231 01
အပိုင်း ၂၃၁
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ပြီးမေးသည်။
"ဆိုတော့ ဒီလို စီးပွားရေးလမ်းကြောင်းကို မင်းလျှောက်တော့မှာလား"
ချီရှောက်ရုန်က ခေါင်းခါသည်။
"ငါ မသိသေးဘူး၊ အရင်ဆုံး ဒီလူအိုကြီးကို ရက်နည်းနည်းလောက် စောင့်ကြည့်ခိုင်းထားလိုက်အုံးမယ်"
တစ်ဖက်သူ၏အသံကို ကိုယ်တိုင် နားထောင်သည်က အကောင်းဆုံးဖြစ်သည်။ သူက အလောတကြီးဖြင့် အခြားသူ၏ခေါင်းကိုဖွင့်မည်ဟု သွားပြောခဲ့လျှင် စိတ်အခြေအနေကို ဆိုးရွားသွားစေနိုင်၏။
...
ချီရှောက်ရုန်က ခန်းမထဲသို့ ဝင်လာသည်။ ချီရှောက်ဖူနှင့်တွေ့၏။
"တတိယအစ်ကို ရောက်လာပြီပဲ၊ ပိုင်ဟိုင်ပြင်ကျယ်ကို ရောက်လာတော့ နေရအဆင်ပြေရဲ့လား"
ချီရှောက်ရုန်က သူ့ကို သာမန်ကာလျှံကာ နှုတ်ဆက်လိုက်သည်။
ချီရှောက်ဖူက ပြုံး၏။
"အဆင်ပြေပါတယ်"
ချီရှောက်ဖူသည် မလာခင်က ပိုင်ဟိုင်ပြင်ကျယ်က အလွန်အန္တရာယ်များသည်ဟု ကြားခဲ့ရသည်။ သို့သော် သူ ရောက်လာချိန်တွင်မူ သည်နေရာက ကောင်းသည်ဟု ခံစားမိ၏။ ဒါက သူ့ညီငယ်၏စွမ်းရည်ကြောင့် ဖြစ်လောက်သည်။
"ညီငယ်လေး မင်း ပင်လယ်နယ်မြေကို သေချာစောင့်ကြည့်ထားတာပေါ့"
ချီရှောက်ဖူက မေးသည်။
"ဟုတ်ပါတယ်"
"ဒါဆိုရင် မင်း ဒီပင်လယ်ကြီးကို ဘယ်လိုသုံးမယ်လို့ စဉ်းစားထားလဲ"
ချီရှောက်ဖူက အလွန်သိချင်လာသည်။
"ပေါလိုက်တာ"
ချီရှောက်ဖူ "..."
ထိုအချိန်တွင် ငါးမန်းနက်က ဝင်လာသည်။ ချီရှောက်ဖူက ထိုငါးမန်းနက်၏မျက်နှာကို ကြည့်၏။ ထိုငါးမန်းနက်က တစ်စုံတစ်ရာ ပြောချင်မှန်းသိသဖြင့် သူက ထွက်သွားပေးလိုက်သည်။
"ငါးမန်းနက်အကြီးအကဲ တစ်စုံတစ်ရာများ ပြောချင်တာရှိလို့လား"
