Chapter(161)

272 35 0
                                    

ကျောက်တံခါးအောက်က စကားလုံးများ။

"လီတျန်းမင်၊ ကျောင်းတော်အပြင်ဘက်ကိုလာခဲ့ပါအုံး"

အရုဏ်မတက်မီတွင် ကျောင်းတော်အပြင်ဘက်၌ လူအုပ်ကြီး ပေါ်ပေါက်လာခဲ့သည်။  ယနေ့သည် စိန်ခေါ်မှု၏ ပထမဆုံးနေ့လည်းဖြစ်ပေသည်။

လီတျန်းမင်သည် မီးတောက်ဝါကျောက်တုံးမှထွက်လာသောအခါ တပည့်များစွာက သူ့အားအေးစက်သောအကြည့်များဖြင့်စိုက်ကြည့်နေကြကြောင်းအားတွေ့လိုက်ရသည်။ အကြီးအကဲများသည် စည်းကမ်းချက်အသစ်အားထုတ်ပြန်ထားကြ၏။ သားရဲတွင်း၌ အုပ်စိုးသူအသစ်ပြောင်းလဲတော့မည်ဖြစ်ရာ ဝေ့မျိုးနွယ်မှမည်သူနှင့်မျှအဆက်အဆံမလုပ်ရတော့ချေ။

လီတျန်းမင်သည် မီးတောက်ဝါကျောက်တုံးဆီမှထွက်လာသောအခါ တပည့်များသည် သူ့အလိုလိုလမ်းရှင်းပေးကြပြီး သူဖြက်သွားစဥ် တီးတိုးစကားသံအချို့ကိုလည်းကြားလိုက်ရ၏။

"ကျောင်းတော်ရဲ့အဝင်အဝကို ကိုယ်တိုင်သွားကြည့်စမ်း"

"မင်းက သူမသေဆုံးရခြင်းရဲ့ အကြောင်းအရင်းပဲ။  လီတျန်းမင်.... မင်း ဒီအတွက် ပေးဆပ်ရမှာ။"

စကားပြောသံများသည် သူ၏နားသို့ ရောက်သွားသော်လည်း အများစုမှာ တီးတိုးသံများသာ ဖြစ်သည်။ သို့သော် သူကြားမိလိုက်တာတော့ရှိ၏။

"သူမလား။"

လီတျန်းမင်သည် အရှိန်အဟုန်မြှင့်ကာ မကြာမီ အားကစားကွင်းသို့ ရောက်လာခဲ့သည်။  မနက်အစောကြီးရှိသေးသော်လည်း ထိုင်ခုံများကမူ ပြည့်ကျပ်နေ၏။

သို့သော် အစည်ကားဆုံးနေရာမှာ ကျောက်တံခါးဖြစ်ပေ၏။ ကျောက်တံခါး၌ လူအများက ကြိတ်ကြိတ်တိုးဖြစ်နေကာ သက်ပြင်းချ၍ရေရွတ်နေကြလေ၏။

"သူမဟာစိတ်ဓာတ်ကျသွားတာနေမှာကွ။ အဲ့ဒါကြောင့်သက်သေသွားတာ"

"အင်းလေ.. လင်းရှောင်တင်းကလည်း ရွယ်လင်ဂျီကိုကောက်ခါငင်ခါကြီးထလက်ထပ်ပစ်လိုက်တာလေ"

“ဘယ်လိုတောင် သနားစရာကောင်းလိုက်လဲကွာ။ လီတျန်းမင်...လီတျန်းမင်ကသူမကိုသေစေခဲ့တာကွာ" 

သားရဲခေတ်၏အရှင်သခင် Vol.1Kde žijí příběhy. Začni objevovat