Chapter(66) B

392 51 0
                                    


"ငယ်လွန်းတယ်၊ နုံအလွန်းတယ်"  လင်းရှောင်းရှောင်းသည် ဒေါသူပုန်ထသွားကြောင်း လီတျန်းမင်သိသွားကာ သူမ၏ဒဏ်ရာများကြောင့် သူမသည် ခြိမ်းခြောက်မှုများစွာမရှိပေ။ ထို့ကြောင့် သူ၏သံကြိုးဖြင့် တိုက်ပွဲဝင်ပုဆိန်အား သူမ၏လက်မလွတ်ထွက်သွားစေလိုက်သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်အားသံကြိုးဖြသ်ရစ်ပက်၍ လွှဲလိုက်ရာ လင်းရှောင်းရှောင်းသည် စင်မြင့်အပေါ်မှလွင့်ထွက်သွား၍ မူချင်းချင်း၏ဘေးသို့ကျသွားလေ၏။ လင်းရှောင်းရှောင်းမှ မြေပြင်ပေါ်သို့ကျသွားသောအခါ သူမနှင့်မြေပြင်တို့၏ရိုက်ခတ်မှုမှ တုန်ခါမှုသည် မူချင်းချင်း၏ဆံပင်များကိုပင် တဖျပ်ဖျပ်ခတ်စေခဲ့သည်။

သူမ၏လက်နက်အား ဆုံးရှုံးလိုက်ရပြီးနောက် လင်းရှောင်းရှောင်းသည် ကြာကြာမတိုက်ခိုက်နိုင်တော့ချေ။ သူမ၏ အသက်သားရဲများထံမှ ဒဏ်ရာများအားကြည့်ရင်း၊ သူမ၏ မျက်လုံးများဆီမှ မျက်ရည်များ စီးကျလာခဲ့သည်။

“ငါရှုံးတာ ယဝန်ခံပါတယ်။” လီတျန်းမင်အား မျတ်ရည်များဖြင့်ပြည့်နှက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေရင်း သူမ၏ အသံသည် အားနည်းကာ ကြမ်းရှနေလေ၏။

“စောစောကတည်းက ဒီလိုလုပ်သင့်တာ။ ရင်ဟောင်..ယသူ့ရဲ့အသက်သားရဲကိုလွှတ်ပေးလိုက်ပါ" ဟု လီတျန်းမင်က ကြက်ကလေးအာ ပြောလိုက်၏။

"စိတ်မပူပါနဲ့၊ သူကသေမှာမဟုတ်ဘူး။  အမွှေးတွေကတော့ လအနည်းငယ်ကြာတဲ့အထိပြောင်နေလိမ့်မယ်။” ကြက်ကလေးသည် ငရဲပေါက်ကွဲခြင်းအား၎င်း၏ဗိုက်ထဲသို့ ပြန်စုပ်ယူလိုက်သည်။  သို့သော် ထိုအချိန်တွင်၊ လှပသောသုံးရောင်ခြယ်အမှောင်မိုးကြိုးငှက်မှာမူ တစ်ကိုယ်လုံးမီးကျွမ်းသွားခဲ့ရလေ၏။ မီးကျွမ်းထားသည့်အမွေးများပြန်ပေါက်ရန် အချိန်အတော်ယူရပေလိမ့်မည်။

အဓိကတပည့်နေရာအတွက် တိုက်ပွဲမှာ ပြီးသွားပြီဖြသ်လေ၏။ ပြတ်ပြတ်သားသား အောင်နိုင်သူတစ်ဦးရှိခဲ့၍ ပြိုင်ဘက်နှစ်ဦးအနက်မှတစ်ဦးမှာ သူမ၏ အသက်သားရဲနှစ်ကောင်လုံးသည် ဒဏ်ရာများရရှိခဲ့ပြီး သူမကိုယ်တိုင်ကလည်း ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ အနိုင်ရမည်ဟာ မျှော်လင့်ထားခဲ့သူ လင်းရှောင်းရှောင်းသည် ရှုံးနိမ့်ခဲ့သောကြောင့် လေ့ကျင့်ကွင်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ပရိသတ်အများစုသည် ကြွားလုံးထုတ်နေကြဆဲဖစ်သည့် လီတျန်းမင်နှင့် ကြက်ကလေးအား ဆွံ့အစွာဖြင့် စိုက်ကြည့်နေခဲ့ကြလေသည်။ လျှပ်စီးအိမ်တော်၏သီးသန့်အခန်းအတွင်း၌ လင်းတျန်ကျန်း၊ လီရန်ဖန်းနှင် လျှူချင်းတို့အားလုံးလည်းအံသြသွားကြသည်။ ရှင်းနှင့်ချန်းကုန်သည်အစည်းအရုံးမှ သခင်မရွှယ်လန်ကလည်း အံကြိတ်ထားလေ၏။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora