သားရဲခေတ်၏အရှင်သခင် Chapter(14)

577 65 0
                                    

လျှပ်စီးအိမ်တော်မှ ပါရမီရှင်များ၏ယှဥ်ပြိုင်ပွဲ!


"ရန်ဖန်း၊ကျွန်မကတော့ စိုးရိမ်နေတုန်းပဲ။ ယှဥ်ပြိုင်မှုတွေကပြင်းထန်တယ်ဆိုပေမယ့် နတ်သုဒ္ဒါဆိုတာက အသက်သားရဲရဲ့ ကြယ်အရေအတွက်ကို တိုးစေနိုင်တယ်လေ။ ဒါက ဘာကိုဆိုလိုတာလည်းဆိုတာ ကျွန်မတို့ကောင်းကောင်းသိပါတယ် " ဟုလျူချင်းက စိုးရိမ်စွာပြောသည်။
     
"သေချာတာပေါ့။အသက်သားရဲက ပိုင်ရှင်ရဲ့ပါရမီနဲ့ကျင့်ကြံအဆင့်ဘယ်လောက်ထိရောက်နိုင်လည်းဆိုတာကို ကိုယ်စားပြုနေတာပဲလေ။မီးတောက်ကောင်းကင်ရဲ့ အကောင်းဆုံး ကြယ်ငါးပွင့်အသက်သားရဲကတောင် မီးတောက်ဝါမျိုးဆက်ကျောင်းတော်မှာအောက်ဆုံးအဆင့်ပဲရှိတာ " လီရန်ဖန်းက အရက်ခွက်ကိုင်ရင်းပြောလိုက်သည်။
      
"သူသာ ကြယ်တစ်ပွင့်လောက် တိုးနိုင်ပြီး ကြယ်ခြောက်ပွင့်အသက်သားရဲ့အဆင့်ကိုမြှင့်နိုင်ရင် ကောင်းကင်သားရဲတွင်းကိုဝင်နိုင်မှာပဲ။ပြီးတော့ မင်းရဲ့ဂုဏ်သတင်းကလည်းလျှပ်စီးအိမ်တော်မှာ တိုးတက်လာမယ်။ရှေးအချိန်ထဲက နတ်သုဒ္ဓါတွေ ပေါ်လာတိုင်းအုန်းအုန်းကျက်ကျက် ဖြစ်တာပဲလေ။အောက်ဆုံးအဆင့်နတ်သုဒ္ဓါဆိုရင်တောင် အဖိုးမဖြတ်နိုင်အောင်တန်ဖိုးကြီးနေတုန်းပဲ "
     
"ရှင့်ရဲ့ပိုင်နက်ဖြစ်တဲ့ ကောင်းကင်မီးတောက်မြို့နားမှာ ရက်ကန်းနီတောင်ရှိတာကံကောင်းတာပဲ။ရှင်ကသာ သူ့ကိုကူညီပြီး သူ့ရဲ့လျှပ်စီးကျားသစ်ကို ကြယ်အရေအတွက်တိုးပေးနိုင်မှာ " ဟု လျူချင်းက လီရန်ဖန်းအား မျက်စပစ်ပြရင်းပြောလိုက်သည်။
     
"ရက်ကန်းနီတောင်က တစ်အားကိုကြီးပြီး သူ့နယ်မြေတစ်ခုလုံးက တောတွေချိုင့်ဝှမ်းတွေနဲ့ပြည့်နေတာလေ။သားရဲရိုင်းတွေလည်း အရမ်းများပြီး တချို့ဆိုမွေးရာပါစွမ်းရည်တောင်နှိုးထနိုင်နေပြီ။ဒါကြောင့် အန္တရာယ်အရမ်းများတယ်။ဒီလိုနေရာမျိုးကိုမျိုးဆက်သစ်တွေလွှတ်ပြီး ယှဥ်ပြိုင်လေ့ကျင့်ခိုင်းတယ်ဆိုကထဲက လျှပ်စီးအိမ်တော်က ဘာလို့အဆင့်မြင့်နေတယ်ဆိုတာပြောနိုင်နေပြီ "
       
" ဒါပေါ့။ ပြိုင်ပွဲကတအားပြင်းထန်တယ်။ နတ်သုဒ္ဓါကို လုယက်ယှဥ်ပြိုင်ဖို့ လူငယ် ခုနှစ်ဦးတောင်ပါဝင်မှာလေ။ ကံကောင်းတာက ချင်းယန်က အဲ့ဒီထဲကလူငယ်အများစုထက်သန်မာပြီး ရှင့်ဆီကလည်းအကူအညီရအုံးမှာဆိုတော့ အခွင့်အရေးပိုများသွားတာပေါ့ "
      
"ဂျူနီယာတွေက ဘယ်အချိန်ရောက်လာမှာလဲ။သူတို့နဲ့အတူရော ဘယ်သူကပါလာအုံးမှာလဲ။လျှပ်စီးအိမ်တော်က ကျွမ်းကျင်သူပါလာမှာလား "
      
"သိပ်မကြာခင် ရောက်လိမ့်မယ်။ကျွန်မတို့ မင်္ဂလာဆောင်ကြောင့် သူတို့ကိုစောစောလာခဲ့ဖို့ပြောထားတယ်။သူတို့ကို ကျွမ်းကျင်သူတွေကကာကွယ်ပြီး ရောက်လာမှာဆိုပေမယ့် ဒါကလူငယ်တွေအကြားက ပြိုင်ပွဲဆိုတော့ ကျွမ်းကျင်သူတွေကို ကန့်သတ်ပိတ်ပင်ထားလိမ့်မယ် "
      
" ဒါဆိုရင် ငါတို့ ချင်းယန်ကိုနောက်သုံးရက်အကြာမှာ ရက်ကန်းနီတောင်ကိုခေါ်သွားကြမလား "
     
"ကောင်းတာပေါ့။အဖွဲ့တိုင်းက တစ်ချိန်ထဲမှာပဲ တောင်ထဲကိုဝင်ရမှာလေ။"
      
လီရန်ဖန်းသည် ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်ပြောလိုက်သည်။ " နတ်သုဒ္ဓါတွေကိုတော်ဝင်အဆင့်၊ နက်နဲအဆင့်၊မြေပြင်အဆင့်နဲ့ကောင်းကင်အဆင့်ဆိုပြီး အဆင့်လေးဆင့်ခွဲထားတယ်။ အနိမ့်ဆုံး နတ်သုဒ္ဓါကတောင် အသက်သားရဲကို ကြယ်ခုနှစ်ပွင့်အထိရောက်အောင် ဆင့်ကဲပြောင်းလဲစေနိုင်တယ်။ဘာလို့ အဲ့လိုဖြစ်စေတာလည်းဆိုတာကတော့ အဲ့တာတွေ စပြီးတွေ့ရကထဲက အခုထိပဟေဠိဖြစ်နေရတုန်းပဲ။လူတွေက အဲ့ဒါတွေကို နတ်ဘုရားတွေရဲ့ ချီးမြှောက်မှုလို့ ယူဆတာကြောင့် နတ်သုဒ္ဓါလို့ခေါ်ကြတာ "
        
"အဆင့်မြင့်နတ်သုဒ္ဓါတွေကိုတော့ ရဖို့မဖြစ်နိုင်ဘူး။အခု တို့တွေပြင်းပြင်းထန်ထန်ယှဥ်ပြိုင်ရမယ့် နတ်သုဒ္ဓါကတောင် အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ တော်ဝင်အဆင့်နတ်သုဒ္ဓါလို့ သတ်မှတ်လို့ရယုံပဲရှိသေးတယ်။ ကံကောင်းတာက လျှပ်စီးအိမ်တော်က သတင်းစုဆောင်းမှုမှာ အင်အားကြီးလို့ ပထမဆုံးရောက်လာနိုင်တာ" လျှပ်စီးအိမ်တော်ဟု ဆိုလိုက်သည့် အခိုက်အတန့်တွင် လျူချင်း၏ မျက်နှာ၌ ဂုဏ်ယူဝင့်ကြွားဟန်များ ပေါ်ပေါက်လာသည်။
      
လီရန်ဖန်းအနေဖြင့် လျူချင်းမှာ အမြဲတန်း လျှပ်စီးအိမ်တော်၏ အဖွဲ့ဝင်သာဖြစ်နေမှာဖြစ်ပြီး မီးတောက်ကောင်းကင်မြို့သူဖြစ်လာမည်မဟုတ်မှန်းအား သိလိုက်သည်။ သို့သော်လည်း ဤသည်ကကိစ္စမရှိချေ။သူလည်း လျှပ်စီးအိမ်တော်အဖွဲ့ဝင် ဖြစ်လာတော့မည်မဟုတ်ပါလော။

သားရဲခေတ်၏အရှင်သခင် Vol.1Tempat cerita menjadi hidup. Temukan sekarang