုင်းနဂါးသည်  ထင်ရှားနေကာ လီတျန်းမင်ကချက်ချင်းပင်မှတ်မိခဲ့သည်။ ထူးဆန်းသည်မှာကျွန်းစုရေကန်ကား ဖုံးလွှမ်းနေသော အနက်ရောင် မြူခိုးများပြန့်ကျဲလာကာ တတိယမျတ်လုံးပါပဲ လီတျန်းမင်က ပတ်ဝန်းကျင်အားကောင်းကောင်းမြင်လာနိုင်ခြင်းပင်။

ဤသည်မှာ ရွယ်လင်ဂျီအတွက် ပုန်းအောင်းနေသူများအားအလွယ်တကူရှာတွေ့စေနိုင်လေ၏။

သူမ၏ နှင်းမုန်တိုင်းနဂါးသည် ခဏအကြာတွင် လေထဲသို့ ပျံတက်သွား၍ ရွယ်လင်ဂျီကလည်း သူမ၏ပတ်ဝန်အားငုံ့ကြည့်နေ၏။ “အသက်ရှင်နေတဲ့သူတွေ ငါ့ကို လာတိုက်ကြ။  ခြောက်ယောက်က ငါ့လက်ထဲမှာ​သေသွားရပြီး နင်တို့ထဲက တချို့လည်း တခြားသူတွေကို သတ်ခဲ့တာ သေချာတယ်။ ဒါကြောင့် အသက်ရှင်ကျန်တဲ့သူတွေရှိသေးတယ်"

“မျှော်လင့်ထားတဲ့အတိုင်း ဒီမှာ ဘယ်သူကမှသတ္တိမရှိဘူးပဲ။ အင်း ကိစ္စမရှိပါဘူး။ အစီအရင်ကပြီးတော့မှာပဲလေ။" သူမ၏စကားများသည် ရေကန်တစ်ဝိုက်တွင် ပဲ့တင်ထပ်နေသော်လည်း မည်သူကမျှ သူမအား ပြန်ပြောခြင်းမရှိချေ။

အနီးဆုံး၌ရှိနေသော မိုလင်းတို့အုပ်စုအတွက် သူတို့သည် သူတို့ကိုယ်သူတို့ သတ်သေမည့်အလုပ်အားလုပ်ကြမည်မဟုတ်ချေ။ မုယန်က ကိုယ့်အသက်ကိုယ်ဦးစားပေးရမည်ဟုပြောထားသောကြောင့် သူတို့သည် တိုက်ပွဲ၌ မျှော်လင့်ချက်များအားသိပ်မထားခဲ့ချေ။ တစ်ခုခုလွဲနေသည် မှာ ရွယ်လင်ဂျီနှင့်ပက်သက်နေသလော။  ယခုအချိန်ထိပင် တိုက်ပွဲ၏စည်းကမ်းများအား မည်သူကမျှမသိကြသေးချေ။

ရွယ်လင်ဂျီသည် အနီးနား တစ်နေရာတွင် ပုန်းအောင်းနေသူများ ရှိနေကြောင်း သိနေသောကြောင့် ရယ်မောလိုက်သည်။  သူမ၏သားရဲသည် ဆက်လက်ဟိန်းဟောက်နေချိန်တွင်၊ ထိုဒေသရှိသားရဲအရိုင်းများပင် ကြောက်လန့်နေပုံပင်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် မောက်မာမှုကြောင့် အခြားသူများအား ဂရုစိုက်ပုံမရချေ။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora