အပိုင်း ၂၁၀
ဟိုင်လင်း၏နောက်မှ အစောင့်က အနားကပ်လာသည်။ သူက မနေနိုင်ဘဲ မေး၏။
"သခင်လေး သခင်လေးနဲ့သခင်လေးပိုင်တို့က အဆင်ပြေနေတဲ့ပုံပဲ"
"ဟုတ်တယ်"
ဟိုင်လင်းက ပြုံးသည်။
"သခင်လေး သခင်လေး ပိုင်သခင်လေးရဲ့သီချင်းဆိုတာကို အကြာကြီးနားထောင်နေခဲ့တာနော်။ သူ့သီချင်းဆိုသံက တကယ်ပဲ ကောင်းတယ်လို့ထင်တာလား"
တစ်ဖက်သူက မနေနိုင်ဘဲမေးသည်။
ဟိုင်လင်းက ခေါင်းခါ၏။
"နားထောင်ရတော့ မကောင်းတဲ့အပြင် နားထောင်ရလည်း ခက်သေးတယ်"
တစ်ဖက်သူ ကြောင်သွားကာ သက်ပြင်းချ၏။ သူ၏အရသာခံနိုင်စွမ်းက ထိုမျှအထိ ဆိုးရွားနေပြီလောဟု သူ့ကိုယ်သူပင် သံသယ၀င်ခဲ့မိသည်။ ကံကောင်းစွာဖြင့်ပင် သူ၏သခင်လေးက အကောင်းအတိုင်း ရှိနေသေး၏။
"ဒီတော့သခင်လေး သခင်လေး ဘာကြောင့် အကြာကြီး နားထောင်နေခဲ့တာလဲ"
"နားထောင်ရခက်တယ်ဆိုပေမဲ့ နားထောင်ခွင့်ရဖို့က ပိုခက်တယ်"
"ဘယ်လို"
"ဒါပေမဲ့ ငါ နားထောင်ရင်းနဲ့အဆင်ပြေသွားတာပဲ။ အဆင်ပြေပါတယ်"
ဟိုင်လင်းက ရယ်နေ၏။
"..."
...........
နဂါးနန်းတော်တွင် ....
"ခမည်းတော် ကျွန်တော့်ကို ရှာတာလား"
ဟိုင်လင်းက မေးသည်။
ဟိုင်လုံ၀မ်က ဟိုင်လင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။
"ငါ မင်းကို ဆင့်ခေါ်နေတာ ဒီလောက် ကြာပြီ၊ မင်းက အခုမှပဲ ပြန်လာတော့တယ်"
"ကျွန်တော်ကိစ္စလေးတွေ လုပ်စရာရှိနေခဲ့လို့ နည်းနည်း ကြန့်ကြာသွားတာပါ။ ခမည်းတော် စိတ်ဆိုးနေတာ မဟုတ်ပါဘူးနော်။ ခမည်းတော်ရဲ့အစီအစဉ်ကို ပြောပြလိုက်ပါလား"
ဟိုင်လင်းက မေးသည်။
"ဟိုင်၀မ်ကျူ ပေါ်လာပြီ"