Part 240

1.5K 192 0
                                    

240 01

အပိုင်း ၂၄၀

ဟိုင်လင်းက ပိုင်လျှိုယွန်၏ စူးရှသော အကြည့်များကိုကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။

"မစိုးရိမ်နဲ့၊ မင်း အခု အရမ်းအားနည်းနေလို့ ခွန်အားတွေ ပြန်ရပြီဆိုရင် ခြေထောက်ကို ပြန်ပြောင်းလို့ရပြီ"

ပိုင်လျှိုယွန်က မျက်မှောင်ကြုတ်ကာ မကျေမနပ်ပြောလိုက်သည်။

"အားနည်းတယ်၊ ငါက ဘယ်လိုအားနည်းမှာလဲ။ ငါက အရမ်းစွမ်းအားကြီးတယ်၊ မင်း မြင်လား ငါက ကောင်းကင်က နတ်ဘုရားလိုပဲလေ ဟားဟားဟား"

ဟိုင်လင်းမှာ ခေါင်းညိတ်လိုက်ပြီး အလိုက်အထိုက် ပြောပေးလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် မင်းကအတော်ဆုံးပဲ"

ပိုင်လျှိုယွန် မကျေမနပ် နှာခေါင်းရှုံ့လိုက်၏။ နှမြောစရာကောင်းသည်မှာ သူ၏မူလပုံသဏ္ဌာန်သို့ ပြန်မပြောင်းနိုင်ဘဲ အားလုံးသော ရန်သူများကို သတ်ဖြတ်ရန် အသုံးပြုခဲ့ရသည်။

ပိုင်လျှိုယွန်မှာ ဟိုင်လင်း၏ ကျောပေါ်တွင်သာ ရှိနေသေးသည်။ သူက ချီရှောက်ရုန်ကို ကြည့်ကာမေးလိုက်၏။

"ကျွန်တော်တို့ အခု ဘယ်သွားကြမှာလဲ သခင်လေး"

"ထွက်ပေါက်ကို ရှာမလို့လေ" ချီရှောက်ရုန်က ပြန်ဖြေသည်။

"သခင်လေး မရှာနိုင်ဘူးလား"

ချီရှောက်ရုန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဖြည်းဖြည်းချင်းပဲ ရှာကြတာပေါ့"

...

ချီရှောက်ရုန်တို့က ထိုသေဆုံးခြင်း နတ်ဘုရားနယ်မြေတွင် ဆယ်ရက်ခန့် အချိန်ဖြုန်းပြီးသည့် တိုင်အောင် ထွက်ပေါက်ကို ရှာမတွေ့ခဲ့ပေ။ သို့သော် ထိုနယ်မြေမှ မကောင်းဆိုးဝါး သားရဲများနှင့် ဆက်တိုက် တွေ့ကြုံခဲ့သည်။

ကံကောင်းစွာဖြင့် ချီရှောက်ရုန်က အလင်းနှင့်အမှောင် ကျောက်တုံးကို ရရှိခဲ့ပြီးသည့် နောက်တွင် သူ၏စွမ်းအားက တိုးတက်လာခဲ့သည်။ ပိုင်လျှိုယွန်ကလည်း သက်သာလာခဲ့၏။ သူတို့အားလုံး အတူပေါင်းလိုက်သည့်အခါ ထိုမှော်သားရဲများက ပြဿနာမရှိတော့ပေ။ ပိုင်လျှိုယွန်၏ ကိုယ်ပိုင်ခွန်အားသည် သန်မာခြင်း မရှိသည့်တိုင်အောင် သူ့တွင် အကူအညီလက်နက် ရှိနေသည်။ ထို့ကြောင့် အင်အားကြီးသည့်ဘက်ပိုင်းမှ ၀င်ပါနိုင်သည်။ သို့သော် ပိုင်လျှိုယွန်က ထိုခရင်းခွကို သုံးသည့်အချိန်တိုင်း သူ တစ်ခဏကြာ အားနည်းသွားလေ့ရှိသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now