သားရဲခေတ်၏အရှင်သခင် Chapter(36)

474 61 0
                                    

မြေအောက်မီးတစ္ဆေလက်သည်း!


လီတျန်းမင်သည် ကြက်သွေးရောင်ကျောက်တုံးပေါင်းတစ်ထောင်ကြောင့် ယုံကြည်မှုအပြည့်ဖြစ်သွားခဲ့သည်။ ဤသို့ချမ်းသာဖူးသည်မှာ ငယ်ငယ်ကတည်းက  ပထမဆုံးအကြိမ်ပင်။

“လက်ရှိအခက်အခဲတွေကို ဖြေရှင်းဖို့ ဒီနေ့ ပိုက်ဆံချေးလိုက်ရတယ်။  ဒါပေမယ့် တစ်နှစ်အတွင်း ဆယ်ဆပြန်ပေးမယ်ဆိုတဲ့ ကတိကို ကျွန်တော်တည်မှာပါ။”  လီတျန်းမင်သည် ထိုစကားများအား သူ၏နှလုံးသားထဲ၌ သိမ်းဆည်းလိုက်သည်။ ဘဝကြီးတွင်လည်း လိုက်လျောညီထွေရှိဖို့ လိုအပ်တဲ့အချိန်တွေ ရှိခဲ့သည်။ သို့သော် ခေါင်းမာနေခြင်းသည် ခေတ်မမှီတော့ပဲ တစ်ခါတစ်ရံတွင် မိုက်မဲမှုတစ်မျိုးသာဖြစ်နေသည်။

လွန်ခဲ့သည့် သုံးနှစ်က လီတျန်းမင်တော်တော် ဒုက္ခရောက်ခဲ့ရသည်။ ယခုအချိန်၌သူ၏ပိုက်ဆံအိတ်မှာဖောင်းကာနေပြီဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုယ်နှိပ်ဆက်နေတော့မည်မဟုတ်ချေ။ ရှင်းနှင့်ချန်းသိုလှောင်ရုံ၌ သူလိုချင်သမျှ၊လိုအပ်သမျှတိုက်ပွဲဝင်ပညာရပ်များအားသွားယူတော့မည်ဖြစ်လေ၏။ 

"သွေးဝိဉာဥ်အမဲလိုက်ခြင်းက ထိပ်တန်းသားရဲအဆင့်ရှိတဲ့ပညာရပ်တစ်ခုပဲ။ အဲ့ဒီဟာနဲ့ဝင်ခွင့်စာမေးပွဲကိုဖြက်ကျော်ဖို့မခက်ခဲပေမယ့် အဆင့်စစ်ဆေးမှုမှာတော့ရူန်းကန်ရလိမ့်မယ်။ အဆင့်စစ်ဆေးမှုကိုရောက်ရင် ဝိဉာဥ်အရင်းအမြစ်အဆင့်ပါရမီရှင်တွေလည်းပါလာမှာ။ ပြီးတော့သူတို့ကိုယ်တိုင်ကလည်း အရင်းအမြစ်အဆင့် တိုက်ပွဲဝင်ပညာတွေသင်ကြားထားကြအုံးမှာပဲ"

အရင်းအမြစ်အဆင့်သို့သတ်မှတ်ထားသော တိုက်ပွဲဝင်ပညာများသည် သားရဲအဆင့်ရှိများထက် သိသိသာသာပို၍ အားကောင်းသည်။  ၎င်းတို့အား ကျွမ်းကျင်ပိုင်နိုင်လာစေရန်အခြေခံကောင်းများအပြင် လုံလောက်သော သားရဲ ကီပမာဏအား လိုအပ်သည်။

ထို့နောက်လီတျန်းမင်သည် သိုလှောင်ရုံသို့ ရောက်ရှိလာခဲ့သည်။  ၎င်း၏အရွယ်အစားအရ ဝင်ပေါက်ဒါဇင်များစွာရှိကာ ဝင်ပေါက်တစ်ခုချင်းစီသည် အဆုံးမရှိသောဖောက်သည်များအား ဝန်ဆောင်မှုပေးသည်။  အထူးသဖြင့် မီးတောက်ဝါမျိုးဆက်ကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲများကြောင့် စီးပွားရေးလုပ်ငန်းသည် ကြီးထွားလာခဲ့သည်။

သားရဲခေတ်၏အရှင်သခင် Vol.1حيث تعيش القصص. اكتشف الآن