Unicode
အပိုင်း ၂၀၂
ချီရှောက်ရုန်က ပင်လယ်နယ်မြေသို့ သွားမည့်သတင်းကို ပိုင်လျိုယွန်ကြားသည့်အခါ ချက်ချင်းပင် လိုက်ရန် ဖြစ်လာပြန်သည်။
ပိုင်လျိုယွန်က ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့ ပြင်ဆင်ထားသည့် မျက်နှာချေပုံစံကို ကြည့်ကာပြော၏။
"အခု မင်းတို့နှစ်ယောက်လုံးက ပုစွန်မိသားစုက လူတွေနဲ့ တူသွားပြီ"
"ပုစွန်မိသားစုက ပင်လယ်မျိုးနွယ်မှာ ဘယ်လိုအဆင့်အတန်းရှိလဲ"
ချီရှောက်ရုန်က မေးသည်။သူက သူ၏ ဝတ်စုံကို ကြည့်နေ၏။
"အောက်ဆုံးက အောက်ဆုံးပေါ့"
"အောက်ဆုံးဆိုတာ ဘာကိုဆိုလိုတာလဲ"
ချီရှောက်ရုန် မပျော်တော့ပေ။
"ပြောရမယ်ဆိုရင် ပင်လယ်မျိုးနွယ်ရဲ့ ကျွန်တွေကို ကျွေးတဲ့ အစားအစာတစ်မျိုးပေါ့"
ပိုင်လျိုယွန်က ခေါင်းကိုခါနေသည်။
ချီရှောက်ရုန် ပိုင်လျိုယွန်ကို ကြည့်ကာပြော၏။
"ပုစွန်မျိုးနွယ်ဝင်တွေက ဟင်းလုပ်ခံရတယ်လား။ ဒါဆို ငါတို့က ဘယ်လိုဖြစ်ပြီး ပုစွန်မိသားစု ဖြစ်သင့်တာလဲ"
ပိုင်လျိုယွန်က ချီရှောက်ရုန်နှင့် ကျွင်းဟောင်ကို ကြည့်သည်။
"ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ သတင်းတွေကို ရဖို့က အရမ်းခက်ခဲလို့။ သခင်လေးနဲ့ သခင်လေးကျွင်းတို့ရဲ့ လက်ရှိအခြေအနေအရ ပုစွန်က အသင့်တော်ဆုံးမို့လို့လေ"
ကျွင်းဟောင်"..."
"ငါတို့ရဲ့ အခြေအနေဟုတ်လား။ ဟိုင်တော်ဝင်မိသားစုကလည်း ဒီလိုအခြေအနေရှိတယ်လို့ ပြောချင်တာလား"
ချီရှောက်ရုန် နားမလည်တော့ပေ။
"သခင်လေး ပုစွန်တွေက တော်ဝင်မိသားစုရဲ့ မျက်စိတွေ နားတွေပဲ။ ဒါကြောင့် သခင်လေးအနေနဲ့ အဲဒီကို တရားဝင်သွားချင်တယ်ဆိုရင် သူတို့မိသားစုဝင်အဖြစ်သွားတာက အကောင်းဆုံးပဲ"
ပိုင်လျိုယွန်၏ မျက်လုံးများက တလက်လက်တောက်ပနေသည်။
ချီရှောက်ရုန်"..."
