အပိုင်း ၂၄၅
ထန်းထျန်းဖုန်းသည် မြို့အရှင်စံအိမ်တွင်နေပြီး တစ်နေ့လုံးနီးပါး အချိန်ဖြုန်းလိုက်သည်။ ထိုစဉ် ချီဟန်ကို မြင်သွားပြီး -
"ချီဟန်က ဒီနေရာမှာ တာဝန်ရှိတဲ့သူ မဟုတ်လား၊ ဘယ်သွားမလို့လဲ" ဟု တားကာ မေးလိုက်သည်။
"မင်းသားနှစ် ရောက်နေတာကိုး၊ ကျွန်တော်က ပစ္စည်းတွေ သွားပို့မလို့လေ"
ချီဟန် လှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ဒါက အသစ်ထွက်နေတဲ့ မျက်နှာပေါင်းတင်တဲ့ ပစ္စည်းတွေ မဟုတ်လား"
ထန်းထျန်းဖုန်းသည် တစ်ချက်စူးစမ်းစွာ ကြည့်လိုက်ပြီး မေးလိုက်၏။
"ဟုတ်ပါတယ်၊ ပုံစံနှစ်မျိုးရှိတယ်၊ တစ်ခုကတော့ အရမ်းကိုကြီးတဲ့ အရွယ်အစားရှိတယ်၊ ဒီတစ်ခုကတော့ အရမ်းကို သေးတဲ့အရွယ်အစားပေါ့"
ချီဟန်က ပြန်လည်ရှင်းပြ ဖြေကြားလိုက်သည်။
ထန်းထျန်းဖုန်းက ပြုံးလိုက်ပြီး -
"ပင်လယ်လူမျိုးတွေ အတွက်လား"
"ဟုတ်ပါတယ်"
"ချီသခင်လေးက အရမ်းကို စဉ်းစားတွေးတော တတ်တာပဲ"
ထန်းထျန်းဖုန်း ချီးကျူးစကား ပြောလိုက်သည်။
"တကယ်လို့ ပိုက်ဆံရှာချင်တယ်ဆိုရင် တွေးတတ်ရမယ်လေ"
ချီဟန်၏အပြုံးက ဖျော့တော့သွား၏။
"အရည်အချင်းက ဘယ်လောက် ပြည့်ဝလဲ ဆိုတာလည်း သိသာပါတယ်"
ထန်းထျန်းဖုန်းက ထပ်မံ ချီးကျူးလိုက်သေးသည်။
"ကျွန်တော် လုပ်ရတာက နည်းနည်းလေးပါ၊ တကယ်တော့ သခင်လေးက စဉ်းစားပြီး အားလုံးကို လုပ်ခိုင်းတာပါ၊ ကျွန်တော်က သခင်လေး စီစဉ်တွေးတော ထားပြီးတာတွေကို လိုက်ဖြည့်ဆည်း ပေးရုံပါပဲ"
ချီဟန်က ပြောပြသည်။
ထန်းထျန်းဖုန်းက ခေါင်းတဆတ်ဆတ် ညိတ်ရင်း -
"နှိမ့်ချမနေပါနဲ့၊ လူကြီးမင်းချီရဲ့ စွမ်းရည်ကလည်း မြင့်မားပါတယ်"