သားရဲခေတ်၏အရှင်သခင် Chapter(55)

395 47 0
                                    

"ဒီနေ့ချန်းရောင်ရဲ့စွမ်းဆောင်ရည်ကတော့ ထူးထူးခြားခြားပါပဲ၊သူ့ရဲ့ ပဏာမ အဆင့်သတ်မှတ်ချက်က ရှင်းရွှယ်နဲ့ချန်းဟောင်တို့ထက်အမှတ်နှစ်ဆယ်ပိုများနေတယ်"  ဟု လေ့ကျင့်ကွင်း၏ သီးသန့်အခန်းတစ်ခုအတွင်းမှ ခရမ်းရောင်ဝတ်စုံအား ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက အော်ပြောလိုက်သည်။  သူမသည် ရွှယ်လန်နှင့်အရင်းနှီးဆုံးဖြစ်သူ ရှင်းစံအိမ်မှ သခင်မယွမ်ယုပင်ဖြစ်သည်။

သူမတို့နှစ်ဦးသည် ကြယ်စုံအမွှာများ၏ဇနီးများဖြစ်ကြလေ၏။ သူမတို့ငယ်ငယ်တုန်းက လောင်မီးမြို့တစ်ခုလုံး၏ ထိပ်တန်း အလှမယ်များ ဖြစ်ခဲ့ရပြီး ယခုခေတ်၌ပင် သူမတို့သည် အရင်တုန်းကကဲ့သို့ ချစ်စရာကောင်းနေတုန်းပင်။ သူမတို့၏အသားအရည်အားဂရုစိုက်မှုနှင့် ကြိုးစားအားထုတ်မှုများကြောင့် အသက် နှစ်ဆယ်အရွယ်မိန်းကလေးများပမာ နူးညံ့ဖြူစင်လှလေ၏။

"နည်းပြချုပ်တွေက ရောင်အာရဲ့ခွန်အားကိုကောင်းကောင်းသိကြတာပဲ။ ဒါကြောင့်သူတို့ကရောင်အာကို အဆင့်ဇယားရဲ့ထိပ်ဆုံးမှာထားထားတာ"ဟု ရွှယ်လန်ကဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။ "ဒါပေမယ့် ဒါက နောက်ဆုံးရလဒ်မဟုတ်သေးဘူး။  သူက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက တကယ်ကို ကြိုးစားခဲ့ပြီး သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့တယ်။"

"ရောင်အာက အရမ်းတော်တဲ့သားတစ်ယောက်ပါ။ စိုးရိမ်စိတ်ကင်းကင်းနဲ့ ကြီးပြင်းလာရပေမယ့်လည်း ကျင့်ကြံတာမှအရမ်းကိုကြိုးစားရှာတယ်။ နင့်မှာ သူ့လိုသားတစ်ယောက်ရှိတာကို ငါအရမ်းမနာလိုဖြစ်ရတယ်။" ဟုသခင်မယွမ်ယုကပြောလိုက်သည်။ 

"နင်ကလဲဟယ်...ဘယ်လိုတွေပြောနေတာလဲ။ နင့်မှာသားတစ်ယောက်ပဲရှိရင်တောင် သူက ကောင်းကင်သားရဲတွင်းမှာရှိနေတာ ငါတို့အားလုံးသိတာပဲကို" ရွှယ်လန်ကပြုံး၍ ပြောလိုက်သည်။ "နင်ကရောင်အာရဲ့ခေါင်းကိုင်အမေပဲလေ။ ဒီသားသုံးယောက်ကလည်း ငါတို့ရဲ့သားတွေပဲပေါ့" 

"အိုး....အစ်မလန်ကတော့နော်....လူကိုရင်ခုန်အောင်အရမ်းပြောတက်တာပဲ။ ပညာရှိချန်းကအစ်မကိုကြွေသွားတာ အံ့သြစရာမဟုတ်တော့ဘူး"

သားရဲခေတ်၏အရှင်သခင် Vol.1Donde viven las historias. Descúbrelo ahora