သားရဲခေတ်၏အရှင်သခင် Chapter(53)

408 55 0
                                    

မင်းချန်းရောင်ကိုအနိုင်တိုက်နိုင်လား?

ဝေ့ကျင်းသည် မနေ့ညက ဆိုးရွားသော အိပ်မက်ဆိုးတစ်ခုအား ခံစားခဲ့ရသည် ။  သို့သော် သူမနိုးလာသည့်အခါ ပထမဆုံးမြင်လိုက်ရသည်မှာ သားဖြစ်သူသည် အိပ်ယာဘေး၌ထိုင်နေ၍ “အမေကလဲဗျာ....အိပ်ယာထတာနောက်ကျလိုက်တာ။ အဆင့်တိုက်ပွဲတွေကစတော့မှာဗျ။ မြန်မြန်လေးထပြီးပြင်ဆင်တော့"

"အန်တီလီ၊ လာကူညီပေးပါဦးဗျာ!" လီတျန်းမင်က ပြေးထွက်သွားသည်။

ထိုအခါ ဝေ့ကျင်းသည် သူမသား၏ နေ့ထူးနေ့မြတ်အတွက် ပြင်ဆင်ရန် ကုတင်ပေါ်မှ အမြန်ထလိုက်သည်။  အန်တီလီသည် ကြိုတင်ပြင်ဆင်မှုအများစုအား လုပ်ဆောင်ခဲ့ပြီးဖြစ်၍ ဝေ့ကျင်းလုပ်ရမည်မှာ ရေမိုးချိုးအဝတ်အစားလဲကာ အသစ်စက်စက် မြင်းလှည်းပေါ်သို့ တက်လိုက်ရန်သာဖြစ်သည်။

မီးတောက်ဝါမျိုးဆက်ကျောင်းတော်၏ အဆင့်တိုက်ပွဲများအတွက်လက်မှတ်များသည် စျေးကြီးသော်လည်း လီတျန်းမင်သည်ထိုကိစ္စအတွက်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့အပြင်အန်တီလီအတွက် လက်မှတ်တစ်စောင်လည်း ပြင်ဆင်ထားပြီးသားဖြစ်သောကြောင့် သူ့အမေ၏ လိုအပ်ချက်မှန်သမျှအား လေ့ကျင့်ကွင်းအတွင်း၌ပင်ဖြည့်ဆည်းနိုင်ပြီဖြစ်လေ၏။ ပညာရှိချန်းမှတာဝန်ပေးထား သည့် အစောင့်များသည်လည်း ဝေ့ကျင်း၏အနောက်သို့ လိုက်နေမည်ဖြစ်ကာ။ ထိုမှလည်း လီတျန်းမင်က ကျင့်ကြံခြင်း၌အာရုံစိုက်နိုင်မည်ဖြစ်လေသည်။ လီတျန်မင်သည် ကျောင်းတော်သို့သွားရန် မြင်းလှည်းအားစတင်မောင်းနှင်ချိန်၌ မနက်အစောပိုင်းအချိန်သာရှိသေးသည်။ ထိုအချိန် လေ့ကျင့်ကွင်း၌ လူများဖြင့် ပြည့်ကျပ်နေပြီဖြစ်သော်လည်း လီတျန်းမင်သည် ကျောင်းတော်၏ တပည့်တစ်ဦးဖြစ်သောကြောင့် သူသည် လူတန်းကြီး၏ရှေ့သို့ရောက်သွားခဲ့သည်။ ထို့ကြောင့် သူ့မိခင်အား လေ့ကျင့်ကွင်းအတွင်းသို့ ခေါ်ဆောင်ကာ ကွင်း၏ရှုခင်းကောင်းသည့် သာယာလှပသောနေရာတစ်ခုအား ရွေးချယ်နိုင်လိုက်လေသည်။

အဆင့်တိုက်ပွဲအား လာရောက်ကြည့်ရှုသူများသည် လေ့ကျင့်ကွင်းအတွင်း၌ သက်တောင့်သက်သာ ထိုင်နေကြပြီဖြစ်လေသည်။ ဟင်္သါပြဒါနိုင်ငံ၏ ချမ်းသာ၍ ငြဇာကြီးသည်သူများကလည်း သီးသန့်အခန်းများ၌ ရောက်နေကြပြီဖြစ်ကာ ဖြစ်ပေါ်လာတော့မည့်တိုက်ပွဲများအားကြည့်ရှုရန်အဆင်သင့်ဖြစ်နေကြသည်။သို့သော်၊ သာမန်ပြည်သူများအား သီးသန့်အခန်းများအတွင်း၌ဖြစ်ပျက်နေမှုများအား ကြည့်ရှုရန် ခွင့်မပြုထားသောကြောင့် ၎င်းတို့၏အခန်းအတွင်းပိုင်းအား သာမန်ပရိသတ်များ၏အမြင်မှဖုံးကွယ်ထားသည်။

သားရဲခေတ်၏အရှင်သခင် Vol.1Onde histórias criam vida. Descubra agora