သေလိုက်ပါတော့။
"သခင်လေး ဒါနဲ့ဆိုရင် ရေထဲမှာ သုံးရက်တိတိနေလို့ရမယ်။ သုံးရက်ပဲနော်၊ သုံးရက်ပဲ။ သခင်လေး သခင်လေး ဒီအချိန်ကို သေချာမှတ်ထားရမယ်နော်"
ပိုင်လျိုယွန်က အလောတကြီးမှာသည်။
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
"ငါ သိပါတယ်"
------
ပင်လယ်ပြာ ရေအောက်အတွင်းတွင် ပုစွန်မျိုးနွယ်ဝင်သား နှစ်ယောက်က အနက်ရှိုင်းထိ ပင်လယ်ပြင်ထဲသို့ ဝင်ရောက်သွားသည်။
ချီရှောက်ရုန်က မနေ့က အလွန်အလုပ်များနေသည့်အတွက် မည်သို့ ရေကူးရမည်ကို မသင်နိုင်ခဲ့ပေ။ ဤလောကသို့ ရောက်လာချိန်တွင်ပင် သူက ထိုအကြောင်းအရာကို မသိသေးပေ။ ထို့ကြောင့် ရေအောက်ထဲတွင် လွတ်လွတ်လပ်လပ်လမ်းလျှောက်နိုင်ရန် မဖြစ်နိုင်သေးသည့်အတွက် ချီရှောက်ရုန် လက်ရှိအခြေအနေတွင် အလွန် ကြောင်တောင်တောင် နိုင်နေသည်။
ကျွင်းဟောင်က သူ၏ ခန္ဓာကိုယ်ကိုအသာအယာ လှုပ်ရှားကာ ချီရှောက်ရုန်၏ အနောက်မှ အမီလိုက်နေခဲ့သည်။သူက မသက်မသာပြော၏။
"မင်းကြည့်ရတာ ခွေးပုံစံနဲ့ တူတယ်"
ချီရှောက်ရုန်၏ မျက်နှာက မဲမှောင်သွားသည်။
"သူက အံကိုကြိတ်ကာ ပြော၏။
"မင်းပြောဖို့ မလိုဘူး"
"ဘယ်လိုပဲဖြစ်ဖြစ်ပါ။မင်းအဆင်ပြေရင် ပြီးသာပဲ"
ဂျယ်လီငါးမိသားစုမှ ဝင်တစ်ယောက်က ချီရှောက်ရုန်နဲ့ ကျွင်းဟောင်တို့ ရှိရာဘက်သို့ လက်ညှိုးထိုးကာ အော်ရယ်သည်
"အစ်မအစ်မ နင်လာကြည့်စမ်း။ ဟိုက ပုစွန်မျိုးနွယ်ဝင်သားတစ်ယောက် ရေကူးနေတဲ့ပုံစံကို ကြည့်ပါအုံး။ ရယ်ရလိုက်တာ ဟားဟား"
ထိုစကားကိုကြားသည့် ချီရှောက်ရုန်၏ မျက်နှာတွင် အမည်းအစင်းကြောင်းများ ပေါ်လာသည်။ သူအလွန်အရှက်ရနေ၏။
အခြားသော ဂျယ်လီငါးတစ်ကောင်ကလည်း ကူးလာကာပြော၏။
"အဲဒီ ပုစွန်လူသားက ဦးနှောက်ထဲမှာ ပြဿနာတစ်ခုခု တက်နေတာဖြစ်မယ်။သူက သနားဖို့ကောင်းလိုက်တာ။ ပုစွန်တွေက ခေါင်းမှာပြဿနာရှိလို့ ပြောနေကြတာ တကယ်မှန်နေတာကိုး။ သိပ်မကြာခင်မှာ သူက အကြီးအကဲကရာကန်ဆီကို အကျွေးခံရလိမ့်မယ်"
ချီရှောက်ရုန်"..."
ရှက်ဖို့ကောင်းလိုက်တာ။
ကျွင်းဟောင်က ချီရှောက်ရုန်၏ လက်ကို ကိုင်ကာ ပြော၏။
"နေရာပြောင်းကြရအောင်"
ချီရှောက်ရုန်"..."
ကျွင်းဟောင်က ချီရှောက်ရုန်၏ လက်ကို ဆွဲကာ ခပ်မြန်မြန် ကူးခတ်သွားသည်။
"မင်းက ရေထဲမှာ ငါးတစ်ကောင်လိုပဲ ကူးနိုင်တယ်နော်"
ချီရှောက်ရုန် စိတ်အချဥ်ပေါက်လာသည်။
"မင်း မေ့နေတာလား။ငါက ရေအခြေပြု မှော်ပညာရှင်တစ်ယောက်လည်း ဟုတ်သေးတယ်လေ"
ကျွင်းဟောင်က ပြောသည်။
ချီရှောက်ရုန်က နှာခေါင်းရှုံ့၏။
"မင်းက တော်လွန်းပါတယ်"
ကျွင်းဟောင်"..."
