Chapter(88)

359 52 0
                                    

ကောင်းကင်ယံ၌ ဖြန့်ကျက်ထားသည့်အတောင်ပံများ!

မည်သို့ပင်ဆိုစေကာမူ ကြည့်ရှုနေသူများသည် ပို၍စိတ်ဝင်စားစရာကောင်းလာသည့် ကိစ္စအား လုံးဝငြင်းပယ်မည်မဟုတ်ချေ။ ယုတ်မာပက်စက်သည့်သူဟူ၍ ဝန်ခံရသည်ဖြစ်စေ ဖိနပ်လျှက်ရသည်ဖြစ်စေ နှစ်ခုစလုံးမှာ စိတ်ဝင်စားစရာတွေချည်းဖြစ်လေ၏။ မီးတောက်ဝါစေတီသည် တိတ်ဆိတ်ငြိမ်သက်နေသည့် ကျင့်ကြံရာနေရာဖြစ်သော်လည်း ယခုကိစ္စကြောင့် ဆူညံလာချေပြီ။

"ကဲ စတော့လေ" ဝေ့လင်းရွှမ်သည် လီတျန်းမင်၏ ညစ်ပတ်နေသော ဖိနပ်များအား တစ်ချက်ကြည့်လိုက်ကာ အနည်းငယ် တုန်လှုပ်သွားသော်လည်း သူမ၌ ယုံကြည်မှုအပြည့်ရှိသောကြောင့် တားဆီးခြင်းမရှိခဲ့ချေ။

"ငါ့ဖိနပ်ကိုလျှက်ဖို့ အဲ့သလောက်တောင်စိတ်လှုပ်ရှားနေတာလား။ မစိုးရိမ်ပါနဲ့။ နောက်တစ်နာရီလောက်ဆို နင်လျှက်ရမှာပါ။" လီတျန်းမင်သည် ပြုံး၍ မီးတောက်ဝါ ကျောက်တုံးအနီးသို့ ကျန်းဖေးလင်နှင့်အတူ လျှောက်သွားလေ၏။

ထိုအချိန် မီးတောက်ဝါကျောက်တုံးဖြင့် ကျင့်ကြံနေကြသည့် ကောင်းကင်သားရဲတွင်းမှတပည့်များသည် ထိုအလောင်ကစားကိစ္စအားကြားသောအခါတွင် ရပ်တန့်သွားကြသည်။ ထို့နောက် လီတျန်းမင်နှင့် ကျန်းဖေးလင်တို့အားစူးရှစွာဖြင့်ကြည့်နေကြလေ၏။

"လီတျန်းမင်ရဲ့ဦးနှောက်က တစ်ခုခုများမှားနေတာလား"

“ဟုတ်လိမ်မယ်။ အဲ့သလိုမှမဟုတ်ရင် မူချင်ချင်းကိုဆေးခပ်ပြီးမုဒိန်းကျင့်ဖို့လုပ်ခဲ့မှာမဟုတ်ဘူးလေ" 

“ဒီကောင်က စိတ်ကူးယဥ်နေတဲ့ကောင်ပဲ။ သူ့ကိုယ်သူနိုင်မယ်လို့များထင်နေလားမသိဘူး"l

တပည့်များသည် လီတျန်းမင်အား သနားစိတ်ဖြင့် ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။ သူတို့၏ စိတ်ထဲ၌ နောင်လာမည့် ရယ်စရာကောင်းသော အဖြစ်အပျက်များဖြင့် ပြည့်နေပြီဖြစ်သည်။

လီတျန်းမင်နှင့် ကျန်းဖေးလင်တို့ အပိုင်းထဲသို့ဝင်ခါနီး၌ ဝေ့လင်းရွှမ်၏ အေးစက်နေသောအသံက ထွက်ပေါ်လာခဲ့သည်။

သားရဲခေတ်၏အရှင်သခင် Vol.1Where stories live. Discover now