222 01
အပိုင်း ၂၂၂
"ရှောက်ရုန် ရီဖန်က စာပို့လာတယ် မဟုတ်လား"
ကျွင်းဟောင်က ပြောသည်။
ချီရှောက်ရုန်က ခေါင်းညိတ်၏။
"အင်း အားဖန်ပြောတာတော့ ရှန်းယွမ်ပါ လိုက်လာအုံးမယ်တဲ့"
"ရှန်းယွမ်က ဘာကိစ္စကြောင့် လိုက်လာမှာလဲ၊"
ကျွင်းဟောင် စိတ်ရှုပ်သွားသည်။
ချီရှောက်ရုန် ခေါင်းညိတ်၏။
"ရှန်းယွမ်က ချီရှောက်ဖူနဲ့လိုက်လာမှာ၊ မိသားစုက ချင်းချန် အလှကုန်ဆိုင်ထဲ ဝင်ရောချင်ပေမဲ့ ရီဖန်က သူတို့ကို ဒီနေရာကို ပို့လိုက်တာ"
ချီရှောက်ရုန်က လက်ချောင်းလေးများ ပွတ်ပြီးနောက် တွေးတောနေခဲ့၏။
နောက်ဆုံးတော့ မိသားစုက လှုပ်ရှားဖို့ မစောင့်နိုင်တော့ဘူးပဲ။
သည်တစ်ကြိမ်တွင် သူတို့က ချင်းချန်အလှကုန်ဆိုင်ကို ဝင်ရောက်လိုနေခြင်း ဖြစ်သည်။ သူတို့၏ရည်ရွယ်ချက်က ထင်ရှားနေခဲ့၏။ ထို့အပြင် သူနှင့်ရင်းနှီးသည့် ချီရှောက်ဖူကို ပို့လွှတ်လိုက်ခြင်းလည်း ဖြစ်သည်။
သူ မည်သို့ပင် ပြောစေကာမူ သူတို့က မိသားစုဝင်တစ်ယောက်ကိုရအောင် ထည့်အုံးမည်ဖြစ်သည်။ သူက မိသားစုမှ ခွဲထွက်သည်ဟု ဆိုနေသည့်တိုင်အောင် သူက အစစ်အမှန်သွေးများ စီးဆင်းနေသည့် မိသားစုဝင်တစ်ယောက်ဖြစ်နေသေးသည်။
"ရှောက်ဖူကတော့ အဆင်ပြေပါတယ်၊ မင်းကို ကူညီမဲ့သူတွေလာရင် မင်းလည်း ပျင်းလို့ရတာပေါ့"
ကျွင်းဟောင်က ပြောသည်။
ချီရှောက်ရုန်က အေးစက်စွာကြည့်၏။
"ဟမ့် သူ လာရဲလို့ကတော့ ငါ အရင်ဆုံး သူ့ကို ညစ်ပတ်တဲ့အလုပ်တွေပဲ လုပ်ခိုင်းလိုက်မယ်"
ကျွင်းဟောင် "..."
"ဒါနဲ့ရှန်းယွမ်က ဘာကြောင့်လိုက်လာမှာလဲ"
ကျွင်းဟောင်က သံသယဝင်နေသည်။
"အားဖန်က ရှင်းရှင်းလင်းလင်း မပြောထားဘူး၊ ကြည့်ရတာ အရှင်မင်းကြီးက ထပ်ပြီးလွှတ်ပြန်ပြီထင်တယ်"