ကျွင်းဟောင်က ချီရှောက်ရုန်ကို ခေါ်သွားသည်။ ထို့နောက် ပင်လယ်ပြင်၏ ဈေးကွက်နေရာတွင် ရပ်တန့်သွား၏။ ထိုအခါ ဂဏန်းအခွံမာ ငါးမျိုးနွယ်ဝင်များ စကားပြောသံကို သူတို့ကြားလိုက်ရသည်။
"မင်းတို့ အရှင်သခင်အသစ်ကို မြင်ဖူးပြီးပြီလား"
"အင်း မြင်ဖူးပြီ။မင်းရော"
"ဘယ်လိုနေလဲ"
"သူ အသက်တော့ သိပ်ရှည်မယ်မထင်ဘူး"
"သူက အားနည်းလွန်းတော့ သိပ်အကြာကြီးခံမယ်မထင်ပါဘူး"
"ဟုတ်တယ်။သိပ်အကြာကြီးတော့ မခံလောက်ဘူး"
"အရှင်သခင်အကြောင်းကို မပြောနဲ့တော့။ဒါက သေးငယ်တဲ့ကိစ္စလေးပဲလေ။ ဘာပဲဖြစ်ဖြစ် အရှင်ဘုရင်အများစုက ဆက်တိုက်ပြောင်းလဲနေတာပဲ။ဒါက ထူးခြားတာမှ မဟုတ်တာ"
"ဒီလိုဆိုမှ အဲဒီလူးသားတွေက အားနည်းသည်ထက်အားနည်းလာနေတော့တာပဲ။ဒါပေမဲ့ ငါတို့ရဲ့ ပင်လယ်မျိုးနွယ်ဝင်သားတွေကတော့ သန်မာသည်ထက် သန်မာလာတယ်။ငါတို့ကြောင့်သာ မဟုတ်ရင် ငါတို့ဒီနေရာမှာ အကြာကြီးနေနိုင်မှာတောင် မဟုတ်ဘူး။မဟုတ်ရင် သူတို့ရဲ့ပိုင်နက်နယ်မြေအဖြစ် ပြောင်းလဲသွားတော့မှာပေါ့"
...
ချီရှောက်ရုန်က မျက်မှောင်ကြုတ်ကာပြော၏။
ဒီသေတော့မဲ့ ဂဏန်းနှစ်ကောင်ကတော့။သူ့ကိုတောင် ဒီလိုကျိန်ဆဲရဲတယ်၊အခွင့်အရေးရှိလို့ကတော့ ဒီနှစ်ကောင်လုံးကို ကြော်စားပစ်မယ်။
ကျွင်းဟောင် ချီရှောက်ရုန်ကို ကြည့်ကာ အခြားနေရာသို့ ပြောင်းသွားစေသည်။
ချီရှောက်ရုန်က မတော်တဆ ရေသူမျိုးနွယ်ဝင်အချို့နှင့် တွေ့ရသည်။ ထိုသူများက ပင်လယ်မျိုးနွယ်၏ ဒဏ္ဍာရီသဖွယ် ဖြစ်သော်လည်း အမြှီးအပိုပေါက်နေသည်မှ လွဲပြီး ကျန်သည့်အရာရာက လူသားများနှင့် တူညီပေသည်။
"ဟေး မင်းတို့ ရေသူမြို့တော်ကို သွားပြီး သဲတွေ ရောင်းမလို့ဆို အဲဒီကိုသွားလေ"
"သွားမှာပေါ့။ အင်ပါယာမြို့တော်က ဈေးက အရမ်းမြင့်တာ။ အပြင်ဘက်မှာလောက် ဈေးကောင်းမရဘူး"
"ရေသူမြို့နယ်ရဲ့ အင်ပါယာမြို့နယ်ကို သွားမယ်ဆိုရင် ဒီလိုစီးပွားရေးလုပ်တာကတော့ ကိစ္စငယ်လေးဖြစ်သွားပြီ။ အထက်တန်းလွှာ မျိုးနွယ်ဝင်သားဖြစ်တဲ့ ရေသူမျိုးနွယ်အလှလေး ကိစ္စက ပိုကြီးတယ်"
