Part 299

570 66 0
                                    


အပိုင်း၂၉၉


ကျွင်းဟောင်က ပြောသည်။

"ကျော့ယွန်ဖေးက မင်းကို ဘယ်လိုများ ဂရုစိုက်နေတာလဲ"

ကျော့ယွန်ဖေးက တံခါးနားကို ကပ်လာချိန်တွင် ထိုစကားကို ကြားလိုက်ရခြင်း ဖြစ်သည်။ ချီဟန်က ကျော့ယွန်ဖေးကို ကြည့်ကာ ပြုံးပြီး ပြောလိုက်၏။

"ဒါက ယွန်ဖေးနဲ့ မဆိုင်ပါဘူး"

"ဘယ်သူက မင်းကို ဒဏ်ရာရအောင် လုပ်သွားတာလဲ"

ချီရှောက်ရုန်က မေးသည်။

ချီဟန်က ပြုံးကာ ပြော၏။

"ဒါက ကျွင်းလန်ယွဲ့ရဲ့ အဒေါ်ပါ။ သူမရဲ့ ပါရမီနဲ့ အဲဒီအမျိုးသမီးက ငယ်စဉ်ကတည်းက ကျားလန်ဂူဘုရားကျောင်းကို ဝင်ရောက်ခွင့် ရခဲ့တယ်။ အခု ကျွင်းလန်ယွဲ့က ဒုက္ခရောက်စေတယ်ဆိုတော့ ယွန်ဖေးက အဲဒီမိန်းမကို သင်ခန်းစာ ပေးလိုက်ပါတယ်"

ချီရှောက်ရုန်က ချီဟန်ကို ကြည့်သည်။ သူက ပြောလိုက်၏။

"ကျားလန် ဂူဘုရားကျောင်း ဟုတ်လား၊ အဲဒါက ဘာလဲ"

"ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုပါပဲ။ အရမ်း စွမ်းအားကြီးတယ်။ တိုင်းပြည် အနှံ့က ပါရမီရှင်တွေကို ရွေးချယ်ပြီး စုစည်းထားတာလေ"

ကျော့ယွန်ဖေးက ဝင်လာရင်း ပြောသည်။

"ဆိုတော့ ကျားလန် ဂူဘုရားကျောင်းက လူတွေက တော်တော် အမြင်ကျဉ်းမြောင်းတာပဲ။ ကျားလန်ယွဲ့ရဲ့ ဒေါ်လေးက ကျော့ယွန်ဖေးကြောင့် ဒဏ်ရာပြင်းပြင်း ထန်ထန် ရသွားပြီ။ သူမ သေချာပေါက် ကျော့ယွန်ဖေးကို ပြဿနာ လာရှာလိမ့်မယ်"

ချီဟန်က စိုးရိမ်သွားသည်။

ချီရှောက်ရုန်က မကျေမနပ် ဖြစ်သွားကာ ပြော၏။

"အဲဒီမိန်းမ မှန်တာ မှားတာက ဘာအရေးကြီးလဲ။ အဲဒီဘုရားကျောင်းက သူတွေက အလကားနေရင် ပြဿနာရှာဖို့ပဲ လုပ်ရဲသေးတယ်"

"ဒီလောကက သူတွေက သူတို့သာ သူတို့အချင်းချင်း ဒုက္ခရောက်အောင် လုပ်ချင်လုပ်မယ် သူတို့လူတွေကို အခြားသူတွေ လာထိတာကိုတော့ မကြိုက်ကြဘူးလေ"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Wo Geschichten leben. Entdecke jetzt