Unicode
အပိုင်း(၁၈၆)စားပွဲတွင် ဟင်းလျာများစွာ တည်ခင်းထားသည်။ အမျိုးမျိုးသော ဟင်းလျာများကို စားချင်စဖွယ် ရနံ့များအပြည့်နှင့် မြင်ရ၏။
ခန်းမအတွင်းတွင် ရှိသည့် စားပွဲရှည်ကြီးများပေါ်တွင် မီးကျောက်တုံးများစွာ ရှိနေသေးသည်။ပူနွေးသည့် ဟင်းလျာများကို ထိုမီးကျောက်တုံးများပေါ်တွင် တင်ထားလေရာ အခြားသူများ အပူလောင်မည်ကို စိုးရိမ်ရန် မလိုအပ်တော့ပေ။ထို့အပြင် အအေးကျောက်တုံးများလည်း ရှိနေသေးကာ အအေးစာများကို ထိုပေါ်တွင်ရှိကာ နဂိုအရသာမပျက်အောင် မြည်းစမ်းနိုင်မည်ဖြစ်သည်။
ရီဖန်က စံအိမ်ထဲမှ ထွက်လာသည်။ ရှန်းယွမ်က ရီဖန်ကို ကြည့်ကာပြော၏။
"အားဖန် မင်း ဒီနေ့ချောနေတာပဲ"ရှန်းယွမ် စိတ်ထဲတွင် ရေရွတ်နေ၏။
ဒီလို တရားဝင်မင်္ဂလာဆောင်ရတဲ့နေ့မှာ သူတို့ချောနေကြတာက ပုံမှန်ပါပဲ။ကျွင်းချန်က မျက်လုံးလှန်သည်။ကျွင်းဟောင်က ပြော၏။
"စလိုက်ရအောင်"ရီဖန်က ကျွင်းဟောင်ကို ကြည့်ကာပြော၏။
"ကျွင်းသခင်လေး ငါ စံအိမ်ကို သွားရတော့မှာ ဆိုတော့ ဒီနေရာကို မင်းကိုပဲ လွှဲထားလိုက်ပြီ"ကျွင်းချန်က ခေါင်းညိတ်သည်။ ကျွင်းဟောင်က ပြော၏။
"ငါ ဒီမှာ ကိစ္စတွေ လုပ်ပေးနေသေးတာလေ။ မင်းက ဘာကိုစိုးရိမ်နေတာလဲသွားမှာသာ သွားစမ်းပါ""သခင်လေးကျွင်း သခင်လေး ငါ့ကို လုံးဝ အာရုံနောက်အောင် လုပ်လို့မရဘူးနော်"
ရီဖန်က ကျွင်းဟောင်၏ လက်ကိုဖမ်းဆွဲကာ လေးလံသည့် အသံမျိုးဖြင့် ပြောသည်။ကျွင်းဟောင်က ရီဖန်ကိုကြည့်သည်။
"စိတ်အေးအေးထားစမ်းပါ။ ဒီနေ့ကိုသာ ရှုပ်ထွေးသွားမယ်ဆိုရင် ဒီပြဿနာက မင်းတစ်ယောက်တည်းနဲ့ ပြီးတော့မှာမဟုတ်ဘူး"ရီဖန်က နှာခေါင်းရှုံ့ပြီး ထွက်သွားသည်။
ချီဟန်က ရီဖန်၏ အိမ်တံခါးဝသို့ အပြေးသွားလိုက်သည့်အခါ အလွန်တောင့်တင်းသန်မာသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ သို့သော် ထိုသူ၏ မျက်နှာက ဖူးယောင်နေကာ မျက်နှာတွင်လည်း လက်ဝါးရာကို မြင်ရသေးသည်။