"ရေသူမျိုးနွယ်က အဲဒီလောက်လှတာလား"
"ဒါပေါ့ ရေသူမျိုးနွယ်ရဲ့ အင်ပါယာက ပိုပြီးတော့တောင် လှပလွန်းသေးတယ်။ ရေသူမျိုးနွယ်ဝင်ဆိုရင် ဘယ်နေရာကြည့်ကြည့် အလှတွေ ချည်းပဲ"
"မင်းသမီးအယ်လီက တော်တော်လေးကို ချောမောလွန်းတယ်လေ။ ဟိုင်လုံ တော်ဝင်မိသားစုက လက်ထပ်မဲ့ကိစ္စအကြောင်း မကြေညာသေးဘူးလား။ ငါကြားထားတာတော့ ဟိုင်ဝမ်ကျူက ပျောက်နေတယ်လေ။ ဒါကြောင့် ဒီလက်ထပ်မဲ့ကိစ္စက ပြောဖို့ခက်သွားပြီ"
"ဘယ်လိုဖြစ်ပြီး ဟိုင်ဝမ်ကျူကို ပျောက်သွားရတာလဲ"
"ငါလည်း မသိတော့ပါဘူး။ သတင်းကတော့ ပျံ့နေပြီ"
ချီရှောက်ရုန်၏ မျက်ဝန်းများက တောက်ပသွားသည်။အင်ပါယာမြို့တော်၏ အပြင်ဘက်တွင် အလင်းကာတစ်ခုကို လွှမ်းခြုံထား၏။ထိုဈေးမှ ပြည်သူပြည်သားများ၏ အမူအရာများကလည်း ကြင်နာတတ်လွန်းပုံရသည်။
"မြို့တော်ကို ပင်လယ်သားရဲတွေ မကြာခဏ လာတိုက်ခိုက်ကြတယ်"
ထိုစကားအရ ဟိုင်ဇူမြို့တော် အပြင်ဘက်တွင် ဖုံးကွယ်ထားသည့် ထိုအကာအကွယ်လွှာက သားရဲများကို တားဆီးရန်ဖြစ်လောက်ပေသည်။
ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့က လျှောက်ဝင်သွားလိုက်ကြသည်။ထိုအခါ မီတာရာကျော်ကြီးသည့် ဝေလငါးတစ်ကောင်ကို မြင်လိုက်ရသည်။
"ကြီးလိုက်တဲ့ငါးကြီး"
ချီရှောက်ရုန် ရေရွတ်လိုက်သည်။
ကျွင်းဟောင်က ထိုအကောင်ကို ကြည့်သည်။ ထိုအကောင်က အဝေးမှ ခပ်မြန်မြန် ကူးခတ်လာ၏။
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်လိုက်သည်။
"မင်းသူနဲ့ ဆက်သွယ်လို့ရတယ်လား"
ကျွင်းဟောင်က ခေါင်းညိတသည်။
"ဒါက ယာယီအားဖြင့် ဆက်သွယ်ထားတဲ့ ဆက်ဆံရေးမျိုးပါပဲ"
ချီရှောက်ရုန်"..."
ကျွင်းဟောင်က တကယ်အသုံးဝင်တာပဲ။
ပင်လယ်သားရဲအနည်းငယ်နဲ့သာ ဆက်သွယ်နိုင်မယ်ဆိုရင် သူတို့လိုချင်တဲ့ သတင်းအချက်အလက်တွေအားလုံးကို ယူလို့ရပြီ။ နောက်ပြီး သူတို့လိုချင်နေတဲ့ အဲဒီ ရေညှိကိုလည်း အဆင်ပြေသွားပြီ။
...