သားရဲခေတ်၏အရှင်သခင် Chapter(22)

495 57 0
                                    

နင့်ကိုသတ်ရတာဟာ ပုရွက်ဆိတ်ညှစ်သတ်ရသလောက်ကိုလွယ်တယ်!

လီတျန်းမင်သည်လွှသွားကျောပြင်မိကျောင်းကြီးဖန်းတီးခဲ့သည့် လှုပ်ခတ်မှုများအား လစ်လျူရှုရင်းနတ်သုဒ္ဓါရှိရာသို့ဦးတည်၍ကူးခတ်သွားလိုက်သည်။ သူ သည်တတ်နိုင်သမျှ မြန်အောင်ကူးခပ်လိုက်ကာ မိနစ်ပိုင်းလေးအတွင်းမှာပင် နတ်သုဒ္ဓါရှိရာသို့ရောက်ရှိသွားသည်။

" ရပြီ " နတ်သုဒ္ဓါမှာသူ၏အိတ်ကပ်ထဲသို့ ထည့်နိုင်လောက်သည်အထိ သေးငယ်သည်။ လီတျန်းမင်လည်း သူ၏ကိစ္စအောင်မြင်သွားပြီဖြစ်၍ တစ်စက္ကန့်ပင် အချိန်မဖြုန်းတော့ပဲ ရေပေါ်သို့ကူးတက်လာလိုက်သည်။

နတ်သုဒ္ဓါအားရရှိရန်အတွက် အတားအဆီးများအား အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

ယခုအချိန်၌ လီတျန်းမင်သည် ရင်ဟော်အားရှာဖွေရန် လိုနေပြီဖြစ်သည်။ ဤအစီအစဥ်တွင် ကြက်ကလေးသည် အဓိကနေရာမှပါဝင်ခဲ့သူဖြစ်သည်။ သူတို့၏နောက်အစီအစဥ်အနေဖြင့် မိကျောင်းကြီးအား တောနက်ထဲသို့ရောက်အောင်မျှားခေါ်သွားရမည်ဖြစ်လေ၏။ သို့မှသာတွင်း၏အဖုံး၌ နတ်သုဒ္ဓါကျောက်တုံးအားထည့်၍ စမ်းသပ်ဖွင့်ရန် အချိန်ရမည်ဖြစ်ပေသည်။

လီတျန်းမင်အနေဖြင့် ကြက်ကလေးနှင့် ခပ်ကြာကြာခွဲမနေချင်ချေ။ သားရဲသခင်တစ်ယောက်သည် သူ၏အသက်သားရဲနှင့်ခွဲနေခြင်းမှာ ဆိုကျိုးသာများ၍ ကောင်းကျိုးမရှိချေ။

ဝမ်းနည်းစရာကမူ အန္တရာယ်တွေ့နေရသည်မှာ ကြက်ကလေးမဟုတ်ဘဲ လီတျန်းမင် ဖြစ်သွားခြင်းဖြစ်သည်။  

သူ့ထက် အသက်နည်းနည်းငယ်ပုံရသည့် မိန်းကလေးတစ်ယောက်သည် ရုတ်တရက် သူ၏အရှေ့တွင်ပေါ်လာသည်။ သူမ၏ မျက်လုံးမှာ သူမဝတ်ဆင်ထားသည့် ဝတ်စုံကဲ့သို့ အပြာရောင်သန်းနေသည်။ သူမသည်အတော်လေးလှပသော်လည်း လီရွှယ်ကျောင်းကဲ့သို့ ဒေါသကြီးတတ်ပုံရသည်။ သူမသည် မိကျောင်းဖန်တီးခဲ့သော ဆူညံသံများကြောင့် ဤနေရာသို့ရောက်လာဟန်ရှိကာ လျှပ်စီးအိမ်တော်သားတစ်ယောက်လည်းဖြစ်ပုံရသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora