Unicode
အပိုင်း ၁၉၀ချီရှောက်ရုန်၏ အဆောင်သို့ ပြန်ရောက်လာသည့်အခါ ချီရှောက်ရုန်၏အနေအထားကြောင့် သူ ဒေါသထွက်သွားရသည်။
“သူ ဘာလုပ်နေတာလဲ”
ချီရှောက်ရုန်က လှည့်ကြည့်သည်။
“သူက မိသားစုအကြောင်း လာပြောတာလေ”“မိသားစုဟုတ်လား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“သူပြောတာတော့ ငါက ပင်လယ်ပြာပြင်ကျယ်မှာသာ သေသွားမယ်ဆိုရင် ငါ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးက ပိုင်ရှင်မဲ့ဖြစ်သွားနိုင်လို့ သူ့ကို လွှဲပေးထားခဲ့သင့်တယ်တဲ့”
ကျွင်းဟောင်က မျက်မှောင်ကြုံ့သည်။
“ဒီအဘိုးကြီးကတော့ အရမ်းလွန်သွားပြီ”ချီရှောက်ရုန်ကလည်း ပြုံးသည်။
“ငါတော့ ဒီလိုမထင်ဘူး။ သူ စိုးရိမ်တာကလည်း ဖြစ်သင့်တာပဲလေ။ ဘာပဲဖြစ်ဖြစ် အဲဒီကို သွားတဲ့အရှင်သခင်တိုင်းက သေတတ်တာပဲလေ။ ဒါကြောင့် တကယ်လို့ ငါ သေသွားမယ်ဆိုရင် ငါ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ငါ့ရဲ့လက်အောက်ငယ်သားတွေကို ခွဲဝေယူခိုင်းလိုက်မယ်လို့ ပြောတော့ သူ အရမ်းစိတ်ဆိုးသွားပြီး ထွက်သွားတော့တာပဲ”ကျွင်းဟောင် “…”
“အရမ်းကြီး မစိုးရိမ်ပါနဲ့ ငါ ရှိတယ်”
ချီရှောက်ရုန်က ပြုံးသည်။
“ငါ သိပါတယ်”ချီရှောက်ရုန်က လက်ထဲရှိကိစ္စအားလုံးကို ကိုင်တွယ်ပြီးသည်နှင့် အင်ပါယာမြို့တော့မှ ထွက်ခွာတော့သည်။
….....
ရှန်းယွမ်က မေးစေ့ကိုပွတ်ကာ သက်ပြင်းချသည်။
“ကျွင်းဟောင် ကျွင်းဟောင် ဒီအကောင်ထပ်ပြီး ချီရှောက်ရုန်နောက်ကို လိုက်သွားပြန်ပြီ”ထန်းထျန်းရင်က ရှန်းယွမ်ကိုကြည့်သည်။
“ကျွင်းဟောင်သွားတာ မကောင်းဘူးလား။ မင်းပဲ ကျွင်းဟောင်ကသာ အင်ပါယာမြို့တော်မှာမရှိရင် ငါက အချောဆုံးဖြစ်မယ်ဆိုပြီးတော့ အော်ဟစ်နေခဲ့တာလေ”ရှန်းယွမ် “…”
“အရှင့်သား ဒီတစ်ကြိမ် အရှင်မင်းကြီးက ချီရှောက်ရုန်ကို ပိုင်ဟိုင်ပြင်ကျယ်ကို ပို့လိုက်တာနော်”
ရှန်းယွမ်က စိတ်ဓာတ်ကျနေသည်။